
နေးရှင်းလိဂ်မှာ ၄ ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက် တန်းမဆင်းရဖို့ကို ပြင်သစ်တို့ ရုန်းကန်ရပါတော့မယ်။ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံက တိုက်စစ်ပိုင်းမှာ ပြီးခဲ့တဲ့ရာသီက လိဂ်ကြီး ၃ ခုရဲ့ ထိပ်တန်းဂိုးသွင်းရှင်၊ ဖန်တီးရှင်တွေဖြစ်ခဲ့တဲ့ ဘန်ဇီမာ၊ ဘတ်ပီ၊ အန်ကူကူတို့ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် တပွဲကို တဂိုးရဖို့တောင် ကြိုးစားနေရပါတယ်။
အဲဒီကစားသမား ၃ ဦးပေါင်းရင် ပြီးခဲ့ရာသီမှာ သွင်းဂိုးနဲ့ ဖန်တီးမှုက ၂၀၀ ပတ်ချာလည်မှာရှိခဲ့တာပါ။ ဒါဆို ပြင်သစ်မှာ သူတို့ ဘာတွေဖြစ်နေတာလဲ? ကန်တေနဲ့ ပေါ့ဂ်ဘာတို့ မပါဘူးဆိုပြီး ဖြေရှင်းလို့ရပေမယ့် ဒီကစားသမားနှစ်ဦးမရှိရင် ဘာမှမလုပ်တတ်တော့ဘူးလားလို့ မေးခွန်းထုတ်ရမှာပဲ။ ဒက်ချမ့်စ်ရဲ့ ဂရစ်မန်းကို ခေါင်းမာမာနဲ့ နေရာပေးနေတာ၊အသင်းက ကွင်းလယ်မှာ holding midfielder ကောင်းကောင်းမရှိတာတွေက အားနည်းချက်တွေဖြစ်နေပါတယ်။
ပြင်သစ်တို့ ရေနစ်နေတာကတော့ အမှန်ပါပဲ။ အခုထိ သူတို့ ယက်ကန်ယက်ကန်ဖြစ်နေတုန်းပါ။ ကာတာကမ္ဘာ့ဖလားမှာသာ ဒီလိုပုံစံဆိုရင် စောစောစီးစီး ပြည်တော်ပြန်ရမှာ သေချာပါတယ်။ ၉၈ မှာ ကမ္ဘာ့ဖလားရပြီး ၂၀၀၂ မှာသူတို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာက သာဓကရှိနေတာ မေ့ထားလို့ မရပါဘူး။ ပြီးခဲ့တဲ့ ယူရို၊ နေးရှင်းလိဂ်တွေမှာ သူတို့ မအောင်မြင်ခဲ့တာကလည်း စဉ်းစားစရာပါ။
နေးရှင်းလိဂ်က အရေးမပါဘူး၊ ခြေစမ်းပွဲပုံစံပေါက်နေတယ်ဆိုပေမယ့် ပွဲကစားရတာနည်းလွန်းတဲ့ လက်ရွေးစင်အသင်းတွေအတွက်တော့ ပြင်ဆင်မှုကောင်းကောင်း လုပ်လို့ရတဲ့ အခွင့်အရေးကို ပေးပါတယ်။ ကမ္ဘာ့ဖလားကလည်း ဒီနှစ်ထဲကစားတော့မှာဆိုတော့ အခုချိန်က ကိုယ့်အသင်းအနေအထားကို ကောင်းကောင်းသိခွင့်ရတဲ့ အချိန်ပါ။ ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ အချိန်လည်း ရနေပါသေးတယ်။
ရေနစ်နေတဲ့ ပြင်သစ်အတွက် ကောက်ရိုးတမျှင်က အချိန်ပါပဲ။ ပေါ့ဂ်ဘာတို့ပြန်ကစားလာနိုင်မယ်၊ ဒက်ချမ့်စ်လည်း ခေါင်းမမာဘူးဆိုရင် သူတို့ပြန်လာနိုင်ဦးမှာပါ။ ယူရိုမှာကတည်းက ကျစပြုနေတဲ့ ပြင်သစ်ကို သတိထားမိခဲ့ပေမယ့် ဒီလောက်ထိတော့မဟုတ်ပါဘူးလေ ထင်ခဲ့မိတာပါပဲ။ အခုတော့ သူတို့အတွက် ကောက်ရိုးတမျှင်တောင်မျှော်နေရသလိုဖြစ်လာနေပါပြီ။ ကြက်ဖကြီးတို့တခေတ်က လျင်လျင်မြန်မြန်နဲ့ပဲ ပြီးသွားတော့မှာလား? ဘတ်ပီတို့တသိုက်က ဆွဲမတင်နိုင်တော့ဘူးလား? ဆိုတဲ့ အတွေးတွေနဲ့အတူ...။
🔹𝐎𝐧𝐥𝐢𝐧𝐞ပေါ်မှငွေကြေးအရှုပ်အရှင်းကင်းစွာကစားလိုသည့်မိတ်ဆွေများအတွက်
🔹 ကျွန်တော်တို့ထံတွင်
⚽ 𝐈𝐛𝐞𝐭𝟕𝟖𝟗
⚽ 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝟑𝟔𝟓 တို့ကိုစိတ်အေးချမ်းသာစွာကစားနိုင်ပါတယ်။
⚽ 𝐈𝐛𝐞𝐭» 𝐒𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤 »𝟏𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐊𝐬
🔹 𝟏𝟎𝐔𝐧𝐢𝐭 𝟏𝟎𝟎𝟎𝟎𝐊𝐬မှစတင်ကစားနိုင်ပါတယ်။
♦️ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် 𝐀𝐠𝐞𝐧𝐭 ဖြစ်စေ ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဖြစ်စေ ၊ 𝐒𝐞𝐧𝐢𝐨𝐫 ဖြစ်စေ အနဲဆုံးစျေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်။
👨🏼💻 𝐓𝐁𝐎𝐁
𝐏𝐡 ~ 𝟎𝟗 𝟓𝟒𝟏 𝟓𝟖 𝟐𝟕