top of page
  • Facebook
  • YouTube

Add a Title

ဒီတခါတော့ရော်နယ်ဒို ငြိမ်ငြိမ်လေးထိုင်ရတော့မယ်


ယူရို ၂၀၁၆ ဗိုလ်လုပွဲကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒဏ်ရာရလို့ လူစားလဲခံခဲ့ရတဲ့ ရော်နယ်ဒိုက ကွင်းဘေးနားမှာ နည်းပြနဲ့အပြိုင် အသင်းဖော်တွေကို ညွှန်ကြားနေခဲ့တဲ့ မြင်ကွင်းက အခုထိကို ရှင်သန်နေဆဲပါ။ သူ့ရဲ့ စိတ်ဓာတ်ပြင်းပြမှုကို ချီးကျူးသူတွေ ရှိနေခဲ့သလို နည်းပြအလုပ်ကို စွက်ဖက်တာ၊အနှောင့်အယှက်ပေးတာလို့ စွပ်စွဲခဲ့သူတွေလည်း မနည်းလှပါဘူး။


ဒါပေမယ့် ပြင်သစ်ကို အနိုင်ရဗိုလ်စွဲခဲ့လို့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က ချီးကျူးမှုတွေနဲ့သာ ပြည့်နှက်နေခဲ့ပြီး မကောင်းမြင်မှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ အခုတော့ ဒီအပြုအမူနဲ့ပတ်သက်ပြီိး ပေါ်တူဂီနည်းပြဆန်းတို့စ်က ပြောဆိုလိုက်ပါပြီ။ နောက်တခါတော့ ရော်နယ်ဒို အခွင့်အရေးရတော့မှာမဟုတ်တော့ပါဘူး။


"ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဒီလိုထပ်ဖြစ်မယ်ဆိုရင်တော့ ကျနော် သူ့ကို ထိုင်နေဖို့ကို ပြောမှာပါ၊ နည်းစနစ်ဧရိယာကနေ မတူညီတဲ့ ညွှန်ကြားမှုနှစ်ခုက ကမ္ဘာ့ဖလားပြိုင်ပွဲတခုမှာဆို ကျနော်တို့ကိုအနိုင်ရစေတာ ဒါမှမဟုတ် တန်ဖိုးပေးဆပ်လိုက်ရတာမျိုး ဖြစ်ပါလိမ့်မယ်၊ တကယ်လို့ ကျနော်တို့အနိုင်ရရင် လူတိုင်းက သူ ကျနော့်ဘေးမှာရှိနေတာကို ပျော်ရွှင်နေမှာပဲ၊ ကျနော်တို့ရှုံးခဲ့ရင်တော့ အရင်ဆုံးက ကျနော့်နာမည်ကိုခေါ်ပြီး အလုပ်ထုတ်ခံရမှာပါ၊ ဒီလိုမျိုးပဲ လုပ်နေကြတာမဟုတ်လား၊ ကံကောင်းတာကတော့ နောက်ဆုံးအကြိမ်တုန်းက ကျနော်တို့ အနိုင်ရခဲ့တာပါ၊သူက အားကစားမှာ တော်တော်လေးစိတ်ဓာတ်ပြင်းပြသူပါ၊ သူ ဘေးထွက်နေရရင်တောင်မှပေါ့"


ဖာနန်ဒိုဆန်းတို့စ်ပြောတာမှန်ပါတယ်။ ရလဒ်မကောင်းရင် သူအရင်ဆုံး အပြစ်ပြောခံရပြီး အထုတ်ခံရမှာပါ။တဖက်မှာ ရော်နယ်ဒိုဖြစ်နေလေတော့ သူ့မှာလည်း မပြောသာဘူးက ဖြစ်နေပါတယ်။ နိုင်ရင်ပြသနာမရှိပေမယ့် ရှုံးရင် သူ ခေါင်းခံရမယ်ဆိုတာကလည်း အမှန်ပါပဲ။ သူ့စကားအတိုင်းဆို ရော်နယ်ဒိုကို နောက်တခါ နည်းစနစ်ဧရိယာထဲ တွေ့ရတော့မှာမဟုတ်တော့ပါဘူး။

🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်


🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။


⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။


♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။


👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page