top of page
  • Facebook
  • YouTube

Add a Title

စျေးဗန်းထဲထည့်ပြီး လှည့်အရောင်းခံနေရတဲ့ နေမာ




ပြီးခဲ့တဲ့ရာသီမှာ နေမာက လီဂူးပွဲ ၂၂ ပွဲနဲ့ ချန်ပီယံလိဂ် ၆ ပွဲကစားခဲ့ပြီး သွင်းဂိုး ၁၃ ဂိုးပဲရခဲ့ပါတယ်။ ချန်ပီယံလိဂ်သွင်းဂိုး လုံး၀မရခဲ့ပါဘူး။ ပီအက်စ်ဂျီကို သူ ပြောင်းရွှေ့ပြီးကတည်းက လီဂူးမှာ ပွဲပေါင်း ၃၀ ပြည့်အောင် တရာသီမှ မကန်နိုင်ခဲ့ဘဲ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကဆိုရင် သွင်းဂိုးအနည်းဆုံးရာသီပါ ဖြစ်လာခဲ့ပါတယ်။


အခုတော့ ပီအက်စ်ဂျီက နေမာကို ဝယ်ဖို့အတွက် အသင်းတွေကို လိုက်ကမ်းလှမ်းနေပါပြီ။ ဂျူဗီကို ကမ်းလှမ်းထားတယ်လို့ သိရပြီး ဂျူဗီနည်းပြအယ်လီဂရီက စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘတ်ပီကို စာချုပ်သစ်ချုပ်နိုင်ခဲ့ပြီး မက်ဆီကလည်း လာမယ့်ရာသီဆိုရင် ခြေစွမ်းပြနိုင်မယ့်အနေအထားမှာရှိနေပြီမို့ ဒဏ်ရာမကြာခဏရနေပြီး အသင်းအတွက် ပွဲတိုင်းမကစားပေးနိုင်တဲ့ နေမာကို ရောင်းဖို့ ပီအက်စ်ဂျီက ဆုံးဖြတ်လိုက်ပုံပါပဲ။


ဘတ်ပီကို စာချုပ်သစ်ချုပ်ဆိုနိုင်တာ၊ မက်ဆီလည်း အသင်းမှာရှိနေချိန်မှာ ဒဏ်ရာမကြာခဏရနေပြီး အနားယူချိန်တွေများနေတဲ့ နေမာကို အသင်းဘက်က သိပ်မကြည်တော့တဲ့ပုံပါပဲ။ လစာနဲ့ခံစားခွင့်တွေ မြင့်မြင့်မားမားပေးချေနေရမယ့် ထင်မှတ်သလို နေမာက မလုပ်ပြနိုင်ခဲ့ဘဲ သူရောက်ရှိလာခဲ့လို့ အသင်းပုံရိပ်မြင့်တက်လာတာတခုပဲ အကျိုးရှိခဲ့တယ်လို့ ယူဆမယ်ဆိုရင်လည်း ပီအက်စ်ဂျီဘက်ကမလွန်ပါဘူး။ နေမာမရှိလည်း သူတို့က ပြည်တွင်းဖလားကို ရယူနိုင်ဖို့က မခက်ခဲတာလည်း ပါမှာပါ။


နေမာကို သူတို့က ဘာကာကနေ ယူရို ၂၂၂ သန်းနဲ့ ကမ္ဘာ့စံချိန်တင်ကြေးပေးပြီး ခေါ်ယူခဲ့တာပါ။ နေမာက ကစားသမားကောင်းတယောက်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် သူ ပြင်သစ်မှာ အမြင့်ဆုံးပုံစံ၊ ဘာကာနဲ့ ဆန်းတို့စ်မှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို အချိန်အများစုမှာမရခဲ့ဘူးဆိုတာကလည်း အမှန်တရားပါပဲ။ ဒါကို လက်ခံဖို့လိုပါတယ်။ အခု ပီအက်စ်ဂျီက ဒါကို သေချာတွေးတောပြီးတော့ နေမာကို ရောင်းချဖို့စဉ်းစားလိုက်ပုံပါပဲ။ ယူရိုသန်း ၈၀ လောက်ရရင်တောင် သူတို့က ပြန်ရောင်းမယ်လို့ သတင်းတချို့က ဖော်ပြနေပြီး ဒါက သူ့ကို ဝယ်ယူတုန်းကထက် ယူရိုသန်း ၁၄၀ လောက် နည်းပါးနေသေးတာပါ။


ဆိုတော့ကာ နေမာက အခုတော့ စျေးလှည့်ရောင်းခံရတော့မယ့် ပုံစံမျိုးဖြစ်လာပါပြီ။ သူ့ကိုဝယ်ယူဖို့ကလည်း တော်တော်လေးစဉ်းစားစရာပါ။ အဓိကက လုပ်ခလစာပြသနာ၊ ဒဏ်ရာမှတ်တမ်းတွေပါ။ ငွေရေးကြေးရေးအရ ခက်ခဲမှုတွေရှိနေတဲ့ ထိပ်တန်းကလပ်တွေအတွက်တော့ နေမာကို ဝယ်ဖို့ထက် အငှားနဲ့ခေါ်လို့ရမယ်ဆိုရင်တောင် တော်တော်လေးတွက်ဆနေရဖို့ရှိပါတယ်။ နေမာရဲ့ အနာဂတ်ကလည်း လှုပ်ခတ်စပြုလုပ်ပါပြီ။ စျေးကွက်ပိတ်သိမ်းဖို့ကလည်း အချိန်အများကြီးရှိနေသေးတော့ ဘာမဆိုဖြစ်နိုင်သေးလို့ စောင့်ကြည့်ရဖို့သာ

ရှိပါတယ်။


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်


🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။


⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။


♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။


👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖

bottom of page