
ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးအသင်းမှာ ဆွန်ဟောင်မင် တယောက် မပါဝင်ခဲ့တဲ့အပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေက ပိုပြီးတော့ ကြီးမားလာပါပြီ။ စပါးနဲ့သက်ဆိုင်ခဲ့သူတွေဖြစ်တဲ့ တိုက်စစ်မှူးဟောင်းရော်ဘီကိန်း နဲ့ နည်းပြဟောင်းမော်ရင်ဟိုတို့ကိုယ်တိုင်ကပါ ဒီရွေးချယ်မှုအပေါ် အပြစ်တင်နေခဲ့ကြပြီး အရှက်ရဖွယ်ရာရွေးချယ်မှုလို့ ပြောဆိုနေကြပါတယ်။
ဆွန်ဟောင်မင်ကို အာရှသားတဦးဖြစ်လို့ နေရာပေးရမှာ ရွံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ မပါသင့်တဲ့သူတွေ ပါဝင်နေခဲ့ပြီး ရွှေဖိနပ်ဆုရှင်ကို ချန်လှပ်ခဲ့မှုတွေနဲ့အတူ ပရီးမီးယားလိဂ်ကတော့ တော်တော်လေးကို မျက်နှာပျက်နေရပါပြီ။ ဘယ်သူမပြု၊မိမိမှုပါပဲ။ သမာသမတ်ကျပြီး ညီညွှတ်မျှတတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ဘူးဆိုတဲ့ အမြင်တွေက သူတို့သိက္ခာတွေကို ချနင်းခံလိုက်ရသလို ဖြစ်နေမှာတော့ သေချာပါတယ်။
ရော်ဘီကိန်းက " "ဆွန်ဟောင်မင်က တနှစ်တာအကောင်းဆုံးကစားသမားဆုကို ဘယ်လိုမှမရရှိခဲ့ဘူးဆိုတာက မှတ်သားစရာပဲ၊ ဘယ်သူက ရွေးချယ်ခဲ့လဲတော့ ကျနော်မသိဘူး၊ သူတို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်သင့်တယ်၊ ထိပ်တန်းဂိုးသွင်းရှင်၊ ဆာလာနဲ့အဆင့်တူမှာရှိခဲ့ပြီး
ပင်နယ်တီသွင်းဂိုးမပါတဲ့ကစားသမားကို အကောင်းဆုံးကစားသမားဆုအတွက် ထည့်သွင်းစဉ်းစားတာတောင် မလုပ်ခဲ့ဘူးဆိုတာက မယုံနိုင်စရာပဲ"
"ဒါတောင်မှ သူက အသင်းအတွက် အများကြီးယူဆောင်ပေးခဲ့သူပါ၊ သွင်းဂိုးတွေ၊ ဟုတ်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့စွမ်းအင်၊ ဖန်တီးမှုတွေ၊ သူ့မျက်နှာပေါ်ကအပြုံးနဲ့ သူ့ကစားပုံတွေလည်း ရှိနေသေးတယ်၊ ကျနော့်အတွက်တော့ သူက ပရီးမီးယားလိဂ်သမိုင်းမှာ underrated အဖြစ်ဆုံးကစားသမားပါပဲ၊ သူက ကမ္ဘာပေါ်က ဘယ်လိုအသင်းမှာမဆို ကစားနိုင်ပါတယ်" လို့ ဆိုပါတယ်။
ဆွန်ကို နည်းပြအဖြစ်နဲ့ ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုကတော့ သူ့ထုံးစံအတိုင်း စကားလုံးပြောင်ပြောင်မြောက်မြောက်နဲ့ပြောခဲ့ပါတယ်။ "ကျနော်သာဆိုရင်တော့ ပရီးမီးယားလိဂ်ကနေ ချက်ချင်းလစ်မှာပဲ၊ ပင်နယ်တီသွင်းဂိုးတဂိုးမှမပါဘဲ ရွှေဖိနပ်ဆုကို ရခဲ့တဲ့သူက တနှစ်တာအကောင်းဆုံးအသင်းမှာ မပါဘူးဆိုတာက ဝမ်းနည်းစရာပါ၊ သူ့အတွက် ကျနော်ငိုချင်မိသလိုတောင်ဖြစ်မိတယ်"
"ဆွန်က သဘောကောင်းတယ်၊ စိတ်ထားပြည့်၀ပြီး အလုပ်ကိုပဲ ကြိုးစားနေတဲ့သူပါ၊ သူ သွင်းခဲ့တဲ့ဂိုးတွေထဲမှာ အပေါစားဂိုးတဂိုးမှမပါဘူး၊ စပွန်ဆာတွေသဘောကျအာရုံစိုက်လာမယ့် အလန်းစားဂိုးတွေချည်းပဲ၊ ဒါပေမယ့် သူတို့ကတော့ ကျေးဇူးပဲကွာဆိုတာလောက်ပဲ
ပြောနေတယ်၊ အင်္ဂလိပ်ဘောလုံးလောကက ဘာမှသုံးစားမရဘူးလို့ ပြောခဲ့တဲ့ ကာဖူးရဲ့စကားကို ကျနော်သဘောတူမိပါတယ်" တဲ့။ ပရီးမီးယားလိဂ်အတွက်တော့ တော်တော်လေးကို ရှက်ရွံ့စရာကောင်းနေပါပြီ။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕