စနေနေ့မှာ ကျနော် ပွဲကောင်းတွေနည်းတာနဲ့၊ စိတ်တိုင်းမကျတာနဲ့ ဒီနေ့ညနေ ၅ နာရီမှာ ကစားမယ့် အင်တာမီလန်ပွဲကို ကြိုတင်ရွေးချယ်ပေးခဲ့ပါတယ်။ ဒီနေ့အတွက်တော့ ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်ပွဲကိုချဉ်းကပ်ထားပြီး အောင်မြင်မယ်လို့လည်း သေချာပေါက်ယုံကြည်ထားပါတယ်။ အဲဒီပွဲအကြောင်း ပြောရအောင်ပါ။နယူးကာဆယ်က အသင်းသစ်၊ အသွင်သစ်ဖြစ်နေပြီး ဒီရာသီမှာ မဆိုးဘူးလို့ပြောရအောင်ကို တိုးတက်နေပါတယ်။ အသင်းကြီးတွေဆီက အမှတ်ရအောင်ကစားလာနိုင်သလို နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကိုလည်း သူတို့အနိုင်ရအောင်ကစားတတ်လာပါတယ်။ ဒါပေမယ့်အိုးထရက်ဖို့ဒ်က သူတို့အတွက် အိပ်မက်ဆိုးတွေမက်နေရတဲ့ကွင်းဖြစ်နေတုန်းပါ။ ယူနိုက်တက်ကွင်းမှာ နောက်ဆုံး ၅ ကြိမ်ကစားခဲ့သမျှ တပွဲမှမနိုင်ခဲ့ဘဲ ပွဲတိုင်းရှုံးခဲ့ပြီး တပွဲကိုအနည်းဆုံး ၃ ဂိုးအထိပါ ပေးခဲ့ရတာပါ။အဲဒီပွဲအားလုံး ဂိုးပေါင်းအပေါ်ဖြစ်ပြီးတော့ ယူနိုက်တက်က ၄-၁၊ ၃-၁ ဆိုတဲ့ ရလဒ်တွေနဲ့ပါ အနိုင်ကစားနိုင်ခဲ့တာပါ။ ဒီရာသိမှာ နယူးကာဆယ်က အသင်းကြီးတွေနဲ့ အဝေးကွင်းအစြဖ် လီဗာပူးလ်ကို ရင်ဆိုင်ထားရပြီး အရေးနိမ့်ထားပါတယ်။ မန်စီးတိးကို အိမ်ကွင်းမှာသရေကစားခဲ့တာပါ။ ဒါက အဝေးကွင်းဆို သူတို့က အသင်းကြီးတွေကို ယှဉ်နိုင်ဖို့ တဆင့်လိုသေးတယ်ဆိုတာကို ပြနေပါတယ်။ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ မန်စီးတီးတသင်းတည်းကိုပဲ အရေးနိမ့်ခဲ့ပြီး ကျန်ပွဲအားလုံးအနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာ လီဗာပူးလ်၊ အာဆင်နယ်တို့ကိုတောင် အနိုင်ကစားခဲ့ပါတယ်။ ပွဲတိုင်းလိုလို ဂိုးသွင်းထားနိုင်ခဲ့ပြီး ခံစစ်ပိုင်းကတော့တပွဲကို ၁ ဂိုးပုံမှန်ပြန်ပေးနေရတာက အားနည်းချက်အဖြစ်ရှိနေပါတယ်။ သူတို့အိမ်ကွင်းဆို ခြေစွမ်းပိုကောင်းလာတာက နယူးကာဆယ်ကို အနိုင်ကစားနိုင်ဖို့အတွက် လုံလောက်တဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ဒီပွဲမှာ ယူနိုက်တက်က သရေအရှုံးပေါက်နေတာက ကြေးပျော့နေတယ်လို့တော့ ခံစားရပါတယ်။ တကယ်ဆိုရင် ၁ လုံးသွင်း ၃၀၊ ၄၀၊ ၅၀ လောက် ပေါက်သင့်ပါတယ်။ ညနေပိုင်းမှာ ကြေးအပြောင်းအလဲကြမ်းမလားဆိုတာကိုတော့ သတိထားစောင့်ကြည့်သင့်ပါတယ်။ဂိုးပေါင်းစျေးကိုတော့ ၃လုံး ၅၀နိုင်ဖွင့်ထားပြီး ဒါကတော့ မျှတပါတယ်။ ဒီပွဲမှာတော့ အစဉ်အလာအရ အိမ်ကွင်းဆို နယူးကာဆယ်ကို အနိုင်ကစားတဲ့ ယူနိုက်တက်ကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး ဂိုးပေါင်းအပေါ်ကိုလည်း သဘောကျပါတယ်။ နယူးကာဆယ် တဂိုးသွင်းတာနဲ့သေချာပေါက် ဂိုးပေါင်းအပေါ်ဖြစ်မှာပါ။ ဒါကြောင့် ယူနိုက်တက်ဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
