ဘောလုံးပွဲမစခင် နိုင်ငံတော်သီချင်းကို အားမာန်ပါပါနဲ့ သီဆိုတဲ့အသင်းအနေနဲ့ အီတလီက ထင်ရှားခဲ့တယ်။ ချီလီနီက ဦးဆောင်ပြီးတော့ အသံကုန်ဟစ်ပြီး ဆိုတာပါ။ကစားသမားတွေမပြောနဲ့ ပရိသတ်တွေတောင်မှ သူတို့ကိုကြည့်ပြီး စိတ်အားတက်ကြွ
တယ်။ လာမယ့်ကမ္ဘာ့ဖလားပွဲမှာ အီတလီမပါတော့ အဲဒါကိုမမြင်ရဘူးလို့ ထင်နေတာ။ အခုတော့ ပေါ်တူဂီက အဲဒီလိုမျိုးပုံစံကို လုပ်နေပြီ။
ချက်နဲ့ပွဲမှာ ရော်နယ်ဒိုဦးဆောင်ပြီး နိုင်ငံတော်သီချင်းကို မာန်ပါပါသီဆိုနေတာပါ။ နိုင်ငံတော်သီချင်းဆိုတဲ့အချိန်က ဘယ်လောက်ထိ ကြက်သီးထဖို့ကောင်းလဲဆိုတာ ကွင်းထဲမှာ သက်တမ်းအလိုက်လက်ရွေးစင်ပွဲသွားကြည့်ဖူးသူတွေ သိပါတယ်။
စိတ်ခွန်အားလည်းတကယ်ရသလို တက်ကြွမှုကိုလည်း ခံစားရတယ်။ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ အရမ်းအထောက်အကူဖြစ်တယ်။
ကာတာမှာ ပေါ်တူဂီသားတွေ အသံကုန်ဟစ်ကြွေးတာတွေကို မြင်ရတော့မှာပါ။ အီတလီကတော့ အူလှိုက်သည်းလှိုက်ကို ဆိုတာပါ။ တချို့ကစားသမားဆိုရင် ခါးကုန်းပြီးတော့ကို အော်ဆိုတော့တာပဲ။ ပေါ်တူဂီမှာတော့ ပုံထဲကအတိုင်းဆို ရော်နယ်ဒိုက
အတက်ကြွဆုံးဖြစ်မယ်ထင်ပါတယ်။ အီတလီကတော့ ပိုကြမ်းပါတယ်။ ခန္ဓာကိုယ်တွေပါ ယိမ်းထိုးပြီးတော့ တကိုယ်လုံးက အားကို ရင်ခေါင်းဆီပို့ပြီး ဟစ်ကြွေးတာကြီးက ကြက်သီးတောင်ထဖို့ကောင်းပါတယ်။ သက်တော်ရှည်ဘိုးဘိုးကြီးချီလီနီကအစပဲ။
ပေါ်တူဂီသားတွေက နိုင်ငံတော်သီချင်းကို အူလှိုက်သည်းလှိုက်နဲ့ သီဆိုခဲ့ကြတာကို ပုံမှာကြည့်ရင် တွေ့ရမှာပါ။ ဒါက အရင်ကတည်းက ဒီလိုပုံစံလား၊ အခုမှ စပြီးတော့ လုပ်တာလားတော့ မပြောတတ်ဘူး။ ပေါ်တူဂီပွဲတွေကို ကြည့်ဖြစ်သလောက်တော့ တခါမှတော့ မတွေ့ဖူးသေးဘူး။

ကျနော်မသိတာလည်း ဖြစ်ချင်ဖြစ်မှာပါ။