
ဟန်ဂေရီကို အိမ်ကွင်းမှာပဲ ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆောက်ဂိတ်ကို မိုးလင်းတာနဲ့ ထွက်တော့လို့ အင်္ဂလန်ပရိသတ်တွေက အော်နေပါပြီ။ ဒါပါပဲ။ အင်္ဂလန်ရဲ့ မွဲပြာပုဆိုးဇာတ်လမ်းက ဘယ်တော့မှ ရိုးအီမသွားခဲ့ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊
၂၀၂၀ ယူရိုဖိုင်နယ်ကို ဆောက်ဂိတ်ပို့ဆောင်ပေးခဲ့ပေမယ့် နေးရှင်းလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့အပြီးမှာ သူ့ရဲ့ ပျားရည်ဆမ်းကာလတွေက ပြီးဆုံးသွားပါပြီ။ ချိုမြိန်ခြင်းတွေ ကုန်ဆုံးပြီး ခါးသက်သက်အရသာကို မြည်းစမ်းနေရပါပြီ။ ဒီအတွက် ဆောက်ဂိတ် ဘာတွေမှားခဲ့လဲဆိုရင်တော့ ပြောစရာတွေက များလွန်းပါတယ်။
ဆောက်ဂိတ်က သူ့အသင်းလူစာရင်းကို တပွဲနဲ့တပွဲမတူအောင် အသုံးပြုခဲ့ပါတယ်။ ဟယ်ရီကိန်းပါလိုက်၊ မပါလိုက်၊ ခံစစ်ပိုင်း၊ ကွင်းလယ်ပိုင်းတွေမှာလည်း တောက်လျှောက်ဆိုသလို အပြောင်းအလဲတွေလုပ်ခဲ့တာပါ။ အခုမှ လက်ရွေးစင်အသင်းကြီးကို ရောက်လာတဲ့ကစားသမားတွေနဲ့ ကစားသမားဟောင်းတွေကြားမှာ Chemistry မမိဖြစ်နေခဲ့ပြီး တည်ငြိမ်မှုမှာ ကင်းမဲ့သွားခဲ့ပါတယ်။ ဟယ်ရီကိန်းဆိုရင် ပင်နယ်တီရမှပဲ ဂိုးရဖို့ မျှော်လင့်နိုင်တဲ့ပုံစံဖြစ်သွားပြီး ဝိန်းရွန်နီစံချိန်ကို နေးရှင်းလိဂ် ၄ ပွဲကန်အပြီးမှာ ကျော်ဖြတ်မယ်ဆိုတဲ့ ကြုံးဝါးသံပါ ပျောက်သွားပါပြီ။
ပြီးခဲ့တဲ့နှစ်တွေတုန်းက အင်္ဂလန်တို့ရထားတဲ့ တည်ငြိမ်မှုတခုက ပျောက်ဆုံးသွားပြီး ကွင်းထဲမှာ ပရမ်းပတာတွေကို ဖြစ်နေတော့တာပါပဲ။ ဒါတွေက မီဒီယာတွေရဲ့ စနက်လည်းမကင်းပါဘူး။ သူတို့ကစားသမားတွေကို အလွန်အကျွံတွေမြှောက်ပင့်ရေးသားတဲ့ဗီဇနဲ့ ငါ့လူမျိုးမှ ငါ့လူမျိုးအစွဲက လက်ရွေးစင်အသင်းကိုပါ တိုင်ပတ်စေခဲ့တာပါ။ ကစားသမားတယောက် နည်းနည်းလေးထင်ပေါ်လာရင် လိုအပ်တာထက်ပိုပြီး ချဲ့ကားရေး၊ ကစားသမားဟောင်းတွေကအစ ပေါင်သန်း ၁၀၀ အနည်းဆုံးတန်တယ်ဆိုတဲ့ တံဆိပ်ကပ်မှုတွေရဲ့ နောက်ကွယ်မှာ ကစားသမားတွေက တိုးတက်လာမယ့်အစား ဆုတ်ယုတ်မှုတွေပဲ ရှိနေခဲ့တာပါ။
အာဆင်နယ်မှာ လက်စွမ်းပြခဲ့တဲ့ ရမ့်စ်ဒေးလ်၊ ပဲလေ့စ်က ဂယ်လန်ဂါ၊ လိဒ်က ကီဗင်ဖိလစ်၊ ဝက်စ်ဟမ်က ဘိုဝင်၊ ဆောက်သမ်တန်က ဝါ့ဒ်ပရောက်စ်၊ ရိုးမားက အေဘရာဟမ်တို့လို ကစားသမားတွေလည်း ဘာမှလုပ်မရခဲ့ပါဘူး။ ဒီကစားသမားတွေကို ပြိုင်တူသုံးနေတဲ့
ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို လက်လန်လောက်အောင်ကို အံ့အားသင့်ရပါတယ်။ အသင်းတသင်းချင်းစီက ကစားသမားတွေကို လက်ရွေးစင်အသင်းစရောက်ချိန်မှာ တပြိုင်တည်းသုံးတာက စတန့်ထွင်တာလား၊ ဘာလားပဲ။ တကယ်လို့သာ ရလဒ်ကောင်းမယ်ဆိုရင် သူ နာမည်ကြီးမယ့်အကွက်ကို ထွင်တာလားပဲ။ တကယ်ကို အဓိပ္ပာယ်မရှိ၊ ဦးတည်ချက်မရှိတဲ့ ဆုံးဖြတ်ချက်မျိုးပါ။
ဒီလိုပုံစံ၊ ဒီမိုး၊ ဒီရေ၊ ဒီလေနဲ့တော့ အင်္ဂလန်တို့ ကာတာကမ္ဘာ့ဖလားမှာလည်း ထုံးစံအတိုင်း နာမည်ကြီးထမင်းငတ်ဖြစ်ပြီး အောင်ဖေညောင်းဦးမှာပါပဲ။ အုပ်စုက တက်နိုင်ဖို့ကိုတောင်မှ မနည်းရုန်းရလိမ့်မယ်ဆိုတာက သေချာသလောက်ပါပဲ။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕