• Facebook
  • YouTube

Add a Title

အဲရစ်ဆန်က လူသားမှဟုတ်ရဲ့လား..?

ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ကတော့ လက်ရွေးစင်အသင်းမှာလည် တောက်လျှောက်ကို ခြေစွမ်းပြနေပါတယ်။ မနေ့ညက ပြင်သစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ထိပ်တန်းကွင်းလယ်လူတဦးရဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကို

ထပ်မံပြီးတော့ ရယူနိုင်ခဲ့ကာ ရင့်ကျက်တည်ငြိမ်လာတဲ့ ကွင်းလယ်လူတဦးရဲ့ အသွင်သဏ္ဍာန်အပြည့်အ၀ရှိနေခဲ့ပါတယ်။


ပွဲချိန်တွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ -


Dribbles ၃ ကြိမ်စလုံး အောင်မြင်ခဲ့

ပေးပို့ပုံ ၈၄% တိကျခဲ့

ဘောလုံးထိချက် ၈၀ ကြိမ်

ဖြတ်တင်ဘော ၉ ကြိမ်လုပ်နိုင်ခဲ့

အရေးပါတဲ့ ပေးပို့မှု ၈ ကြိမ်

မြေပြင်ဘောလုံးရယူနိုင်မှု ၄ ကြိမ်

Long Balls ၂ ကြိမ် အထိ ရှိခဲ့ပါတယ်။


အခွင့်အရေးဖန်တီးပေးနိုင်မှု ၈ ကြိမ်ဟာ သူ့အသင်းဖော်အားလုံးစုစုပေါင်းလုပ်ပေးနိုင်တာထက် ပိုများခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်ပဲလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ခရိုအေးရှားကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း

အသင်းရလဒ်မကောင်းခဲ့ပေမယ့် အဲရစ်ဆန်က ခြေစွမ်းပြခဲ့ပြီး လှပတဲ့သွင်းဂိုးတဂိုးပါ ရယူနိုင်ခဲ့ပါသေးတယ်။


မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကတော့ နှလုံးရောဂါကြောင့် ကွင်းထဲလဲကျပြီး ကစားသမားဘ၀အဆုံးသတ်ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ပြန်ကစားနိုင်ချိန်မှာ အရင်ကထက်တောင်မှ ပိုပြီးခြေစွမ်းပြလာတာပါ။ ဒီရာသီမှာ ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီး

နောက် တန်ဟက်ဂ်ျရဲ့ အားအကိုးရဆုံးကစားသမားလည်းဖြစ်လာခဲ့ကာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး အသင်းကွင်းလယ်ကို ထိန်းကျောင်းပေးနေသူလည်းဖြစ်ပါတယ်။


နှလုံးမှာစက်တပ်ထားပေမယ့် အဲရစ်ဆန်ရဲ့ ခြေစွမ်းကတော့ အသိအမှတ်မပြုဘဲနေလို့မရအောင်ရှိနေခဲ့ပြီး စက်ရုပ်တရုပ်လို မမောနိုင်မပမ်းနိုင် ကစားနိုင်နေခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တယောက်ဆိုတဲ့ အနေအထားကိုလည်း

ပြန်ရောက်လာပြီလို့ ပြောလို့ရပါတယ်။


လူကာမိုဒရစ်က သူ့ကစားသမားဘ၀မှာ အသက်ကြီးလာလေ ပိုပြီးတော့ ကောင်းလာလေ၊ အနှစ်သာရပြည့်၀တဲ့ ကစားဟန်ကို ပုံဖော်လာနိုင်လေဖြစ်နေခဲ့သူပါ။ အခု အဲရစ်ဆန်ကလညး အဲဒီလိုဖြစ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ၊ ဒိန်းမတ်မှာ သူလုပ်ပြနေတာတွေက

လက်ဖျားခါလောက်စရာကောင်းအောင်ကို ဖြစ်နေပါတယ်။ ဒါတောင်မှ သူက နှလုံးမှာစက်တပ်ထားရတဲ့ ကစားသမားဖြစ်နေလို့ တချက်တချက်မှာ စိတ်လွတ်ကိုယ်လွတ်ကစားဖို့ကို တွန့်ဆုတ်ချင်တွန့်ဆုတ်နေရပါလိမ့်မယ်။ ဒီလိုတောင်မှ သူ့ခြေစွမ်းက အလန်းစား

ဖြစ်နေလေတော့ ဒီလူက လူသားမှဟုတ်ရဲ့လားတောင် ထင်နေရပါပြီ။


Why join sportsbooks , Games and Slots sites via TBOB ?

■ လစဥ် Bonus , မိတ်ဆက် Bounus များအား အလျင်းသင့်သလို ပေးခြင်း။

■ တစ်နေရာတည်းနှင့် အပြည့်စုံဆုံးသော ကစားနည်းမျိူးစုံ ဝန်ဆောင်မှုပေးခြင်း။

■ ယုံကြည်စိတ်ချရပြီး ကစားရလွယ်ကူအဆင်ပြေသော Website ကို ညွှန်းပေးခြင်း။

■ ငွေသွင်းငွေထုတ် မြန်ဆန်မှန်ကန်အောင် ပြုလုပ်ပေးခြင်း။

■ ကစားနေစဥ် ဖြစ်ပေါ်လာသော အငြင်းပွားဖွယ်ရာ ပြသနာများအား ဖြေရှင်းပေးခြင်း။

■ လုံးဝမကစားတတ်သေးပါက ကစားနည်းများကို သင်ကြားပြသပေးခြင်း။