
နေးရှင်းလိဂ်အုပ်စု ၃ပွဲကစားပြီးချိန်မှာတော့ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံပြင်သစ်ကြက်ဖကြီးတို့ အသံတောင်မထွက်နိုင်တော့ပါဘူး။ တပွဲမှမနိုင်သေးဘဲ အုပ်စုအောက်ဆုံးကိုရောက်နေပြီး နည်းပြဒက်ချမ့်စ်အတွက် စိုးရိမ်ရေမှတ်ကို ရောက်နေပါတယ်။ ကမ္ဘာ့ဖလားကန်ဖို့ အချိန်လိုသေးတယ်ဆိုပေမယ့်လည်း အခုချိန်ထိ တည်ငြိမ်တဲ့ပုံစံကို မပြသနိုင်သေးတာက ပြင်သစ်အတွက်တော့ ထိတ်လန့်စရာပါပဲ။ နေရာတိုင်းမှာ ကစားသမားကောင်းတွေရှိနေတာတောင် ဖျက်မြင်းအဆင့်အသင်းတွေကို အသာမရဘူးဆိုတာက သူတို့အတွက်တော့ တော်တော်ခံပြင်းစရာကောင်းနေပါပြီ။
ပြီးတော့ တပွဲတဂိုးရဖို့တောင်မှ မနည်းရုန်းကန်နေရပြီး မနေ့ညက ဩစတြီးယားနဲ့ပွဲမှာလည်း ဘတ်ပီလူစားဝင်လာမှသာ ဂိုးရခဲ့တာပါ။ ဘန်ဇီမာလည်း ကြောင်ပျောက်နေပြီး ရီးရဲလ်မှာတုန်းက ပုံစံမျိုးပျောက်နေပါတယ်။ အပိုင်အခွင့်အရေးရတာတောင်မှ ဂိုးသမားတည့်တည့်ခေါင်းတိုက်မိလို့ တောက်ခေါက်ပြီး အံကြိတ်နေခဲ့ရတာပါ။ ဂရစ်မန်းကတော့ ဂိုးပေါက်ပျောက်နေတာ မိနစ်ပေါင်း ထောင်နဲ့ချီနေပေမယ့် ဒက်ချမ့်စ်က ပွဲတိုင်းထုတ်သုံးနေတာတောင် ဘာမှမလုပ်ပြနိုင်တာတော်တော်ဆိုးပါတယ်။ ကန်တေနဲ့ ပေါ့ဂ်ဘာမရှိတဲ့ ပြင်သစ်ကွင်းလယ်က အဆိပ်ကင်းမဲ့တယ်ဆိုတာလည်း သိသာနေခဲ့ပါတယ်။
အသင်းကွင်းလယ်ကို ထိန်းချုပ်ပေးဖို့ဆိုရင် ဒိကစားသမားနှစ်ဦးထဲက တဦးတော့ ရှိနေမှဖြစ်မှာပါ။ ချူမန်နီက လူငယ်ပီပီ လုပ်ရဲကိုင်ရဲရှိပြီး ကစားအားကောင်းပေမယ့် အဲဒီနှစ်ယောက်လိုမျိုး အတွေ့အကြုံနဲ့ ခေါင်းသုံးတဲ့အပိုင်းမှာ အများကြီးကွာနေတုန်းပါ။ ကာမာဗင်ဂါကို
ယူ-၂၁ နဲ့ ပူးပေါင်းခိုင်းခဲ့တာကလည်း အားနည်းချက်တခုလို့ဆိုရပါမယ်။ အရေးအကြောင်းဆိုရင် Long Ball တွေ၊ တိုက်စစ်ပြန်စမယ့်လမ်းကြောင်းတွေဆီ ဘောလုံးတိုက်ရိုက်ပေးနိုင်တဲ့ ပေါ့ဂ်ဘာလိုကစားသမားမျိုးမရှိတာ တော်တော်လေးတော့အထိနာပါတယ်။ ပေါ့ဂ်ဘာ ပြန်ပါလာရင်တော့ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမယ့် သူမရှိရင်ဆိုတဲ့ Plan B အတွက် ဒက်ချမ့်စ်အဖြေမထုတ်နိုင်သေးပါဘူး။
လက်ရှိပုံစံအတိုင်းဆို ပြင်သစ်က ယူရိုမှာတုန်းကလိုပဲ အိမ်ပြန်စောပါလိမ့်မယ်။ သူတို့ခြေစွမ်း အာဂျင်တီးနား၊ ဘရာဇီးလ်ကို ယှဉ်နိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။ ဘတ်ပီသာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် ပိုပြီးတော့ ဆိုးရွားတဲ့ ပြင်သစ်ကို မြင်ရဦးမှာပါ။ အခုထိတော့ သူတို့တွေ နေးရှင်းလိဂ်မှာ မတွန်ကျူးနိုင်သေးပါဘူး။ မြေစမ်းခရမ်းပျိုးနေတုန်းဖြစ်ပြီး အချိန်မီသာမပြင်ဆင်နိုင်ခဲ့ရင်တော့ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းကလို လက်ရှိချန်ပီယံအဖြစ်နဲ့ အုပ်စုကနေတောင် လှည့်ပြန်ကိန်းဆိုက်သွားပါလိမ့်မယ်။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕