
ခရိုအေးရှားနဲ့ ပြင်သစ်တို့ပါတဲ့ အုပ်စုမှာ အုပ်စုထိပ်ဆုံးနေရာတွေယူထားတဲ့ အသင်းနှစ်သင်းထပ်တိုက်တွေ့တာပါ။ ပထမအကျော့တုန်းကတော့ ဒိန်းမတ်က အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး အခုတော့ အိမ်ကွင်းမှာ လက်ခံကစားရတော့မှာပါ။ ဒိန်းမတ်ခြေကတော့ မှန်းဆရတာ လွယ်မလိုလိုနဲ့ ခက်နေပါတယ်။ ပြင်သစ်နဲ့ ဩစတြီးယားကို အဝေးကွင်းမှာ နိုင်ပြီးမှ အိမ်ကွင်းမှာ ခရိုအေးရှားကို ရှုံးပါတယ်။ တပွဲ ၂ ဂိုးပုံမှန်ရနေပြီး အိမ်ကွင်းမှာကျ ဂိုးပေါက်ပါပျောက်ခဲ့တာပါ။
ဩစတြီးယားကလည်း ဒီအတိုင်းပါပဲ။ အဝေးကွင်းမှာ ခရိုကို ဂိုးပြတ်နိုင်ပြီးကာမှ အိမ်ကွင်း ၂ပွဲဆက်တိုက် နိုင်ပွဲပြန်ပျောက်သွားပါတယ်။ ဒါပေမယ့် ရန်းဂ်နစ်ခ် လက်ထက်မှာ သူတို့က ကစားကွက်အရ တော်တော်လေးကောင်းမွန်လာပြီးတော့ ပွဲတိုင်းမှာဂိုးရခဲ့ပြီး ပြင်သစ်ဆိုရင် ကံကောင်းလို့သာ သရေကျခဲ့တာပါ။
ဒီပွဲမှာတော့ ဒိန်းမတ်က အပေါ်အသင်းဖြစ်နေပြီး အိမ်ကွင်းမှာကစားရမှာဖြစ်လို့ သူတို့အတွက် ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရှာဖွေဖို့ အားထုတ်လာရမှာပါ။ ဩစတြီးယားက အသင်းလိုက်ကစားပုံကောင်းလာပြီး ခံစစ်ကိုလည်း သေချာပြင်ဆင်ထားတာမို့ ရင်ဆိုင်ရတာက အရင်ကထက်စာရင် နည်းနည်းခက်လာပါပြီ။
ဒီနှစ်သင်း နောက်ဆုံး ၄ ကြိမ်တွေ့ဆုံမှုမှာ ဒိန်းမတ်က အနိုင်ရခဲ့တာပါ။ စုစုပေါင်း ၅ ကြိမ်တွေ့တာမှာ ပထမဆုံးတကြိမ်ကိုပဲ ဩစတြီးယားတို့ အနိုင်ရခဲ့ပြီး ဒိန်းမတ်ကို သူတို့မနိုင်တော့တာ ၁၂ နှစ်တောင်ရှိနေပါပြီ။ ရန်းဂ်နစ်ခ်ကြောင့် ကစားအားကောင်းလာပြီး တိုက်စစ်ပိုင်းလည်း ဂိုးပုံမှန်သွင်းနေတာမို့ နေးရှင်းလိဂ်မှာ ပွဲတိုင်းဂိုးပေးထားရတဲ့ ဒိန်းမတ်ကို သူတို့ ဂိုးပြန်သွင်းနိုင်မှာတော့ သေချာပါတယ်။
ဒိန်းမတ်ကလည်း ခရိုအေးရှားကို အိမ်ကွင်းမှာရှုံးခဲ့တာကို ချေဖျက်ဖို့နဲ့ သူတို့ပရိသတ်တွေရှေ့အောင်ပွဲခံဖို့ ဒီပွဲကို သေချာပေါက်အနိုင်ကစားဖို့ ကြိုးစားလာမှာပါ။ ဩစတြီးယားသာ ဂိုးရမယ်ဆိုရင် ဂိုးပေါင်းအပေါ်ဖြစ်လာမယ့်ပွဲဆိုတာ သေချာပါတယ်။ ဒီတော့ ဒီပွဲမှာ ဘော်ဒီကိုရှောင်ပြီး ဂိုးအပေါ်ကစားတာက ပိုပြီးကောင်းမယ်လို့ ရွေးချယ်ပေးလိုက်ပါတယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕