"ကျနော်ခြေစွမ်းမပြနိုင်ရင် အသင်းဝန်ပိနေမှာစိုးလို့ စာချုပ်သက်တမ်းတိုးတာကို ငြင်းထားပါရစေ" တဲ့လား။ အိုး.. ဂျာမနီစနိုက်ပါသမားတယောက်ရဲ့ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာပါ။ ဒီ ကွင်းလယ်မာစတာက ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်ပဲကျန်တော့တာပါ။ အသက် ၃၂ နှစ်အရွယ် ကစားသမားကို ရီးရဲလ်ဘက်က စာချုပ် ၁ နှစ်ထပ်ချုပ်ဖို့ ကမ်းလှမ်းချိန်မှာ သူ့ခြေစွမ်းနဲ စွမ်းဆောင်ရည်ကို လာမယ့်ရာသီကုန်ထိ စောင့်ကြည့်ပါရစေလို့ ပြောပြီး စာချုပ်သက်တမ်းတိုးဖို့ကို နောက်ဆုတ်လိုက်တာပါ။ ဒီအတွက် အသင်းဘက်ကတောင်မှ ပါးစပ်အဟောင်းသားဖြစ်နေရပါသတဲ့လေ။
ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး ရီးရဲလ်ကွင်းလယ်မှာ ပြိုင်ဘက်မရှိမင်းမူထားခဲ့တဲ့ တိုနီခရူးစ်။ ချန်ပီယံလိဂ်ဖလား ၅ လုံးရအောင် ကူညီပေးထားခဲ့သူ။ လာလီဂါဖလား ၃ လုံးလည်း ပါသေးတယ်။ ဒီလိုထိပ်တန်းကွင်းလယ်လူတဦးက သူ့ကို ၁ နှစ်ပဲစာချုပ်သက်တမ်းတိုးလို့ စိတ်တိုရမယ့်အစား စောင့်ကြည့်ပါဦးလို့တောင်မှ တားယူတယ်ဆိုတော့ကာ တကယ့်အံ့ဖွယ်ပါပဲ။ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး ကိုယ့်အလုပ်ပဲ ကိုယ်အာရုံစိုက်တတ်တဲ့ တိုနီခရူးစ်က တကယ့်ကို Perfect Player တဦးလိုဖြစ်လာပါပြီ။ ဒီလိုကစားသမားတွေအကြောင်း ရေးရ၊ ပြောရတာ အရမ်းအရသာရှိပါတယ်။ လက်လည်းသွက်ပါတယ်။
အသက်အရွယ်ရလာရင် ခြေကျလာတယ်ဆိုတဲ့ သဘာ၀ကို ကောင်းကောင်းနားလည်ထားပြီးတော့ အသင်းအတွက်အကျိုးမပြုနိုင်ရင် စာချုပ်သစ်ချုပ်လည်း အလကားပဲလို့ ယူဆထားပုံရပါတယ်။ ဒဲ့ပြောရမယ်ဆိုရင်တော့ လစာလိမ်မယူချင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒီလိုကစားသမားတွေ များများရှိလာလေ ဘောလုံးလောကက ပိုပြီးတော့ ကောင်းမွန်လေပါပဲ။ အပြန်အလှန်လေးစားနားလည်မှုနဲ့ တည်ဆောက်ထားမယ်ဆိုရင် စာချုပ်စာတမ်းကတိကဝတ်ဆိုတာ ခိုင်လုံမှုသက်သေတခုသာသာပါပဲ။ ခရူးစ်လိုမျိုး အသင်းအတွက် ပေးဆပ်မယ်ဆိုတဲ့ ကစားသမားမျိုးအတွက် စာချုပ်သစ်ဆိုတာက စိတ်ပူနေစရာကို မလိုတော့ပါဘူး။
ပေးပို့ပုံတိကျလွန်းအားကြီးလို့ ဘောလုံးကွင်းက စနိုက်ပါသမားလို့ တင်စားခံရတဲ့ ခရူးစ်ရဲ့ စိတ်ဖြောင့်ချက်ကို တွေ့လိုက်ရတာလည်းဖြစ်ပါတယ်။ ရိုးဖြောင့်တာ၊ ဖြောင့်မတ်တာကို ဆိုလိုချင်တာပါ။ ဒီသတင်းက မက်ဒရစ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရေးသားဖော်ပြနေတာဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်တာ၊ အတည်ပြုတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် မှန်ဖို့ရာခိုင်နှုန်းများချေရှိပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားမဟုတ်ဘူးလို့ အပြောခံရပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်လာခဲ့တဲ့ ဂျာမန်သားက အခုတော့ ဘာနေဗျူးမှာ ဂန္ထဝင်ကစားသမားဖြစ်လာတဲ့အထိ ထွန်းတောက်ခဲ့ပြီးပါပြီ။ သူ့ခြေစွမ်းတွေနဲ့တင်မဟုတ်ဘဲ နှောင်းလူတွေအတုယူရမယ့် စိတ်ဓာတ်ကပါ အဆစ် ပါလာခဲ့ပါတယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕