
၂၀၁၈ တုန်းက ဘောလုံးပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့တဲ့ သတင်းတပုဒ်ထွက်ခဲ့ပါတယ်။ အဲဒါကတော့ ရော်နယ်ဒိုရဲ့ ခန္ဓာကိုယ်အနေအထားက အသက် ၂၀ အရွယ်လူငယ်လေးတဦးလိုရှိနေတယ်ဆိုတာပါ။ အဲဒီတုန်းက သူက ဂျူဗီမှာ ကစားနေတာဖြစ်ပြီး သူ့အသက် ၃၃ နှစ်အရွယ်ပဲ ရှိနေသေးတာပါ။ အခုဆိုရင် ဒါက ၄နှစ်လောက်ရှိသွားပါပြီ။ ဒါပေမယ့် မနေ့က သူ့ရဲ့လူမှုကွန်ရက်မှာ ရော်နယ်ဒိုတင်ထားခဲ့တဲ့ ဓာတ်ပုံအရတော့ ပေါ်တူဂီသားရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မပြောင်းမလဲရှိနေပြီး ပိုပြီးတော့တောင်မှ ကျစ်လစ်လာတယ်လို့တောင် ယူဆနေရပါတယ်။
ရော်နယ်ဒိုရဲ့ ခန္ဓာကိုယ်တခုလုံးမှာ အဆီပါဝင်မှုနှုန်းက ၇% ပဲ ရှိတာပါ။ ဒါက သူ့အသက်အရွယ် (၃၃နှစ်အရွယ်နဲ့သာ နှိုင်းယှဉ်ထား) ရှိတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတယောက်မှာဆို အဆီပါဝင်မှုက ၁၀% ရှိပြီး ကြွက်သားထုထည်က ၅၀% ရှိတာနဲ့ နှိုင်းယှဉ်
နိုင်ပါတယ်။ သူက ပုံမှန်ရှိတာထက်ကို လျော့ပြီးတော့ အဆီပါဝင်မှုနည်းပါးနေတာပါ။ BeIN Sport ရဲ့ အဆိုအရ ရော်နယ်ဒိုရဲ့ ဆေးဘက်ဆိုင်ရာ ရလဒ်တွေကို ကြည့်တဲ့အခါမှာ ရော်နယ်ဒိုက ကိုင်လီယန်ဘတ်ပီလို ဆယ်ကျော်သက်ကစားသမားထက်တောင်မှ ပိုပြီး အပြေးမြန်နေခဲ့ပြီး တနာရီကို ၃၃.၉၈ ကီလိုမီတာနှုန်းရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့ တင်းကြပ်တဲ့ စားသောက်မှုပုံစံ၊ နေ့စဉ်လေ့ကျင့်နေမှုတွေရဲ့ အကျိုးဆက်ဖြစ်ပြီး အခုဆိုရင် သူက အသက် ၃၇ နှစ်အရွယ်အထိကို ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ခဲ့တာပါ။ "ကျနော့်ရဲ့ Diet Plan ကို ကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တာကိုပဲ အဓိကထားပြီးတော့ အယ်လ်ကိုဟော၊ သကြား၊ ဆိုဒါနဲ့ ဆီကြော်အစားအစာတွေကို ကျနော်ရှောင်တယ်၊ ရိုးရှင်းတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေနဲ့ ပရိုတင်းဓာတ်တွေကို ကျနော်အဓိကအာရုံစိုက်ပြီး စားသောက်တာပါ" လို့ Four Four Two မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူ ပြောခဲ့ဖူးပါတယ်။
ကိုယ်ပိုင်လေ့ကျင့်ရေးမှူးထားထားပြီးတော့ ရော်န်ဒိုက Pull-ups ၊ Chin-ups စသဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်မှုမှန်သမျှကို နည်းစနစ်မှန်မှန်၊ ပုံစံမှန်မှန်နဲ့ လုပ်နေခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ အခုထိလည်း သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက လူငယ်တဦးလိုရှိနေတုန်းပဲဆိုတာ မနေ့ကထွက်လာတဲ့ ဓာတ်ပုံမှာ တွေ့ရမှာပါ။ အသက်အရွယ်ထောက်လာဖို့ သက်လုံပိုင်းမှာ စိုးရိမ်စရာရှိနေပေမယ့် ခန္ဓာကိုယ်ပေါ့ပါးပြီး သွက်လက်နေတာမို့ သူက ပုံမှန်ကစားသမားတွေလိုမျိုး ပြေးလွှားနိုင်၊ ရုန်းကန်နိုင်ဦးမှာတော့ သေချာပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပုံစံနဲ့ ဘာမှမကွဲမပြားဘဲ ရှိနေသေးတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ တကယ်အံ့အားသင့်စရာပါပဲ။
ဒါကြောင့်လည်း ရော်နယ်ဒိုက ဒီလိုအဆင့်မှာ အခုထိရပ်တည်နေဆဲ၊ ကစားနေနိုင်ဆဲဖြစ်ပါလိမ့်မယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕