
၁၉၉၆ ခုနှစ်က ဝင်ဘယ်ဒန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒေးဗစ်ဘက်ခမ်းက ကွင်းလယ်ကနေ ဂိုးထဲတိုက်ရိုက်ကန်ထည့်ခဲ့တာပါ။ ပရီးမီးယားလိဂ်သမိုင်းမှာ အလှပဆုံးသွင်းဂိုးဖြစ်ခဲ့သလို ဘက်ခမ်းရဲ့ ကစားသမားဘ၀မှာလည်း ပြောင်မြောက်တဲ့သွင်းဂိုးတဂိုးဖြစ်ခဲ့ပါတယ်။
နာမည်ကျော် Free-Kick ဆရာကြီးက သူ့ကစားသမားဘ၀မှာ လှပလွန်းတဲ့ သွင်းဂိုးတွေအများကြီးရခဲ့ဖူးပါတယ်။ ဘောလုံးကို ဝေ့ဝိုက်ကာ ကန်သွင်းပြီး ပြိုင်ဘက်ဂိုးသမား လက်လှမ်းမမီအောင် ဂိုးပေါက်ထဲထည့်တဲ့နေရာမှာ ဆရာကျလွန်းခဲ့သူပါ။
ဟိုတနေ့က YouTube ချန်နယ်တခုကနေ နစ်ကီဘတ်၊ ဂယ်ရီနဗီးလ်နဲ့ ဘက်ခမ်းတို့ ဘောလုံးအကြောင်း သောင်းပြောင်းထွေလာတွေ ပြန်ပြောခဲ့ကြပါတယ်။ ဒီလိုပြောနေရင်းနဲ့ နဗီးလ်က "ဘက်ခမ်း၊ မင်းရဲ့ဘ၀မှာ အကောင်းဆုံးသွင်းဂိုးက ဘယ်ဂိုးလဲ" လို့ မေးခဲ့တော့ ဘက်ခမ်းက "ဂရိ၊ ဂရိနဲ့ပွဲက ဂိုး" လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီဂိုးကလည်း အင်္ဂလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်စေခဲ့တဲ့ဂိုးပါ။ ပွဲချိန်နောက်ဆုံးမိနစ်သွင်းဂိုးဖြစ်ပြီး ၁၆.၁ ကီလိုမီတာကနေ ကန်သွင်းယူခဲ့တာပါ။
ဒါနဲ့ နဗီးလ်က "ကွင်းလယ်တဝက်ကနေ မင်းကန်သွင်းခဲ့တဲ့ဂိုးကရော" လို့ ထောက်တော့မှ ဘက်ခမ်းက ပခုံးတွန့်ပြီး "ဟုတ်သားပဲ၊ အဲဒီဂိုးကိုမေ့နေတာ၊ ဟုတ်တယ်၊ အဲဒီဂိုးက အကောင်းဆုံးပဲ" လို့ ပြန်ပြောခဲ့ပါတယ်။ ဘက်ခမ်းက ဒီဂိုးကို ဂိုးရှေ့ထွက်နေတဲ့ ဂိုးသမားကို ကျော်သွင်းယူခဲ့တာပါ။ တော်တော်လေးလှပသလို တိကျမှုကလည်း ကွက်တိပါပဲ။ ဂိုးသမားက နောက်ပြန်ပြေးပြီး လိုက်ဆွဲပေမယ့် မမီတော့ပါဘူး။ ဒီဂိုးကမှ ဘက်ခမ်းမေ့နေခဲ့တယ်ဆိုတာက အံ့အားသင့်ဖို့ကောင်းပါတယ်။ ကစားသမားဘ၀မှာ အမှတ်ရစရာတွေက အများကြီးဖြစ်နေလေတော့ မေ့သွားခဲ့ပုံပါပဲ။
အလွတ်တည်ကန်ဘောဆိုရင် ဘက်ခမ်းနဲ့ ခွဲခြားမရလောက်အောင်အထိဖြစ်ခဲ့ရပြီး လက်ရှိအချိန်ထိ ကမ္ဘာကျော်ဘောာလုံးမင်းသားအဖြစ် ထင်ရှားနေတုန်းပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့အတူ အောင်မြင်မှုအလီလီဆွတ်ခူးနိုင်ခဲ့တဲ့ ဒီအင်္ဂလန်သားကြီးက ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အေစီမီလန်နဲ့ အယ်လ်အေဂလက်ဇီတို့မှာ ကစားခဲ့ပါသေးတယ်။ ဖာဂူဆန်ရဲ့ ၉၂ ရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တဦးဖြစ်ပြီး ယူနိုက်တက်ရဲ့ ရွှေရောင်ကာလတွေမှာ အရေးပါခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕