top of page
  • Facebook
  • YouTube

Add a Title

ကံကောင်းရင် ပီအက်စ်ဂျီနဲ့ဒါဘီပွဲပါနွှဲရမယ်




အာရှကစားသမားတွေအတွက် ဥရောပမှာ ကစားခွင့်ရဖို့ဆိုတာက အရင်တုန်းက အရမ်းခက်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ ဂျပန်ကစားသမားတွေရဲ့ ခြေစွမ်းကြောင့် ဘွန်ဒက်လီဂါ၊ စီးရီးအေနဲ့ အခြားသောလိဂ်တွေမှာ ကျင်လည်ရာကနေ ဒီနေ့မှာဆိုရင် ဥရောပရဲ့ ထိပ်တန်းလိဂ်ကြီး ၅ ခုစလုံးမှာ အာရှသားတွေကို မြင်တွေ့လာရပါပြီ။ ဒါပေမယ့် အများစုကတော့ တောင်ကိုရီးယားနဲ ဂျပန်ကစားသမားတွေပါ။ အခြားနိုင်ငံသားတွေကတော့ လက်ချိုးရေတွက်လို့ရတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။


အာဆီယံကစားသမားတွေအတွက်တော့ ဒီအိပ်မက်က အလှမ်းဝေးနေတုန်းပါ။ ထိုင်းကစားသမားတချို့ လက်စတာမှာ လေ့ကျင့်ခန်းဆင်းခွင့်ရတာတောင်မှ အသင်းပိုင်ရှင်က ထိုင်းလူမျိုးဖြစ်နေတာကြောင့်ပါ။ ဘရူနိုင်းမင်းသားကလည်း ချယ်လ်ဆီးမှာ အပျော်သဘောပဲရှိနေခဲ့ပြီး အာဆီယံဒေသအတွက်တော့ ထိပ်တန်းလိဂ်တွေဆိုတာထက် ဥရောပကို ထွက်ကစားရရင်ပဲ တော်တော်လေးကို ဟုတ်လှပြီဆိုတဲ့ အနေအထားနဲ့ ကျေနပ်ရမှာပါ။ အခုတော့ ဒီလိုအခွင့်အရေးကို ဗီယက်နမ်ကစားသမားတဦးက ရရှိဖို့ နီးစပ်နေပါပြီ။ ကံကောင်းခဲ့ရင်တော့ သူက ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဒါဘီပွဲနွှဲရဖို့တောင် ရှိနေပါတယ်။


အကြောင်းရင်းကတော့ ဒီလိုပါ။ ဗီယက်နမ်ရဲ့ နာမည်အကြီးဆုံးကွင်းလယ်တိုက်စစ်ကစားသမား ငုယင်ကောင်ဟိုင်က ပဲရစ်မြို့အခြေစိုက် ပြင်သစ်လီဂူး-၂ ကလပ် ပဲရစ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။ ဟနွိုင်းနဲ့ စာချုပ်သက်တမ်းကုန်သွားတဲ့ ကောင်ဟိုင်က

ပဲရစ်နဲ့ ဆေးစစ်မှုတွေတောင်လုပ်ပြီးပြီလို့ သတင်းတွေထွက်နေပြီးတော့ အပြီးသတ်စာချုပ်ချုပ်နိုင်မယ်လို့မျှော်လင့်ရတဲ့အနေအထားမှာရှိနေပါတယ်။ ဒီမတိုင်ခင် သူက ဆာဘီးယား၊ ဆွီဒင်နဲ့ ဩစတြေးလျတို့မှာ ကစားဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ

အခုတော့ ပြင်သစ်လီဂူး-၂ ကို ရောက်ဖို့ဖြစ်လာတာပါ။


ပဲရစ်အသင်းက ပီအက်စ်ဂျီနဲ့ တမြို့တည်းအသင်းတွေပါ။ လိဂ်ကွာဟနေလို့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးမရှိပေမယ့် တကယ်လို့ဟာ ကောင်ဟိုင်ရောက်ပြီး တန်းတက်နိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီနဲ့ ဒါဘီပွဲတွေနွှဲရဖို့ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်ဟိုင်အတွက်တော့

ပြင်သစ်လိဂ်ရဲ့ ဒုတိယအကောင်းဆုံးလိဂ်မှာ ကစားရမယ်ဆိုတာက တကယ်ကြီးမားတဲ့အခွင့်အရေးပါပဲ။ ဘာလို့လဲဆိုရင် ပြင်သစ်အောက်တန်းလိဂ်တွေက ကစားသမားတွေကို တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးနိုင်တဲ့ အဆင့်အတန်းမှာရှိနေလို့ပါ။ အခု

နာမည်ကြီးနေတဲ့ ကန်တေ၊ မန်ဒီတို့က ပြင်သစ်အောက်တန်းလိဂ်တွေက တိုးတက်လာခဲ့သူတွေပါ။ တခြားကစားသမားတွေလည်း အများကြီးရှိနေပါတယ်။


အာဆီယံကစားသမားတယောက်အနေနဲ့ ဥရောပမှာ တိုးဝင်ဖို့ဆိုတာက ခက်ခဲတယ်ဆိုပေမယ့် ကြိုးစားရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်က အားထုတ်နေမယ်၊ ကိုယ့်ကိုတိုးတက်လာအောင်လုပ်ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းရှိနေမယ်၊ ခံယူချက်မှန်မှန်နဲ့ မယိမ်းမယိုင်သွားနိုင်မယ်ဆိုရင် ကောင်ဟိုင်အတွက်က ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ပတ်ဂျီဆန်ဆိုလည်း ဟော်လန်လိဂ်ကနေတဆင့် မန်ချက်စတာယူနိုက်တက်ကို ရောက်ခဲ့ရတာပါ။ ဆွန်ဟောင်မင်လည်း အင်္ဂလန်ကိုရောက်ဖို့ ဘွန်ဒက်လီဂါမှာ ကြိုးစားခဲ့ရပါတယ်။ ဒီကစားသမားတွေရဲ့ ခြေရာအတိုင်းသာ သူ နင်းနိုင်ခဲ့မယ်ဆိုရင်တော့ ပဲရစ်ကနေ အစပြုပြီး သူ့ရဲ့အိပ်မက်တွေကို ဆွဲဆန့်နိုင်ဖွယ်ရာရှိကြောင်းပါ။



🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page