မနေ့ကပဲ သတင်းတွေထွက်လာတာပါ။ ပုံမှန်ဆိုရင်တော့ ဒီလူငယ်လေးတွေရဲ့ အချက်အလက်၊ မှတ်တမ်းတွေကို သိရဖို့က မလွယ်ပါဘူး။ နီးစပ်ရာကတဆင့် ဖော်ပြမှသာ သိရတာပါ။ လိုက်ရှာပြန်တော့လည်း ရှာတွေ့ဖို့က ခဲယဉ်းပါတယ်။ အခုကတော့ Daily Star က ဖော်ပြခဲ့တာပါ။
ယူနိုက်တက်အကယ်ဒမီမှာကစားနေတဲ့ ကိုင်ရွန်နီက ပြီးခဲ့တဲ့ရာသီမှာ ၅၈ ဂိုးအထိ သွင်းယူခဲ့ပြီး ၂၆ ကြိမ် ဖန်တီးပေးခဲ့တယ်တဲ့။ ရော်နယ်ဒိုဂျူနီယာကလည်း ဂိုး ၆၀ သွင်းပြီး ၁၅ ကြိမ်ဖန်တီးပေးတယ်ဆိုပါလား။ အံ့အားသင့်ဖို့ကောင်းတဲ့ မှတ်တမ်းတွေပါ။ အကယ်ဒမီအသင်းသားဘဝမှာ အခုလိုမျိုး ဂိုးတွေများများရတာက သိပ်ပြီးတော့မဆန်းပေမယ့် ဒီကလေးနှစ်ယောက်က တခြားကလေးတွေထက်ကို ထူးကဲနေတာပါ။
ထူးကဲဆို ဝိန်းရွန်နီ နဲ့ ရော်နယ်ဒိုတို့ရဲ့ သားတွေဆိုတော့လည်း ဖအေဗီဇ၊ ဖအေသွေးတွေက စီးဆင်းနေမပေါ့။ သူတို့ကိုယ်တိုင် ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းကျောင်းလေ့ကျင့်ပေးပြီး လမ်းဖောက်ပေးနေတာလည်း ပါပါတယ်။ ဒီကလေးတွေရဲ့ ပင်ကိုယ်ထူးချွန်မှုနဲ့ ဆရာတွေရဲ့ သင်ကြားမှုပေါင်းစပ်လိုက်ချိန်မှာ တခြားကလေးတွေထက် ခေါင်းတလုံးမကသာသွားတော့တာပဲ။ မျိုးရိုးလိုက်တယ်၊ သန္ဓေပါလာတယ်၊ ရေခံမြေခံပတ်ဝန်းကျင်ကောင်းတယ်။ ဒီတော့ သူတို့အတွက်က ရေမီးအစုံပါပဲ။ လေထီးခုန်ဖို့ သတ္တိလေးနဲ့ ကြိုးစားမှုလေးပဲ လိုတော့တာပါ။
ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ ကစားသမားကြီးနှစ်ယောက်ရဲ့ သားတွေကိုလည်း အိုးထရက်ဖို့ဒ်အတွက် အလုပ်အကျွေးပြုတာကိုပဲ မြင်ချင်နေပါပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲမသိပေမယ့် အခုချိန်ထိတော့ ယူနိုက်တက်ရဲ့ အနာဂတ်က ကိုင်ရွန်နီနဲ့ ဂျူနီယာတို့ ဖြစ်လာပါတယ်။ သူတို့အဖေတွေက ယူနိုက်တက်မှာ အတွဲညီခဲ့သလို သူတို့ကလည်း အကယါဒမီမှာ အတွဲညီနေတာပါ။ အတူတူသာ သူတို့ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဒါက ယူနိုက်တက်အတွက်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားပါပဲ။
အိုဒထရက်ဖို့ဒ်မှာ တချိန်က လျှမ်းလျှမ်းတောက်ခဲ့ဖူးတဲ့ ရော်နယ်ဒို+ရွန်နီအတွဲအဖက်ကို ပြန်အသက်သွင်းနိုင်မလား၊ သူတို့ဖခင်တွေရဲ့ ခြေရာတွေကို ထပ်ချပ်မကွာလိုက်နင်းနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕