top of page
  • Facebook
  • YouTube

Add a Title

ယူနိုက်တက်က အချဉ်အသင်းဖြစ်နေပြီလား


လတ်တလောမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့စျေးကွက်တွင်း အခြေအနေကို အားလုံးလည်းသိကြမှာပါ။ လူသစ်ခေါ်ဖို့အတွက် လုပ်နေတာက အခုထိမအောင်မြင်သေးဘဲ ရာသီသစ်အတွက် အားဖြည့်မှုတွေမရှိသေးပါဘူး။ အသင်းကြီးတွေ ကိုယ်စီပြင်ဆင်နေချိန်မှာ ယူနိုက်တက်ကတော့ လိုချင်တဲ့ကစားသမားကို စာရင်းပြုစုတဲ့အဆင့်ကနေ မတက်သေးပါဘူး။ ကမ်းလှမ်းဖို့အတွက်ကိုတောင်မှ စီစဉ်လိုက်ပြီဆိုတာမျိုးကို ဖတ်ရတော့ အံ့အားသင့်ရပါတယ်။ ကစားသမားတယောက်ကို ကမ်းလှမ်းဖို့အတွက် ဘယ်လောက်ထိ ကြီးကြီးကျယ်ကျယ်ပြင်ဆင်ရလဲဆိုတာလည်း သိချင်မိပါရဲ့။


အေဂျက်ဇ်နောက်ခံလူတင်ဘာကိုခေါ်ဖို့ လုပ်တော့လည်း ကစားသမားကလာချင်တယ်၊ နှစ်ဖက်အသင်းဆွေးနွေးပြီး အဆင်ပြေရင် အိုကေတော့မယ်ဆိုမှ နယ်သာလန်နည်းပြဗန်ဟားလ်က အသင်းပြောင်းပြီး ပုံမှန်မကစားရရင် ကာတာကိုမခေါ်ဘူးထပြောလို့ အပြောင်းအရွှေ့က တပိုင်းတစနဲ့ ရပ်နေပါတယ်။ အခုလည်း အေဂျက်ဇ်တောင်ပံကစားသမားအန်တိုနီကို ခေါ်ယူဖို့အတွက် အမ်စတာဒမ်မြို့ထိသွားပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အေဂျက်ဇ်က သူတို့ကစားသမားအတွက် ပေါင်သန်း ၅၀ အထိ တန်ဖိုးသတ်မှတ်လိုက်လို့ ကြေးကြီးပေးခေါ်ရမယ့် အနေအထားဖြစ်နေပါပြီ။


အန်တိုနီနဲ့အေဂျက်ဇ်တို့ကြားမှာ စာချုပ်သက်တမ်းက ၃ နှစ်လောက်ရှိနေသေးတာကလည်း စျေးခေါ်လို့ကောင်းသွားပါတယ်။ နောက်တချက်က ယူနိုက်တက်အသင်းတာဝန်ရှိသူတွေရဲ့ အပြောင်းအရွှေ့ကိစ္စကိုင်တွယ်ပုံအားနည်းချက်တွေကို အသင်းတိုင်းက ရိပ်မိနေတာပါ။

ပြီးခဲ့တဲ့ကာလတွေမှာ အသင်းအတွက် အမှန်တကယ်လိုအပ်တဲ့ခေါ်ယူမှုမျိုး၊ ဖြည့်ဆည်းမှုမျိုးမဟုတ်ဘဲ စျေးကွက်ပိတ်ခါနီးမှ လက်ပူတိုက်ခေါ်တဲ့ အကျင့်ကလည်း သူတို့ဆီကနေ ပိုက်ဆံရသလောက်ညှစ်ယူဖို့ဖြစ်လာပါတယ်။ ဗန်ဒီဘိခ်ကို နည်းပြကမခေါ်ချင်ပဲ ပရိသတ်ကျေနပ်အောင် ခေါ်ပေးခဲ့တာမျိုး၊ စျေးကွက်ပိတ်သိမ်းချိန်နီးလာလို့ လိုတာထက်ပိုပေးပြီးခေါ်လိုက်ရတာမျိုးတွေ ယူနိုက်တက်တို့ လုပ်ခဲ့တာပါ။


အခု အဲဒီအကျိုးဆက်တွေအဖြစ်နဲ့ သူတို့ကို အချဉ်ဖမ်းဖို့တောင်မှ ကြံရွယ်နေကြပြီလားလို့ ထင်မှတ်နေရပါတယ်။ တန်ဟက်ဂျ်တယောက်လည်း အိပ်မက်ကဇာတ်ရုံမှာ ထင်သလောက်မသာယာဘူးဆိုတာ သိနေလောက်ပါပြီ။ ကွင်းမြက်ကိုရိတ်ပေးဖို့တောင်းဆိုတာတောင်မှ

ရာသီဥတုအကြောင်းပြချက်နဲ့ အဆင်မပြေတွေဖြစ်ခဲ့ရတာဆိုတော့ သူလိုချင်တဲ့ကစားသမားတွေကိုရဖို့ဆိုတာက နေ့တိုင်းထိုင်ဆုတောင်းနေရမလိုတောင်ဖြစ်နေလောက်ပါတယ်။ ပရိသတ်တွေမကျေနပ်တာ၊ ဒေါသထွက်တာတွေကလည်း ဒါတွေကြောင့်ပါပဲ။ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတခုအရဆိုရင် ယူနိုက်တက်တို့ စာရင်းတို့ထားတဲ့ ကစားသမားတွေက ၈၀ ဦးလောက်ထိတောင်ရှိနေပါတယ်။


A4 စာမျက်နှာ ၃မျက်နှာ၊ ၄ မျက်နှာလောက်ရှိတဲ့ ဒီစာရင်းနဲ့ ဘာတွေလုပ်မလဲတော့ နားကိုမလည်ပါဘူး။ ဒီလိုမျိုးတွေ ထွက်လာလေလေ သူတို့ဆီကနေ ငွေရအောင်တောင်းဖို့အတွက် တခြားအသင်းတွေက ကြိုးစားလေပါပဲ။ အခုလည်း အေဂျက်ဇ်က အဲဒီလိုပုံစံမျိုးလုပ်နေတာပါ။ တဖက်အသင်းအနေအထား၊ လူတွေရဲ့စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးတော့ သူတို့စျေးကစားပါလိမ့်မယ်။ ကစားသမားတွေရောင်းချပြီးတော့ ငွေရှာနေတဲ့ အသင်းပီပီ ဒီအပိုင်းမှာ သူတို့ကကျွမ်းကျင်ပြီးသားပါ။ ယူနိုက်တက်ကတော့ တကယ်ကိုအချဉ်ဖမ်းလို့ရတဲ့အသင်းဖြစ်နေပြီလား?


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်


🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။


⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။


♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။


👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page