top of page
  • Facebook
  • YouTube

Add a Title

ဇလာတန်စောင့်နေခဲ့ရတဲ့ ၄နှစ်တာရန်ငြိုး


ဇလာတန်ကတော့ ဇလာတန်ပါပဲ။ ကစားသမားဘ၀မှာ ပြောင်မြောက်တဲ့ စကားလုံးတွေ တွင်တွင်ပြောပြီး ပရိသတ်တွေဆီက အာရုံစိုက်မှုကို ရယူခဲ့တဲ့ ဇလာတန်က သူနဲ့အသင်းဖော်လည်းဖြစ်ခဲ့ဖူး၊ ပြိုင်ဘက်လည်းဖြစ်ခဲ့ဖူးတဲ့ မာတာရာဇီကို သူ လက်စားချေခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့တာပါ။


"မာတာရာဇီက ရင်ဆိုင်ရခက်တဲ့ ကစားသမားပါ၊ ဒါပေမယ့် နောက်ခံလူတွေကို ရင်ဆိုင်တဲ့အခါမှာ မတူကွဲပြားတာတွေရှိတယ်ဗျ၊ မာတာရာဇီက ပြိုင်ဘက်ကို နာကျင်စေဖို့ရည်ရွယ်တယ်၊ မာဒီနီဆိုလည်း ရင်ဆိုင်ရခက်တာပဲဗျ၊ သူကျတော့လည်း မတူညီတဲ့ပုံစံနဲ့ ရင်ဆိုင်ရခက်တာပါ၊ ဂျူဗီနဲ့ အင်တာမီလန်တို့ ကစားခဲ့တဲ့ပွဲမှာ မာတာရာဇီက ကျနော့်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်၊ ကျနော်တော်တော်လေးနာသွားခဲ့တာ"


"ကွင်းဘေးမှာ ဆေးကုနေတုန်း ကာပယ်လိုက ကျနော့်ကို လူစားလဲမယ်ပြောတယ်၊ ရတယ်၊ ကျနော်ဆက်ကစားမယ်ဆိုပြီးတော့ ပြောလိုက်တယ်၊ ကျနော် ပြန်ပြီးလက်စားချေဖို့ကို ဇောကပ်နေပြီ၊ ဒါပေမယ့် ကွင်းထဲဝင်ပြီး ၂ မိနစ်လောက်နေတော့ ကျနော်မရတော့ဘူး၊

လူစားလဲလိုက်ရတယ်၊ အဲဒီနောက် ကျနော် အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်တို့ကို ပြောင်းရွှေ့ခဲ့တယ်"


" ၄နှစ်အကြာမှာ ကျနော် အေစီကစားသမားအဖြစ်နဲ့ အင်တာကို ရင်ဆိုင်ရချိန်မှာ မာတာရာဇီနဲ့ ပြန်တွေ့တယ်၊ ပထမပိုင်းမှာ ကျနော်တို့ ပင်နယ်တီရခဲ့တယ်၊ ကျနော့်ကို ဘယ်သူက လုပ်ခဲ့တာလဲဆိုတော့ မာတာရာဇီပဲ၊ ကျနော်သွင်းပြီး ၁-၀ နဲ့ နိုင်နေတာ၊ ဒုတိယပိုင်းကျတော့ ကျနော် တိုက်ကွမ်ဒိုကန်ချက်နဲ့ သူ့ကိုဝင်ကန်ပြီး ဆေးရုံပါပို့ပေးလိုက်တယ်၊ စတန်ကိုဗစ်က ကျနော့်ကို လာမေးတယ်၊ မင်း ဘာလို့ ဒီလိုလုပ်တာလဲတဲ့"


"ငါ ဒီအခွင့်အရေးရဖို့ကို စောင့်နေခဲ့ရတာ ၄ နှစ်ရှိသွားပြီလို့ ပြောပြီး ထွက်လာခဲ့လိုက်တယ်၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာမှာပဲလေဗျာ"


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page