top of page
  • Facebook
  • YouTube

Add a Title

လူကာကူကို အဲတာလေးပဲပြောမိတာပါဗျာ


"လူကာကူကို ကျနော် ဘယ်တုန်းကမှ မမုန်းပါဘူး၊ သူ့ကို မေးလို့ရပါတယ်၊ ယူနိုက်တက်မှာတုန်းက လက်ပစ်ဘောကို သူ့ဆီ ကျနော်မြှောက်ပေးခဲ့တယ်၊ အဲဒီဘောလုံးကို သူမထိန်းနိုင်ခဲ့ဘူး၊ အင်တာနဲ့ မီလန်တို့ ရင်ဆိုင်ရတဲ့ပွဲမှာ သူ့ကို အဲဒီအကြောင်း ကျနော်ပြန်ပြောခဲ့ရုံလေးပါ၊ အဲဒါကို သူ သောင်းကျန်းခဲ့တာပါ"


"လူကာကူနဲ့ ကျနော်တွဲဆော့ခဲ့တယ်၊ သူ့ရဲ့ ဘောလုံးကစားတဲ့ပုံစံကို ကျနော်သိတယ်၊ အင်တာကနေ ချယ်လ်ဆီးကို သူ ပြောင်းတော့ ပြောင်းရွှေ့ကြေးအကြောင်း ကျနော်ကြားတယ်၊ အဲဒါ ကောင်းမွန်တဲ့အပြောင်းအရွှေ့မဟုတ်ဘူးလို့ မီဒီယာတွေကို ကျနော်ပြောခဲ့တယ်၊ လူကာကူက နည်းစနစ်ပိုင်းပွဲတွေကို မဆော့တတ်ဘူး၊ မာတီနက်ဇ်က သူဂိုးသွင်းနိုင်အောင် ကူညီပေးနေခဲ့တာပါ"


" ချယ်လ်ဆီးမှာက ဘောလုံးကို အလျင်စလိုလုပ်၊ မြန်မြန်သယ်သွား၊ ပြီးရင် ဂိုးသွင်းဖို့လိုတယ်ဗျ၊ ဒါတွေအားလုံးကို ကျနော်သိပေမယ့်လည်း သတင်းစာရှင်းလင်းပွဲတွေမှာ သူ့ကို သွယ်ဝိုက်ပြီးပြောဖို့ကလွဲရင် ရွေးစရာလမ်းမရှိဘူး၊ သူက တိုက်စစ်မှူးကောင်းတယောက်ဆိုတော့ ဘာပဲပြောပြော လေးစားသင့်ပါတယ်"


- ဇလာတန်


bottom of page