ယူရို ၂၀၁၆ ဗိုလ်လုပွဲက အခုဆိုရင် ၆ နှစ်အထိ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အကြောင်းအကျိုးတိုက်ဆိုင်တိုင်းမှာ ဗိုလ်လုပွဲက အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေက လတ်ဆတ်သစ်လွင်နေဆဲပါ။ ရော်နယ်ဒိုရဲ့ ဒဏ်ရာရရှိမှု၊ ဆက်မကစားနိုင်တော့မှု၊ ကွင်းဘေးနားမှာ နည်းပြနဲ့အပြိုင် အသင်းဖော်တွေကို ညွှန်ကြားခဲ့တာတွေက ထင်ရှားတဲ့ ဖြစ်ရပ်တွေပါ။ အဲဒီနည်းတူ ကွင်းထဲမှာ ဘာတွေဖြစ်ခဲ့လဲ၊ ကွင်းဘေးမှာဖြစ်ခဲ့တဲ့အရာတွေကလည်း စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ အဲဒီပွဲတုန်းက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပေါ်တူဂီကစားသမားတွေ ဘာတွေပြောခဲ့လဲဆိုတာကို အမှတ်တရအနေနဲ့ ပြန်လည်စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
ရော်နယ်ဒိုဒဏ်ရာရပြီး လူစားလဲရတော့မယ့် အခိုက်အတန့်နဲ့ပတ်သက်ပြီး နာနီက အခုလို ပြန်ဖွင့်ဟခဲ့ဖူးပါတယ်။
" မင်း နည်းနည်းလောက် ကြိုးစားလို့မရဘူးလားလို့မေးတော့ သူ ငိုရောဗျာ"၊
"ငါ မရတော့ဘူး ဘရိုတဲ့၊ ငါ ဆက်မကန်နိုင်တော့ဘူးဆိုပြီး သူ ပြောတယ်"
အဲတော့ ကျနော်က "မစိုးရိမ်ပါနဲ့ကွာ၊ မင်းအတွက် ငါတို့ အနိုင်ကစားမှာပါ၊ ငါ့ကိုယုံပါ" လို့ ပြောလိုက်တယ်။
ပြီးတော့ သူက အသင်းခေါင်းဆောင်လက်ပတ်ကို ကျနော့်ဆီပေးချိန်မှာ ကျနော် အကုန်လုံးကြားအောင် အော်ပြောပစ်လိုက်တယ်။
"ငါတို့အနိုင်ရဖို့လိုတယ်၊ ငါတို့အနိုင်ရဖို့ လိုအပ်နေပြီ"
______________________________________
"ယူရိုဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာက ကျနော့်အတွက် တကယ်ကိုကြီးမားတဲ့ အခိုက်အတန့်ပါပဲ၊ ဒါပေမယ့် ကျနော် ဂုဏ်အယူရဆုံးအခိုက်အတန့်ကတော့ အိမ်ပြန်ရောက်ချိန်မှာ အသင်းကို ကျနော်ဦးဆောင်ပြီးတော့ ပရိသတ်တွေရှေ့မှာ ဆုဖလားနဲ့အတူ ကျနော့်ကို သွားခိုင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့ ခွင့်ပြုပေးခဲ့မှုပါ၊ ကျနော် တကယ်ကို ဂုဏ်ယူမိခဲ့ရပါတယ်"
- အီဒါ
_____________________________________
"ယူရိုဗိုလ်လုပွဲမှာ အသင်းဆရာဝန်ကို ဘာမှမပြောပါနဲ့ဆိုပြီး ကျနော်ပြောခဲ့တယ်၊ ငါ ဆက်ကစားနိုင်သေးတယ်ဆိုတာကိုပဲ နည်းပြကို ပြောပေးပါလို့ တောင်းဆိုခဲ့တယ်၊ နာကျင်မှုက အရမ်းပြင်းထန်ခဲ့ပေမယ့် ကျနော် ဆက်ကစားချင်နေခဲ့တယ်၊ ၃ ခါလောက်အထိ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကျနော် ဘယ်လိုမှမရတော့ဘူး၊ ဒါက ကျနော့်ကစားသမားဘ၀မှာ အနာကျင်ဆုံးအချိန်ပဲ၊ ဒါကြောင့်လည်း ကျနော်ငိုခဲ့တာပါ"
- ရော်နယ်ဒို
___________________________________
"ကျနော့်ကို လူစားလဲတော့မယ့်အချိန်မှာ ရော်နယ်ဒိုက မင်း အနိုင်ဂိုးသွင်းနိုင်ရမယ်ဆိုပြီး ပြောခဲ့တယ်၊ အသင်းဖော်တွေအားလုံးကလည်း ပြောခဲ့ကြပါတယ်၊ ရော်နယ်ဒိုက ကျနော့်ကို စိတ်ခွန်အားအများကြီးပေးခဲ့ပြီးတော့ ကွင်းထဲမှာ ကျနော်စွမ်းအင်ပိုထုတ်နိုင်အောင် သူလုပ်ခဲ့တာပါ၊ ဒီဂိုးက အရမ်းအရေးကြီးခဲ့ပါတယ်"
- အီဒါ
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕