top of page
  • Facebook
  • YouTube

Add a Title

အဆုတ်၃ခုနဲ့လူသား (သို့) ပကတ်ဂျီဆန်


"အသက် ၁၂ နှစ်သားလေးကို ခင်ဗျားက ပတ်ဂျီဆန်နာမည်ကို သွားပြောရင် သူ ဘယ်သူလဲဆိုတာ သူတို့သိမှာမဟုတ်ဘူး၊ ပတ်နဲ့ တွဲကစားဖူးတဲ့ ကျွန်တော်တို့အားလုံးက သူက ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေမှာ ခရစ္စတီယာနိုရော်နယ်ဒိုလောက် အရေးပါခဲ့တယ်ဆိုတာကို သိကြပါတယ်" အဲဒါက ပတ်ဂျီဆန်နဲ့ပတ်သက်ပြီးတော့ ဝိန်းရွန်နီပြောခဲ့တာပါ။ ဒီတောင်ကိုရီးယားသားက PSV ကနေ ပေါင် ၄ သန်းတည်းနဲ့ ယူနိုက်တက်ကို ရောက်လာခဲ့တာပါ။ ဒါပေမယ့် သူ အသင်းအတွက် ကစားပေးသွားခဲ့တာတွေက ပေါင်သန်း ၄၀၀ ထက်မနည်းဘူးလို့တောင် တင်စားခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းမှာ နာမည်ကျော်ကွင်းလယ်လူတွေနဲ့အပြိုင် နေရာတနေရာကို ရယူနိုင်ခဲ့တဲ့သူ၊ ပွဲကြီးပွဲကောင်းတွေမှာ ဖာဂူဆန်ရဲ့ အားကိုးမှုကို ရရှိသူအဖြစ် လူသိများခဲ့သူပါ။ အေစီမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီယာလိုကို ဘောလုံးရှေ့မပေးနိုင်အောင် ထပ်ချပ်မကွာဖိအားလိုက်ပေးခဲ့တဲ့ သူ့ကစားဟန်က နာမည်ကျော်ပါပဲ။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း အခုလိုဆိုကြပါတယ်။ ဝိန်းရွန်နီ။ ။ အေစီမီလန်နဲ့ကစားရမယ့် ပွဲမတိုင်ခင်မှာ ဖာဂီက အသင်းကိုစကားပြောတာ ကျနော်မှတ်မိတယ်၊ သူက ပါ့ခ်ဂျီဆန်ကိုအဓိကထားပြောခဲ့တာပါ၊ မင်းရဲ့ ဒီနေ့အလုပ်က ဘောလုံးထိစရာမလိုဘူး၊ ပေးပို့နေစရာမလိုဘူး၊ မင်းအလုပ်က ပီယာလိုပဲ၊ မင်းလုပ်ရမှာ အဲဒါပဲတဲ့၊ အဲဒီတုန်းက ပီယာလိုက တပွဲကို ပေးပို့မှု ၁၁၀ ကြိမ်လောက် လုပ်နေတဲ့ကစားသမား၊ အဲဒီထဲက ၆၀-၇၀ လောက်က ခင်ဗျားကို နာကျင်စေမယ့် ပေးပို့မှုတွေ၊ သူ့မှာ လှည့်ကွက်ရှိတယ်၊ နောက်တန်းကနေ သူ့ဆီဘောလုံးရောက်လာချိန်ဆို သူက ရှက်ချန်ကို ဒါမှမဟုတ် ကာကာအတွက် ခင်ဗျားရဲ့ ဗဟိုခံစစ်မှူးတွေခေါင်းပေါ်ကနေ ဘောလုံးပေးမှာ၊ ကျနော်မြင်ဖူးသမျှထဲမှာ အဲလိုပေးတာ ပီယာလိုက အကောင်းဆုံးပဲ၊ ဖာဂီက ပါ့ခ်ကို ထပ်ပြောတာက သူ့ကို မင်း ဘောလုံးပေးခွင့်မပေးနဲ့၊ တကိုက်၊ တစက္ကန့်တောင်မှ မင်း နောက်ကျလို့မရဘူးတဲ့၊ ကျနော့်အထင် အဲဒီပွဲမှာ ပီယာလို ဘောလုံးပေးနိုင်တာ ၄၀ ကြိမ်လောက်ပဲရှိမယ်၊ ၉၅% က သူ နောက်ပြန်ပေးနေရတာ၊ ဘာလို့လဲဆိုတော့ ပါ့ခ်ဂျီဆန်က သူ့ကို မယုံနိုင်စရာကောင်းအောင်ကို ထိန်းချုပ်သွားလို့ပဲ၊ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ တကယ်ချီးကျူးရတဲ့သူပါ၊ အဲဒီညက သူ လုပ်သွားတာက အရမ်းခက်ခဲတဲ့ အလုပ်တခုပါ"

ပီယာလို။ ။ "တကယ်နာကျင်ခဲ့ရတဲ့ ညပါ။ မီလန်မှာ ဖာဂူဆန်က ကျနော့်ကို အရိပ်လိုလိုက်နေလို့ ပါ့ခ်ဂျီဆန်ကို ညွှန်ကြားခဲ့တယ်၊ သူက လျှပ်စီးလိုပဲ ပြေးလွှားနေတာ၊ ကျနော့်နောက်ကျောပေါ်မှာ သူ့လက်နှစ်ဖက်နဲ့ အမြဲတမ်းရောက်ရောက်နေတယ်၊ ဘောလုံးကိုပဲ သူကြည့်နေပြီး ဘာအတွက်မှန်းလည်းမသိဘူး၊ သူတို့အစီအစဉ်က ကျနော့်ကိုရပ်တန့်ပစ်ဖို့၊ သူ့တာဝန်ကျေပွန်ခဲ့ပါတယ်၊ နာမည်ကြီးကစားသမားတယောက်ဖြစ်ပေမယ့် သူ့ကို အစောင့်ခွေးတကောင်လို အသုံးချဖို့ သူ့ကို နည်းပြက ညွှန်ကြားတာကို လက်ခံခဲ့ပြီး သူ့အလုပ်သူ အကောင်းဆုံးလုပ်ပြသွားခဲ့တယ်၊ ကျနော်စော်ကားပြောတာမဟုတ်ဘူးနော်၊ သိသာအောင် တင်စားပြောတာ" ပတ်ဂျီဆန်က တကယ်လည်းကွင်းထဲမှာ မမောနိုင်၊ မပမ်းနိုင် ပြေးလွှားကစားနိုင်သူပါ။ ဒါကြောင့်လည်း သူ့ကို အဆုတ် ၃ ခုနဲ့ ကစားသမားလို့ တင်စားခဲ့ကြတာပါ။ လိုအပ်ချိန်တိုင်းမှာ၊ လိုအပ်တဲ့နေရာတိုင်းမှာ၊ နည်းပြထားတဲ့နေရာမှာ ကစားဖို့ အမြဲတမ်းအသင့်ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အိုးထရက်ဖို့ဒ်မှာ ၈ နှစ်တိုင်တိုင် သူကစားပေးနိုင်ခဲ့တာပါ။ အာရှသားတယောက်အတွက်တော့ ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတခုမှာ အဲဒီလောက်အချိန်အကြာကြီးကစားနိုင်ခဲ့တာက တကယ်အံ့အားသင့်ဖို့ကောင်းပါတယ်။ သူ့အောင်မြင်မှုတွေကလည်း အားကျစရာပါ။ ပရီးမီးယားလိဂ်ဖလား ၄ လုံး၊ လိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားတွေကို သူ ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ ပတ်ဂျီဆန်က ချန်ပီယံလိဂ်ဖလားရတဲ့နှစ်မှာ အသင်းအတွက် ဝင်မကစားပေးခဲ့ရတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ပတ်ဂျီဆန်က ကမ္ဘာ့အဆင့်ကစားသမားတွေကြားထဲမှာ သူ့ခြေစွမ်းနဲ့ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပြီး အားလုံးရဲ့အသိအမှတ်ပြုမှုကိုရယူနိုင်ခဲ့ပါတယ်။ ပီယာလို,လို ကစားသမားစိတ်ညစ်ရလောက်အောင်အထိလည်း သူ လုပ်ပြနိုင်ခဲ့ပါတယ်။ အာရှသားတွေထဲမှာ အောင်မြင်မှုအများဆုံးလည်းဖြစ်ခဲ့ပြီး ဒီနေ့အချိန်ထိ သူ့အောင်မြင်မှုတွေကို လိုက်မီတဲ့ အာရှသားမရှိသေးပါဘူး။


🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page