ဆီနီဂေါနိုင်ငံ၊ ဘန်ဘလီရွာလေးကနေ ဥရောပကိုခြေဆန့်ခဲ့တဲ့ ဆာဒီယိုမာနေးဆိုတဲ့ ကျေးတောသားတယောက်ရဲ့ ခရီးစဉ်က အခုဆိုရင် မြူးနစ်မြို့ကြီးဆီအထိ ရောက်သွားခဲ့ပါပြီ။ ဆီနီဂေါမြို့တော်၊ ဒါကာကိုသွားဖို့ လမ်းစရိတ်တောင်မရှိခဲ့သူတဦးက အခုတော့
ကမ္ဘာပတ်နေခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတသင်းမှာ ကစားခွင့်ထပ်ရခဲ့တာဆိုရင်လည်း မမှားပါဘူး။ ပြင်သစ်၊ ဩစတြီးယား၊ အင်္ဂလန်ကနေ ဂျာမနီအထိကို ခြေဆန့်နိုင်ခဲ့တဲ့ မာနေးရဲ့ ဒီဇာတ်ကြောင်းတွေထဲမှာ စိတ်ဝင်စားစရာတွေက အပြည့်ရှိနေခဲ့တာကို အားလုံးလည်းသိထားကြပြီးသားပါ။
လီဗာပူးလ်နဲ့အတူ ကလပ်ကစားသမားဘ၀မှာ ရနိုင်သမျှ ဆုဖလားအားလုံးကိုဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်တဲ့ ဆီနီဂေါသားက အခုတော့ ဘွန်ဒက်လီဂါမှာ အောင်မြင်မှုတွေထပ်ယူဖို့ စွန့်စားခန်းထပ်ဖွင့်ခဲ့ပါတယ်။ အန်ဖီးလ်မှာ အစစအရာရာအဆင်ပြေနေခဲ့ပေမယ့် ဒီထက်မကပိုပြီးတော့ အဆင်ပြေချင်တဲ့ လူသားတွေရဲ့ ဆန္ဒအတိုင်း မာနေးက ဒီလမ်းကိုလျှောက်ခဲ့တာပါ။ လစာပိုရတယ်၊ ခံစားခွင့်တွေပိုရမယ်၊ ပြီးရင် လူတွေကို သူ ပိုပြီးကူညီမယ်ဆိုတဲ့ ရိုးရှင်းတဲ့ရည်ရွယ်ချက်လည်း ပါပါတယ်။ သူဖောက်ခဲ့တဲ့လမ်းအတိုင်းပဲ မာနေးက ဆက်လျှောက်ပြီး ခရီးနှင်နေတာလည်းဖြစ်ပါတယ်။
"ဘိုင်ယန်မြူးနစ်က မင်းကို စိတ်ဝင်စားနေတယ်လို့ ကျနော့်အေးဂျင့်က ပထမဆုံးပြောလိုက်တဲ့အချိန်မှာပဲ ကျနော့်ကိုယ်ကျနော် အဲဒီမှာ ပြန်မြင်ခဲ့ရတယ်၊ ဘိုင်ယန်က သူတို့ရဲ့ စီမံကိန်းတွေအကြောင်းကို ကျနော့်ဆီပြောပြတဲ့အခါမှာ ဘယ်သူ့ထက်မဆို ကျနော့်ရဲ့အခန်းကဏ္ဍကပိုတယ်ဆိုပြီးတော့ ခံစားခဲ့ရပါတယ်၊ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အသင်းကို ကျနော်တွေ့ခဲ့တာပါ"
"ဘိုင်ယန်က ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲကတသင်းဖြစ်ပြီး ဆုဖလားတိုင်းအတွက် အမြဲတမ်းတိုက်ပွဲဝင်နေတာလည်းဖြစ်ပါတယ်၊ ဒီတော့ ကျနော့်အတွက် ဒီအသင်းကိုပြောင်းရွှေ့လာတာက အရမ်းကောင်းတဲ့အတွေးအခေါ်လို့ပဲ ခံစားမိတယ်၊ ချန်ပီယံလိဂ်နဲ့
ပတ်သက်ပြီးတော့ ကျနော်ဘာမှမပြောချင်သေးဘူး၊ လူတိုင်းက ဒီဖလားကိုလိုချင်တာပဲလေ၊ ကစားသမားတိုင်းပေါ့၊ အခုကတော့ ပြောဖို့စောပါသေးတယ်၊ တပွဲမှတောင်မှ မကန်ရသေးဘူးလေ" တဲ့။ ဒါတွေက ဘိုင်ယန်နဲ့အတူ စာချုပ်ချုပ်တော့မယ့် မာနေးရဲ့ ပြောစကားတွေပါ။
သက်ရှိထင်ရှားနတ်ဘုရားလို့ ဆီနီဂေါသားတွေ တင်စားထားတဲ့ မာနေးရဲ့ ဒီခရီးလမ်းက ဖြောင့်ဖြူးပါစေသားလို့ ဆုတောင်းပေးစရာတောင်လိုမယ်မထင်ပါဘူး။ ရိုးရိုးကုပ်ကုပ်နဲ့ ကြိုးစားအားထုတ်သူတယောက်အတွက် အောင်မြင်မှုဆိုတာက အမြဲတမ်းလက်တကမ်းမှာ
ရှိနေတယ်ဆိုတာကို သူကိုယ်တိုင်သက်သေပြထားပြီးသားဖြစ်နေလို့ပါ။ မာနေးရဲ့ မြူးနစ်ခရီးစဉ်ကလည်း အောင်မြင်မှုတွေ၊ ဆုဖလားတွေ၊ သွင်းဂိုးတွေနဲ့အတူ သာယာတဲ့လမ်းကိုလျှောက်လှမ်းရမယ်ဆိုတာက သေချာပါတယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕