top of page
  • Facebook
  • YouTube

Add a Title

ဘာနေရဲ့ဗျူက ရူဒီဂါရဲ့လက်စားချေသံ


ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးက လီဗာပူးလ်နဲ့ ဗိုလ်လုပွဲနှစ်ခါတွေ့တယ်။ အက်ဖ်အေဖလား နဲ့ ကာရာဘောင်ဖလားတို့မှာပါ။ နှစ်ပွဲစလုံး ပင်နယ်တီအဆုံးအဖြတ်နဲ့ ချယ်လ်ဆီးရှုံးပြီး ဆုဖလားလက်မဲ့ရာသီကို ရင်ဆိုင်လိုက်ရပါတယ်။ အနည်းဆုံးတော့ ဆုဖလားတလုံးလောက်နဲ့

ရာသီသိမ်းနိုင်တာမျိုးက သူတို့အတွက် ကျေနပ်စရာကောင်းခဲ့မှာမှန်ပေမယ့် လီဗာပူးလ်က အကုန်သိမ်းသွားခဲ့တာပါ။ ဒီအတွက်တော့ နာကျင်မှုတွေရှိမှာက ထုံးစံပါပဲ။ ဘယ်လောက်တောင်မှ နာကျင်ခဲ့ရလဲဆိုတာ ရီးရဲလ်ကို အခုပြောင်းရွှေ့သွားပြီဖြစ်တဲ့ ချယ်လ်ဆီး

နောက်ခံလူဟောင်းရူဒီဂါရဲ့ စကားလုံးတွေက သက်သေပါပဲ။


"ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်ကို ကျနော် ဗိုလ်လုပွဲ နှစ်ကြိမ်ရှုံးခဲ့တယ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က သူတို့ကို အနိုင်ရခဲ့တော့ ကျနော်အရမ်းပျော်ခဲ့တယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ရူဒီဂါက ပြောခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်ကို မနိုင်ခဲ့တဲ့နောက်မှာ

ပြိုင်ဘက်အသင်းသားတဦး၊ ရှုံးနိမ့်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးရဲ့ ခံပြင်းစိတ်နဲ့ နာကြည်းမှုတွေကြားက ထွက်လာတဲ့ အတ္တပါပဲ။ သိုဝှက်ထားလို့ရတယ်၊ ဖုံးကွယ်ထားလို့ရပေမယ့် အသင်းသစ်ကို ရောက်ချိန်မှာ ရူဒီဂါက ထုတ်ဖော်ပြောဆိုလိုက်တာပါ။ အသင်းသစ်မှာ

သူ မျက်နှာရဖို့အတွက်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ရှင်းရှင်းနဲ့ ဘွင်းဘွင်းပဲ သူပြောသွားခဲ့ပါတယ်။


လီဗာပူးလ်ပရိသတ်တွေအတွက်တော့ အသည်းကိုအပ်နဲ့ထိုးဆွသလိုဖြစ်မှာပါပဲ။ နာလိုခံခက်ဖြစ်နေမှာပါပဲ။ ဒါက ရူဒီဂါရဲ့ လက်စားချေသံလည်းဖြစ်ပါတယ်။ အသင်းသစ်ရဲ့ ပူပူနွေးနွေးအနိုင်ရရှိထားမှုနဲ့အတူ အင်္ဂလန်ထိလှမ်းပြီး လက်စားချေသံပေးပို့လိုက်တာလည်း

ဖြစ်ပါတယ်။ ဒီအသံတွေနဲ့အတူ ဂျာမနီနောက်ခံလူတယောက် ဘာနေဗျူးမှာ ပျော်မွေ့နေလောက်ပါပြီ။ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး အိပ်မက်အကြီးကြီးတွေ မက်ခွင့်ရတော့မယ့် လူတယောက်က သူ့ရဲ့ ဘာနေဗျူးကစားသမားဘ၀

ပထမဆုံးအခိုက်အတန့်ကို လက်စားချေသံတွေနဲ့အတူပဲ စတင်ပါခဲ့တော့တယ်။



🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်

🔹 ကျွန်တော်တို့ထံတွင်

⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗

⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။

⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬

🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။

♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။

👨🏼‍💻 𝐓𝐁𝐎𝐁

𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕

bottom of page