ကက်စ်မဲရိုးကို ခေါ်ယူဖို့ သဘောတူညီမှုရထားပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနီကိုလည်း ထပ်မံကမ်းလှမ်းထားပြီးပါပြီ။ ကနဦးကမ်းလှမ်းချက်တွေကို အေဂျက်ဇ်က ငြင်းဆန်ထားပေမယ့်
ပြောင်းရွှေ့ကြေးတိုးမြှင့်ပြီး ထပ်မံကမ်းလှမ်းခဲ့ပြီး အခုဆိုရင် ကစားသမားကလည်း သူ့ကို အသင်းပြောင်းခွင့်ပေးဖို့အတွက်တောင်မှ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ပါပြီ။ အသင်းလေ့ကျင့်ရေးကွင်းကို ရောက်လာပေမယ့် အန်တိုနီက အသင်းနဲ့မပူးပေါင်းခဲ့
ဘဲ သူ အသင်းပြောင်းချင်လို့ နည်းပြကို ပြောဆိုခဲ့တယ်လို့လည်း သတင်းတွေထွက်လာပါတယ်။
အန်တိုနီက အဲရစ်တန်ဟက်ဂျ်ရဲ့ တပည့်ရင်းပါ။ အေဂျက်ဇ်မှာ သူ ထွန်းတောက်လာခဲ့တာက တန်ဟက်ဂျ်ရဲ့ ညွှန်ကြားမှုတွေအောက်မှာ အားထုတ်ကြိုးပမ်းခဲ့တာကြောင့်ပါ။ တန်ဟက်ဂျ် ယူနိုက်တက်ကို ရောက်လာကတည်းက သူ့ကို ပထမဆုံးခေါ်မယ်လို့
ယူဆခဲ့ပေမယ့် အေဂျက်ဇ်ဘက်က ငြင်းဆန်ခဲ့လို့ တပါတည်းရောက်မလာတာလည်းဖြစ်ပါတယ်။ အခုတော့ တန်ဟက်ဂျ်လိုချင်တဲ့ကစားသမားကို မရရအောင်ခေါ်ပေးဖို့ ယူနိုက်တက်က ကြိုးစားပေေးနပါပြီ။ အဖွင့်ပွဲနှစ်ပွဲစလုံးကို ရှုံးနိမ့်ပြီးနောက်မှာ အသင်းဘက်က
တန်ဟက်ဂျ်လိုချင်တဲ့သူတွေကို ခေါ်ပေးမှရတော့မယ်ဆိုတာ နားလည်သွားပုံပါပဲ။
အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၃ သန်းအထိ ယူနိုက်တက်က ပေးချေမှာဖြစ်ပြီး ထပ်ဆောင်းပေးရမယ့်ငွေနဲ့ဆို ယူရိုသန်း ၁၀၀ နီးပါးရှိမှာပါ။ အေဂျက်ဇ်ဘက်က ငြင်းလို့မရလောက်တဲ့ ပမာဏမျိုးဖြစ်နေပါတယ်။ ကစားသမားကလည်း အသင်းပြောင်းရွှေ့
ချင်နေတယ်ဆိုတော့ ဒီအပြောင်းအရွှေ့ကလည်း ရက်အနည်းငယ်အတွင်း ဖြစ်လာဖွယ်ရာရှိနေပါတယ်။ မာလာစီယာ၊ အဲရစ်ဆန်၊ မာတီနက်ဇ်တို့ကို ခေါ်ယူထားပြီးပေမယ့် တန်ဟက်ဂျ်အတွက်တော့ သူ လိုချင်တဲ့အသင်းပုံစံ၊ ကစားကွက်ရဖို့တော့ ကစားသမားသစ်တွေ
လိုအပ်နေခဲ့တာပါ။ ဒါကြောင့် အန်တိုနီကို သူတို့ အသည်းအသန်ထပ်ပြီးကြိုးစားနေတာပါ။
ညာနောက်ခံလူတဦးနဲ့ ဂိုးသမားတဦးး၊ ပြီးတော့ တိုက်စစ်မှူးတဦးပါ ထပ်ခေါ်ဖို့အတွက် သူတို့ကြိုးစားနေပါသေးတယ်။ ဘယ်သူတွေထပ်ရောက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။