top of page
  • Facebook
  • YouTube

Add a Title

တန်ဟက်ဂျ်ကို စောင့်ကြိုနေတဲ့ မရဏလမ်း


လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားတွေကတော့ ထွက်ပေါ်လာပါပြီ။ ထုံးစံအတိုင်း ဩဂုတ်လအစောပိုင်းမှာ စမယ်။ ဆက်တိုက်ဆိုသလိုပဲ ကစားကြမှာဖြစ်ပြီးတော့ ပရိသတ်တွေကို ပြီးခဲ့တဲ့ရာသီကနဲ့ မတူတဲ့ ရသတွေ၊ ခံစားမှုတွေ၊ အဖြစ်အပျက်တွေ၊

အခိုက်အတန့်တွေကို ပေးစွမ်းတော့မှာပါ။ ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာမှုနဲ့အတူ အားလုံးရဲ့ အာရုံစိုက်မှုကို ရလိုက်တာကလည်း ယူနိုက်တက်နည်းပြသစ် တန်ဟက်ဂျ်ပါပဲ။ ယူနိုက်တက်နည်းပြသစ်အဖြစ် သူ ရောက်လာပြီးချိန်မှာ အသင်းကနေ ကစားသမားတွေ အများအပြားထွက်ခွာသွားကြပါပြီ။ မာတာ၊ မာတစ်၊ ပေါ့ဂ်ဘာ၊ လီဂရန့်တို့အပါအဝင် နောက်ထပ် လေးငါးခြောက်ဦးလောက်ရှိပါဦးမယ်။


ဒါပေမယ့် ကစားသမားသစ်တော့ အခုချိန်ထိ သူတို့မဝယ်ရသေးပါဘူး။ ဒီဂျောင်ကိုလိုက်နေတယ်၊ ဟိုလူ့ကို ဆက်သွယ်နေတယ်၊ ဒီလူ့ကို ကမ်းလှမ်းနေတယ်၊ အေးဂျင့်ဆီဖုန်းဆက်နေတယ်နဲ့ပဲ ရာသီသစ်အတွက် ပွဲစဉ်တွေတောင်ထွက်လာပါပြီ။ ပွဲစဉ်ဇယားကိုကြည့်မယ်ဆိုရင်

တန်ဟက်ဂျ်က အောက်တိုဘာလမကုန်ခင်အချိန်အတွင်းမှာပဲ ထိပ်သီးအသင်းအားလုံးနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဩဂုတ်လ ၂၀ ရက်နေ့မှာ လီဗာပူးလ်၊ စက်တင်ဘာ ၃ ရက်နေ့မှာ အာဆင်နယ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ မန်စီးတီး၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ စပါး၊

အောက်တိုဘာ ၂၂ ရက်နေ့မှာ ချယ်လ်ဆီးတို့နဲ့ ကစားရမှာပါ။


ဒါက တန်ဟက်ဂျ်အတွက်တော့ မရဏလမ်းတွေပါပဲ။ အထွက်စာရင်းပဲရှိနေပြီး အဝင်စာရင်းမရှိသေးတဲ့အသင်း၊ နယ်မြေသစ်၊ လိဂ်အသစ်၊ စိန်ခေါ်မှုကြီးမားလွန်းတဲ့ ယူနိုက်တက်နည်းပြထိုင်ခုံနေရာတွေက သူ့ကို ဖိအားတွေပေးနေချိန်မှာ ပွဲစဉ်ဇယားကပါ မြွေပူရာကင်းမှောင့်ဆိုသလို သူ့ကို ကလူကျီစယ်လိုက်တာပါပဲ။ သူ့ရဲ့ အရည်အသွေးကို မှတ်ကျောက်တင်မယ့် နေ့ရက်တွေလည်းဖြစ်ပါတယ်။ အေဂျက်ဇ်မှာ သူ လုပ်ပြခဲ့တာတွေက အထင်ကြိးစရာတွေ၊ ချီးကျူးစရာတွေပါ။ ဒါပေမယ့် ဟော်လန်လိဂ်နဲ့ ပရီးမီးယားလိဂ်က အနအေထားချင်းအများကြီးကွာပါတယ်။ ဒါကို သူလည်း ကောင်းကောင်းသိပြီးသားပါ။ ဒါပေမယ့် သိတော့သိတယ်၊ ဘာမှမတတ်နိုင်ရင် လက်မြှောက်ရတယ်ဆိုတာကို နာမည်ကြီးနည်းပြတွေက သူရှေ့မှာ သက်သေပြထားတာတွေ အများကြီးပါ။


ကြားရတဲ့သတင်းတွေအရတော့ တန်ဟက်က လူဝယ်ဖို့အသာထား၊ ကွင်းမြက်ခင်းကို တိုဖို့တောင်မှ အသင်းဝန်ထမ်းတွေနဲ့ ညှိမရဖြစ်နေပါတယ်။ သူ ဟော်လန်မှာ သူ့ကစားကွက်နဲ့ အဆင်ပြေမယ့် မြက်ခင်းအနေအထားကို ဖန်တီးရယူခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ မြက်ခင်းက ၀.၅ စင်တီမီတာလောက်ရှည်နေပြီး သူက ရိတ်ပစ်ဖို့အတွက် ပြေထားပေမယ့် အသင်းဝန်ထမ်းတွေက အင်္ဂလန်ရဲ့ မိုးနဲ့ ဆောင်းရာသီကြောင့် အခက်တွေ့မယ်ဆိုပြီးတော့ စောဒကတက်နေပါတယ်။ ဒီလိုတွေကအစ တန်ဟက်ဂျ်အတွက်က အခက်အခဲတွေ

ရှိနေတယ်ဆိုတာကို သိစေချင်တာပါ။


အခုတော့ သူ့ကိုစိန်ခေါ်နေတဲ့ ပွဲစဉ်ဇယားအတွက် တန်ဟက်ဂျ်ပြင်ဆင်ရ၊ အားထုတ်ရပါတော့မယ်။ သူ ဘယ်လောက်ထိလုပ်နိုင်မှာလဲ။ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့..။


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕


bottom of page