top of page
  • Facebook
  • YouTube

Add a Title

ချူဟာမန်နီရဲ့ ရဲရဲတောက်စကားလုံးတွေအောက်မှာ



ယူရိုသန်း ၁၀၀ နဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးတဲ့နောက်မှာ ချူအာမန်နီက ဘာနေဗျူးသမိုင်းမှာ တတိယမြောက်စျေးအကြီးဆုံးကစားသမားဖြစ်လာပါတယ်။ သူ့ရှေ့မှာ ယူရို ၁၁၅ သန်းနဲ့ ဟာဇက်၊ ယူရို ၁၀၁ သန်းနဲ့ ဘေးလ်တို့ပဲ ရှိပါတော့တယ်။ မိုနာကိုအတွက် ခြေစွမ်းပြခဲ့တဲ့ ဒီပြင်သစ်သားက အသက် ၂၂ နှစ်ပဲရှိသေးပြီး ကွင်းလယ်ခံစစ်ကစားသမားတဦးအတွက် ရီးရဲလ်က များပြားလှငွေကြေးကို အသုံးပြုခဲ့တာပါ။ တိုနီခရူးစ်၊ မိုဒရစ်နဲ့ ကက်စ်မဲရိုးတို့နေရာမှာ အစားထိုးဖို့ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ကာမာဗင်ဂါ၊ အခု ချူအာမန်နီတို့ကို ခေါ်ယူပြီး တနှစ်ချင်းစီကို ပြင်ဆင်လာခဲ့တာပါ။


မနေ့က ချူအာမန်နီကို မိတ်ဆက်ပွဲလုပ်ခဲ့ပါတယ်။ ပြင်သစ်နဲ့ နေးရှင်းလိဂ်ပွဲတွေကစားအပြီး အပြောင်းအရွှေ့ကို မြန်မြန်အဆုံးသတ်၊ ပရိသတ်နဲ့ မြန်မြန်မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်တယ်။ မိတ်ဆက်သတင်းစာရှင်းလင်းပွဲမှာ ချူအာမန်နီက ပရိသတ်တွေဘဝင်ကျစေမ့်

စကားလုံးတွေကို တွင်တွင်သုံးပြောဆိုခဲ့တာက လူငယ်ကစားသမားတဦးလို့တောင် မထင်ရပါဘူး။ သူ့ရဲ့ ရဲရဲတောက်စကားလုံးတွေက ရီးရဲလ်ပရိသတ်တွေရဲ့ ရင်ဘတ်ထဲစီးဝင်ပြီး အားလုံးကို အရည်ပျော်ကျစေခဲ့ပါတယ်။


"ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် come backs တွေကို တွေ့ခဲ့တဲ့နောက်မှာ ကျနော့်အေးဂျင့်ဆီကို မက်ဆေ့ချ်ပို့ခဲ့တယ်၊ ငါ့ကို အဲဒီကို ပို့ပေးဖို့အတွက် ဘာမဆိုလုပ်ပေးတော့ကွာဆိုပြီးတော့ပေါ့"


" ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဖို့အတွက် ငါတို့ဘာမဆိုလုပ်ကြမယ်ဆိုပြီး နောက်တခါ ကျနော်ထပ်ပြီးတော့ သူ့ကို မက်ဆေ့ချ်ပို့ခဲ့တယ်"


"တခြားအသင်းတွေမှာဆိုရင် ကျနော်ပွဲထွက်ခွင့်ပိုရဖို့ အာမခံချက်ရှိပေမယ့်လည်း ရီးရဲလ်နဲ့စာချုပ်ချုပ်တာက စိန်ခေါ်မှုတခုပါပဲ"


"အသင်းဥက္ကဌကို ဆုဖလားခန်းထပ်ချဲ့ထားဖို့ ကျနော်ပြောခဲ့တယ်၊ ဘာလို့လဲဆိုတော့ ချန်ပီယံဆုတွေထပ်ယူရဦးမှာလေ"


"ဘောလုံးသမိုင်းမှာ ကျနော့်အမှတ်အသားတွေထားခဲ့ပြီးတော့ ထွက်ခွာသွားချင်တယ်၊ ဒါကို ရီးရဲလ်မက်ဒရစ်လို ကမ္ဘာ့အကောင်းဆုံးအသင်းမှာပဲ လုပ်နိုင်မှာပါ"


ဒါတွေက သူ ပြောခဲ့တာတွေပါ။ ကာမင်ဗင်ဂါ၊ ဗင်နီရှပ်၊ ရိုဒရိုင်ဂိုတို့ကို ဝယ်ယူခဲ့ပြီး အသင်းအတွက် အကျိုးရှိစေမယ့် အပြောင်းအရွှေ့တွေကို ပီရက်ဇ်က ဖန်တီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဲဒီ လူငယ်ကစားသမားတွေက ခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား

ဆွတ်ခူးအောင် ကူညီနိုင်ခဲ့လို့ ပီရက်ဇ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ပရိသတ်တွေ ယုံကြည်နေပါပြီ။ ချူအာမန်နီကလည်း ဒီလိုဖြစ်လာမယ်လို့ သူတို့မျှော်လင့်နေပါတယ်။ ကစားသမားဆီက ရဲရဲတောက်စကားလုံးတွေ ကြားပြီးနောက်မှာတော့ သူတို့ရဲ့

မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေက အဆုံးအစမရှိတဲ့ မိုးသားတွေလိုတောင် ဖြစ်လာနိုင်ပါတယ်။


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်


🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။


⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။


♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။


👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page