top of page
  • Facebook
  • YouTube

Add a Title

အကောင်းဆုံးမွေးနေ့လက်ဆောင် ရခဲ့တဲ့ ရီနာတိုဆန်းချက်စ်

ရီနာတိုဆန်းချက်စ်က တခြားကွင်းလယ်လူတွေနဲ့ မတူဘူး။ ကွင်းလယ်နေရာစုံမှာကစားနိုင်တယ်၊ ခံစစ်၊ တိုက်စစ်၊ ကွင်းလယ်နဲ့ wide areas တွေမှာ သက်တောင့်သက်သာကစားနိုင်တဲ့သူ။ ခန္ဓာကိုယ်တည်ဆောက်ပုံပိုင်းကောင်းတယ်၊ passing တွေ

ထွက်တယ်၊ အမြင်လည်းရှိတယ်၊ အဂ္ဂါဒေးဗစ်လို ဆံပင်စတိုင်နဲ့ သူ့ကို ပရိသတ်တွေ သဘောကျခဲ့ဖူးတာပေါ့။

ယူရို ၂၀၁၆ မှာ သူ့ကို တော်တော်များများသတိထားမိခဲ့တာပါ။ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ရုန်းကစားတာ၊ တိုးကစားတာတွေ အရမ်းကောင်းခဲ့တာကိုး။ ဘိုင်ယန်က သူ့ကို လက်ဦးမှုယူဖို့ ပေါင် ၃၅ သန်းတောင်ပေးခဲ့တာ။ အသင်းကြီးတော်တော်များများနဲ့

သတင်းထွက်ခဲ့သေးတယ်။

ဘင်ဖီကာကနေ ဘိုင်ယန်ကိုပြောင်းတော့ သူ့ ကစားသမားဘဝ တိုးတက်ပြီထင်ခဲ့ကြတာ။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘူး၊ ဆွမ်ဆီးကို အငှားသွားကစား၊ အဲဒီကနေမှ လိုင်လီကိုပြောင်း၊ လိုင်လီနဲ့ လီဂူးအမှတ်ပေးဖလားရတယ်။ အခု ပီအက်စ်ဂျီနည်းပြ

ဂဲလ်တီယာနဲ့ လိုင်လီမှာ လက်တွဲခဲ့တာ။ ဂဲလ်တီယာက သူ့တပည့်ဟောင်းကို အခု ပြန်ခေါ်လိုက်ပါပြီ။ လိုင်လီမှာ သူ့ကို ဂဲလ်တီယာက ၄-၂-၃-၁ ဆို double pivot နေရာထားကစားတယ်၊ ၄-၄-၂ ဆို full backs တွေကို ကူဖို့ ခံစစ်ကိုအားပြုပေးရတယ်။

အခုတော့ သူက ပီအက်စ်ဂျီအတွက် ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တယ်။ မောင့်ပယ်လီယာနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။ မက်ဆီနဲ့လည်း အသင်းဖော်တွေဖြစ်လာပြီး ရော်နယ်ဒို၊ မက်ဆီတို့ နှစ်ဦးစလုံးနဲ့ တွဲကစားဖူးတဲ့ ကစားသမားတွေထဲက တဦးဖြစ်

လာခဲ့ပါပြီ။ တချိန်က အောင်မြင်ခဲ့မယ်လို့ ယူဆခဲ့ရတဲ့ ဆန်းချက်စ်က မထင်မှတ်ဘဲ နိမ့်ပါးသွားခဲ့ပေမယ့် အခုတော့ ဆရာဟောင်းဂဲလ်တီယာလက်အောက်မှာ ပြန်တောက်ပလာဖို့ရှိနေပါပြီ။

ဒီနေ့ကတော့ သူ့ရဲ့ အသက် ၂၄ နှစ်ပြည့်မွေးနေ့ပါ။ ဆန်းချက်စ်အတွက် အကောင်းဆုံးလက်ဆောင်ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်ခဲ့တာ၊ ဂိုးသွင်းပေးနိုင်ထားတာတွေဖြစ်ပါလိမ့်မယ်။ သူ့မွေးနေ့မတိုင်ခင် ပြင်သစ်ရဲ့ အကောင်းဆုံးအသင်းကို ပြောင်းနိုင်ခဲ့တယ်။

ဂိုးလည်းရခဲ့တယ်။ ဒီထက်ကောင်းတဲ့ မွေးနေ့လက်ဆောင်မျိုး သူ ဘယ်တော့မှ ရနိုင်မှာမဟုတ်တော့ပါဘူး။



bottom of page