ညက အယ်လ်ကလက်စီကိုပွဲက ကလေးနဲ့ လူကြီးကစားသွားခဲ့သလိုပါပဲ။ ရီးရဲလ်ကွင်းလယ်မှာ တိုနီခရူးစ်နဲ့ မိုဒရစ်ပါဝင်လာချိန် ဘာကာမှာ ပီဒရီနဲ့ ဂါဗီဖြစ်နေတာက တော်တော်လေးကွာခြားပါတယ်။ ပီဒရီနဲ့ ဂါဗီက လုပ်အားနှုန်းကောင်းတယ်၊ စိတ်ဓာတ်လည်း
ပြင်းတယ်။ ဒါပေမယ့် ဘောလုံးပညာမှာတော့ ဝါရင့်ကြီးနှစ်ယောက်ကို သူတို့မယှဉ်နိုင်တာ မဆန်းပါဘူး။ ဒါကိုသိသိနဲ့ ဇာဗီက အံတုဖို့ကြိုးစားခဲ့တာက တကယ်ရူးမိုက်လွန်းပါတယ်။ ဒါကြောင့်လည်း ပညာပေးခံလိုက်ရတာပါ။ အသင်းတသင်းမှာ ဝါရင့်ကစားသမားတေါ
လိုအပ်တာ ဘာလို့လဲဆိုတာကို မိုဒရစ်နဲ့ ခရူးစ်က ပြသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးက ကလေးတွေနဲ့ တွဲကစားနေရချိန်မှာ ဘန်ဇီမာက သူ့နောက်မှာ ဗယ်လ်ဗာဒီ၊ ခရူးစ်နဲ့ မိုဒရစ်တို့ရှိနေပါတယ်။ လီဝန်ဒေါစကီးက သူ့နောက်ကို လှည့်ကြည့်ရင် ကျောပဲရှိတဲ့အနေအထားမှာပါ။ ဒါကြောင့် ဘန်ဇီမာဂိုးရပြီး လီဝန်ဂိုးပေါက်ပျောက်တာလည်း
မဆန်းပါဘူး။ ဒါတောင် လီဝန်က တော်တော်လေးရုန်းကန်ပေးသွားခဲ့ပါသေးတယ်။ သူ့ကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ပီဒရီနဲ့ ဂါဗီက ဦးနှောက်ရှိတယ်၊ ခြေစွမ်းက အခုမှ တိုးတက်ဖို့ အားထုတ်ရတုန်းပါ။ ဒမ်ဘီလီနဲ့ ရာဖင်ဟာကျတော့ ခြေစွမ်းကောင်းတယ်၊
ဦးနှောက်ကျနိမ့်ပါးလွန်းတယ်။ လီဝန်ဒေါစကီးလို ကစားသမားမျိုးနဲ့ တွဲကစားဖို့က ခက်ခဲနေခဲ့ပါတယ်။
ဒါကြောင့်လည်း ညကပွဲမှာ ပညာပေးခံလိုက်ရတယ်လို့ သုံးနှုန်းတာပါ။ ဘာကာက လာလီဂါမှာ ခြေစွမ်းကောင်းပြီး ဆက်တိုက်နိုင်ပွဲရခဲ့ပေမယ့် အသင်းကြီးတွေနဲ့ မတွေ့သေးတဲ့ အချက်ကို သူတို့ကိုယ်တိုင်မေ့ထားခဲ့ပါတယ်။ အခု ရိးရဲလ်နဲ့ တွေ့ချိန်မှာ ဦးညွှတ်
လိုက်ရပါတယ်။ သူတို့မှာ ပါဝါချင်းပြိုင်ဖို့အတွက်ဆိုရင် တတန်းနိမ့်နေသေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရပြီး ဘာနေဗျူးမှာ လှလှပပကို သင်ခန်းစာပို့ချတာ ခံလိုက်ရပါတယ်။ ခရူးစ်နဲ့ မိုဒရစ်က ကလေးအရွယ် ဂါဗီနဲ့ ပီဒရီကို ကောင်းကောင်းကြီး ပညာပေးခဲ့တာပါ။
ခေတ်စကားနဲ့ပြောမယ်ဆိုရင် အသားကုန်မောင်းခဲ့တာပါ။
ဇာဗီက သူ့ကွင်းလယ်ကို လူငယ်တွေနဲ့ ရဲရဲကြီးတည်ဆောက်ဖို့လုပ်တယ်။ အောင်မြင်ရင်စံ၊ မအောင်မြင်ရင် ညကလိုပဲ ခံရမှာပါပဲ။ အရှုံးထဲကအမြတ်ကတော့ ပွဲကြီးတွေမှာ သူ့အသင်းက နိမ့်ပါးနေတာကို သဘောာပေါက်ပြီး ပြင်ဆင်ဖို့အတွက် အချက်ပေးသံကို
ကြားလိုက်ရတာပါပဲ။ အယ်လ်ကလက်စီကိုမှာ သူတို့ပညာပေးခံရတယ်ဆိုပေမယ့် ယူတတ်ရင်တော့ အကျိုးအမြတ်တွေ အများကြီးရမှာပါ။
