top of page
  • Facebook
  • YouTube

Add a Title

Special Package ​တွေ​တောင်းဆိုခဲ့တဲ့ မက်ဆီ

ဘာစီလိုနာကနေ မက်ဆီ ထွက်ခွာခဲ့တဲ့ ၂၀၂၀ မှာ အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ခဲ့ပြီး မက်ဆီက ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး ဘောလုံးလောကရဲ့

အံ့အားသင့်စရာအကောင်းဆုံးအပြောင်းအရွှေ့အဖြစ် ရှိနေခဲ့ပါတယ်။ အခုအခါမှာ စာချုပ်သစ်အတွက် မက်ဆီဘက်က တောင်းဆိုခဲ့တဲ့ အချက်အလက်တွေ ပေါက်ကြားလာခဲ့ပြီး စပိန်သတင်းစာ El Mund က ဖော်ပြခဲ့တာပါ။ ဒီအချက်အလက်တွေ ပေါက်ကြားမှု

နဲ့ ပတ်သက်ပြီး ဘာစီလိုနာကလည်း ဒေါသထွက်ခဲ့တာ မီဒီယာတွေကို တရားစွဲဖို့အထိ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။


မက်ဆီတောင်းဆိုခဲ့တဲ့အချက်တွေထဲမှာတော့ သူ့အတွက် ထိုက်တန်တယ်လို့ ယူဆရတဲ့ ခံစားခွင့်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ တောင်းဆိုမှုတွေကတော့ -


- စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ နေရာမှာ ယူရို ၁၀၀၀၀ လို့ အစားထိုးပေးရမယ်

- စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေးအနေနဲ့ ဆုကြေး ယူရို ၁၀ သန်း ပေးရမယ်

- ကိုဗစ်ကာလမှာ လစာလျှော့ယူထားတာတွေအားလုံးကို ပြန်ပေးဖို့နဲ့ ပြန်ပေးရမယ့် ပမာဏအတွက် အတိုး ၃% ပါ ထည့်ပေါင်းပေးရမယ်

- နူးကမ့်ကွင်းမှာ သူ့မိသားစုအပြင် ဆွာရက်ဇ်တို့ မိသားစုအတွက်ပါ Private Box ထားပေးရမယ်

- သူ့ရဲ့အေးဂျင့်ကိုလည်း (အေးဂျင့်က မက်ဆီအဖေ) စာချုပ်ချုပ်ဆိုမှုအတွက် ဘောနပ်စ်ပေးရမယ်

- အာဂျင်တီးနားကို သူ ပြန်ချိန်မှာ သီးသန့်လေယာဉ်စီစဉ်ပေးရမှာဖြစ်သလို ခရစ္စမတ်မှာဆိုလည်း သူ့မိသားစုအတွက် ခရီးစဉ်တွေ စီစဉ်ပေးရမယ်

- စပိန်က အခွန်တိုးကောက်ခဲ့မယ်ဆိုရင် တိုးကောက်မယ့်အခွန်ပမာဏကို အသင်းက စိုက်ပေးရမယ်


အဲဒီအချက်အလက်တွေ မှန်ကန်ကြောင်းဆိုတာကိုတော့ အတည်မပြုနိုင်သေးပေမယ့် သတင်းတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ မက်ဆီကတော့ တစုံတရာတုံ့ပြန်ထားခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက်ေ တာင်းဆိုခဲ့တဲ့

အချက်တွေထဲမှာ သိပ်ပြီးတော့ လွန်ကဲတာမျိုးမပါဝင်ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း အသင်းက လစာလျှော့ခဲ့တာတွေကို ပြန်တောင်းချိန်မှာ အတိုး ၃% အထိ တောင်းဆိုတဲ့အချက်ကတော့ အငြင်းပွားစရာဖြစ်နေပြီး မတောင်းဆိုသင့်ဘူးလို့တော့ ထင်ပါတယ်။


တခြားသော အချက်အလက်တွေကတော့ အခြားကစားသမားတွေနည်းတူ တောင်းဆိုထားတဲ့အချက်တွေအတိုင်းဖြစ်ပြီး မျှတတဲ့ တောင်းဆိုချက်လို့ ကျနော်ကတော့ ထင်ပါတယ်။ မက်ဆီက အခုလိုတောင်းဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ဒါပေမယ့် လျှို့ဝှက်ထားရမယ့်

အချက်အလက်တွေ ပေါက်ကြားခဲ့တာကတော့ ဘာကာအတွက် ဒေါသထွက်စရာဖြစ်နေတာတော့ အမှန်ပါပဲ။


bottom of page