ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဘဲကြီးကို အားပေးခဲ့ရတာ ဘယ်တုန်းကမှ မမှားခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့နေ့ ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ဝက်စ်မင်စတာ ဘုရားကျောင်းခန်းမထဲမှာ ထားရှိထားတဲ့ ဘုရင်မကြီးအဲလစ်ဇဘက်ရဲ့ ရုပ်ကလာပ်ကို ဂါရ၀ပြုဖို့
ဘက်ခမ်းက သာမန်ပြည်သူတဦးလိုပဲ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ရောက်ရှိလာခဲ့တယ်ဆိုတာပါပဲ။ ဘက်ခမ်းက ကမ္ဘာကျော်ပုဂ္ဂိုလ်တဦးဖြစ်ပြီး ကြွယ်၀ချမ်းသာမှုကလည်း အံ့မခန်းပါ။ ဘုရင်မကြီးရဲ့ သူကောင်းပြုမှုကို ခံခဲ့ရသူဖြစ်လို့ ဂါရ၀ပြုတဲ့အခါမှာ
သူ့အတွက် သီးသန့်စီစဉ်ပေးတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမယ့် ဘက်ခမ်းက အများသူငှာတွေလိုပဲ တန်းစီစောင့်ဆိုင်းပြီး ဂါရ၀ပြုဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ မနက် ၂ နာရီကတည်းကနေ ဘက်ခမ်းက တန်းစီခဲ့ပြီး နာရီပေါင်း ၁၂နာရီကြာပြီးမှ သူ ဂါရ၀ပြုရမယ့်အလှည့်ရောက်ခဲ့ပါတယ်။ လူတန်းရှည်ကြီးထဲမှာ ဘက်ခမ်းလည်း
ရှိနေခဲ့ပြိး အားလုံးနဲ့အတူတူ သူက စည်းကမ်းတကျတန်းစီစောင့်ဆိုင်းခဲ့တာပါ။ သူ့ကိုမြင်တွေ့ခဲ့ရလို့လည်း အံ့အားသင့်သူတွေ အများကြိးရှိခဲ့ပြီး အခွင့်အရေးမယူခဲ့တာအတွက်လည်း ချီးကျူးနေကြပါတယ်။ ဘက်ခမ်းလို လူတယောက်က ဒီလိုလုပ်မယ်လို့ မထင်ကြောင်း
ဖွင့်ဟခဲ့သူတွေရှိပြီး ဒီကစားသမားဟောင်းရဲ့ ရိုကျိုးနှိမ့်ချတဲ့စိတ်ထားကို အားလုံးက လေးစားခဲ့ကြပါတယ်။
ဘက်ခမ်းက စိတ်ရှည်သည်းခံမှု၊ အချိန်တွေအများကြီးပေးမှုတွေနဲ့ ဘုရင်မကြီးအပေါ် သူ ဘယ်လောက်လေးစားချစ်ခင်လဲဆိုတာကို ပြသခဲ့ပါတယ်။ တကယ်ဆိုရင် သူ့အတွက် အချိန်ခဏလေးအတွင်းမှာပဲ ဂါရ၀ပြုလို့ရခဲ့ပေမယ့် အဲဒီလမ်းကို သူ မရွေးခဲ့ပါဘူး။
အများနည်းတူ တန်းစီပြီးတော့ အလှည့်ကျလာမယ့်အချိန်ကိုသာ စောင့်ခဲ့ပါတယ်။ ဒီအတွက်လည်း သူ့အပေါ် အားလုံးက ပိုပြီးလေးစားချစ်ခင်ခဲ့ကြပြီး ချိးကျူးမှုတွေကလည်း ပလူပျံနေပါတယ်။ သာမန်လူတွေလိုပဲ ဘက်ခမ်းက စောင့်ဆိုင်းတယ်၊ လူပုံအလယ်မှာ
ရိုရိုကျိုးကျိုးနေခဲ့တယ်။ နှိမ့်ချပြီးတော့ ရှိနေခဲ့တယ်။ ကမ္ဘာကျော်လူပုဂ္ဂိုလ်တဦးဆီက ကျနော်တို့ သင်ယူလိုက်ရတာတွေ အများကြိးပါပဲ။ အမှန်တကယ်လည်းပဲ လေးစားချင်စရာကောင်းတဲ့သူအဖြစ် ဘက်ခမ်းက ရှိနေခဲ့ပါတယ်။