အားလုံးသိပြီးတဲ့အတိုင်း ပြီးခဲ့တဲ့ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုအတွက်တိုက်ပွဲက နောက်ဆုံးအချိန်အထိ အသက်ဝင်နေခဲ့တာပါ။ တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ဖြစ်ပြီး ဆာလာကို ကျော်ဖြတ်ဖို့ ၁ ဂိုးလိုနေတဲ့ ဆွန်ဟောင်မင်က ၂ ဂိုးသွင်းလို့ ရွှေဖိနပ်ဆုကို လွတ်လွတ်ကျွတ်ကျွတ်ရပြီလို့ထင်မှတ်ခဲ့ရပေမယ့် ဆာလာက တဖက်မှာ လူစားဝင်လာပြီး ဂိုးသွင်းသွားခဲ့လို့ ဂိုးအရေအတွက်ချင်းတူသွားခဲ့တာပါ။ နောက်ဆုံးတော့ ရွှေဖိနပ်ဆုကို ပူးတွဲရယူသွားခဲ့ကြပါတယ်။ ဒါက ၂၀၁၈-၁၉ မှာ ဆာလာ၊ မာနေးနဲ့ အော်ဘာမီယန်တို့ ပူးတွဲဆွတ်ခူးအပြီး ၃နှစ်အကြာမှာ နောက်တကြိမ်ပူးတွဲဆွတ်ခူးမှုဖြစ်လာတာပါ။
အခုဆို လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ကို ဟာလန်းနဲ့ နူနက်ဇ်တို့ ရောက်လာပါပြီ။ မာနေးထွက်သွားပေမယ့် သူတို့နှစ်ဦးရှိလာလို့ ရွှေဖိနပ်ဆုအတွက် တိုက်ပွဲတွေက ပိုပြိးအကြိတ်အနယ်ရှိလာမှာ သေချာပါတယ်။ နှစ်ယောက်စလုံးက ပြီးခဲ့တဲ့ရာသီမှာ
ဒေါ့မွန်နဲ့ ဘင်ဖီကာတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေဖြစ်ခဲ့တာပါ။ ဟာလန်းဆိုရင် ရွှေဖိနပ်ဆုအတွက်တောင်မှ ရေပန်းစားအဆင့်မှာ ထိပ်ဆုံးနားရောက်နေပါတယ်။ ဒီတော့ ရှိရင်းစွဲကစားသမားတွေနဲ့ဆိုရင် ရွှေဖိနပ်ဆုအတွက် တိုက်ပွဲက တော်ာတော်လေးပြင်းထန်
လာမယ်ဆိုတာက အသေအချာပါပဲ။
ရော်နယ်ဒို၊ ဆာလာ၊ ကိန်း၊ ဆွန်ဟောင်မင်နဲ့ သူတို့နှစ်ဦးဆိုရင် စုစုပေါင်း ၆ ဦးကို ထည့်သွင်းစဉ်းစားရမှာပါ။ ဂါဘရီရယ်ဂျီးဆပ်၊ တီမိုဝါနာတို့ကတော့ ပြီးခဲ့တဲ့ရာသီကအတိုင်းဆိုရင် ရွှေဖိနပ်ဆုအတွက်တော့ သိပ်ခြိမ်းခြောက်နိုင်မယ့်သူတွေမဟုတ်ဘူးလို့ ယူဆမိပါတယ်။
ဗာဒီကလည်း အသက်အရွယ်ရလာပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၅ ဂိုး ရခဲ့ပါတယ်။ လာမယ့်ရာသီမှာ သူ ဒီထက်မက နည်းပါးသွားနိုင်ပါတယ်။ မထင်မှတ်ဘဲနဲ့ ကော်ကောင်ဖြစ်လာနိုင်မယ်ဆိုရင် ဂျိုတာနဲ့ ဘိုဝင်တို့ကိုပဲ ထည့်တွက်ရမှာပါ။ ဒါပေမယ့် အဓိကပြိုင်ဆိုင်ရမှာတော့
စောနက ပြောခဲ့တဲ့ ကစားသမား ၆ ဦးပဲဖြစ်ပါလိမ့်မယ်။
လီဗာပူးလ်က ကစားသမား ၃ ဦးအထိ ပါနေလို့ သူတို့အသင်းကိုယ်စားပြုပြီး ဆွတ်ခူးဖို့ ရာခိုင်နှုန်းတော့များပါတယ်။ နူနက်ဇ်ကိုတော့ တချက်စောင့်ကြည့်ရပါမယ်။ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီဆိုတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မှန်းဆရခက်ပါတယ်။ ဟာလန်းကတော့ သိပြီးတဲ့အတိုင်းပါပဲ။ ဘယ်အသင်းကို ရောက်ရောက် ဂိုးသွင်းခြေစွမ်းက မြင့်မားလို့ ရွှေဖိနပ်ဆုအတွက်ဆို စိန်ခေါ်နိုင်စွမ်းအရှိဆုံးကစားသမားတောင်ဖြစ်လာနိုင်လို့ပါ။ ရော်နယ်ဒိုက ပြီးခဲ့တဲ့ရာသီမှာ အသင်းအခြေအနေမကောင်းတဲ့ကြားထဲကနေ ၁၈ ဂိုးအထိ ရခဲ့တော့ လာမယ့်ရာသီအတွက် နည်းပြသစ်၊ ကစားကွက်သစ်အောက်မှာ ပိုမျှော်လင့်ချင်စရာကောင်းပါတယ်။
ဆိုရရင်တော့ ပရီးမီးယားလိဂ်ဆုဖလားအတွက် စိန်ခေါ်မှုတွေက အကြိတ်အနယ်ရှိနေသလို တဖက်မှာလည်း ရွှေဖိနပ်ဆုအတွက် ထိပ်တန်းအသင်းက နာမည်ကျော်ကစားသမားတွေက အပြိုင်အားထုတ်ကြရမယ်ဆိုတာပါပဲ။ ပြီးခဲ့တဲ့ရာသီကလို ပူးတွဲဆွတ်ခူးတာမျိုးတွေတောင်မှ
ဖြစ်လာနိုင်သေးတယ်လို့ ယူဆမိပါတယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕