top of page
  • Facebook
  • YouTube

Add a Title

သတိ ဒီနေ့ညပေါ်တူဂီမှာ ရော်နယ်ဒိုမပါပါ။


ဆွစ်ဇာလန်နဲ့ကစားမယ့် နေးရှင်းလိဂ်ပွဲမှာ အသင်းခေါင်းဆောင်ရော်နယ်ဒိုပါဝင်မှာမဟုတ်ဘူးလို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က အတည်ပြုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအပြင် အခြားကစားသမား ၂ဦးလည်း

အသင်းနဲ့အတူ လိုက်ပါမှာမဟုတ်ဘဲ ချန်ထားရစ်ခဲ့မယ်လို့ ဆန်းတို့စ်က ဆိုပါတယ်။


စပိန်၊ ဆွစ်ဇာလန်၊ ချက်တို့နဲ့ ရင်ဆိုင်အပြီးမှာ စပိန်က အဝေးကွင်းပွဲအဖြစ် ဆွစ်ဇာလန်မှာ သွားကစားရမှာပါ။ ရော်နယ်ဒိုကို အနားပေးခဲ့တာက ဒဏ်ရာပြသနာကြောင့်မဟုတ်ဘဲ မလိုအပ်တာကြောင့်သာဖြစ်တယ်လို့လည်း သူက ဖြေရှင်းခဲ့ပါတယ်။ "ဘာဒဏ်ရာ

ပြသနာကြောင့်မှမဟုတ်ပါဘူး၊ ပုံမှန်အတိုင်း စီမံခန့်ခွဲမှုတခုပါ၊ ကစားသမား ၂၃ ယောက်ပဲ စာရင်းသွင်းခွင့်ရှိချိန်မှာ ၂၆ ယောက်လိုခေါ်သွားတာက အဓိပ္ပာယ်မရှိဘူးလေ၊ ဒါကြောင့် ကစားသမားတချို့ကို ချန်လှပ်ခဲ့တာပါ၊ ဒါအကြောင်းရင်းအကုန်ပါပဲ" လို့ သူက ဆိုခဲ့ပါတယ်။


ပေါ်တူဂီက အုပ်စုတွင်းမှာ ဦးဆောင်နေတာဖြစ်ပြီး ချက်နဲ့ ဆွစ်ဇာလန်ကို ဆက်တိုက်အနိုင်ယူထားတာပါ။ ရော်နယ်ဒိုနဲ့အတူ မော်တင်ဟို၊ ဂွါရဲရိုးတို့လည်းပါဝင်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၃ ပွဲမှာ ၇ ဂိုးရထားတဲ့ပေါ်တူဂီအတွက် ရော်နယ်ဒိုက ၂ ဂိုးသွင်းပေးထားသူပါ။

သူမပါဝင်တာက ပေါ်တူဂီတိုက်စစ်ကို အားနည်းစေမလားဆိုတာက စိုးရိမ်ဖွယ်ရာတော့ ရှိနေပါတယ်။


ပေါ်တူဂီကိုအားပေးချင်နေတဲ့ ပရိသတ်တွေအတွက်တော့ သတိကြီးကြီးထားရမယ့် အခြေအနေဖြစ်သွားပါပြီ။ ထုံးစံအတိုင်း ပေါ်တူဂီက အပေါ်အသင်းဖြစ်နေပြီးတော့ အဓိကတိုက်စစ်မှူးမပါဝင်တာက ဆွစ်ဇာလန်အတွက်လည်း အခွင့်အရေးဖြစ်လာနိုင်ပါတယ်။

အဝေးကွင်းမှာ ပေါ်တူဂီတို့ အိမ်ကွင်းတုန်းကလို အနိုင်ရဖို့ကတော့ ရုန်းကန်ရဖွယ်လည်းရှိနေလို့ သတိထားရမယ့် ပွဲစဉ်ပါပဲ။


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page