လိဂ်ပွဲစဉ်တွေကတော့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ TBOB ရဲ့ အပတ်စဉ် တကွက်ကောင်းရွေးချယ်ပေးမှုကိုလည်း ပြန်လည်တင်ဆက်ဖို့ အချိန်ပါပဲ။ ဒီနေ့ စနေနေ့မှာ ပွဲစဉ်တွေအများအပြားရှိနေပြီး စီးရီးအေပွဲစဉ်ထဲက အင်တာမီလန်နဲ့ စလာနီတာနာပွဲစဉ်ကိုချဉ်းကပ်ထားပါတယ်။အင်တာကတော့ အူဒီနီး၊ ရိုးမားကို ဆက်တိုက်ရှုံးပြီးနောက် စီးရီးအေနဲ့ ချန်ပီယံလိဂ်မှာ ၃ပွဲဆက်တိုက်မရှုံးအောင် ကစားခဲ့ပါတယ်။ ဘာကာကို နူးကမ့်မှာ ၃ ဂိုးစီသရေကစားခဲ့တာက အထင်ကြီးဖို့ကောင်းခဲ့ပါတယ်။ အင်တာတိုက်စစ်က လေးသယောင်ယောင်နဲ့ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲမှာ ဂိုးမသွင်းနိုင်တာက ဘိုင်ယန်နဲ့ပွဲတပွဲတည်းသာရှိခဲ့တာပါ။စလာနီတာနာကလည်း အသင်းငယ်လေးဆိုပေမယ့် လျှော့တွက်လိုပမရတဲ့အသင်းပါ။ ဂျူဗင်တပ်စ်လိုအသင်းကို သရေရအောင်ကစားထားနိုင်ပြီး သရေတမှတ်မရရအောင် အားထုတ်တတ်တဲ့အသင်းမျိုးဖြစ်နေပါတယ်။ အပြန်အလှန်ဂိုးသွင်းနိုင်စွမ်းလည်းရှိပြီးနောက်ဆုံး ၈ ပွဲမှာ ဂိုးမရတာ ၂ပွဲတည်းရှိခဲ့ပြီး အသင်းငယ်လေးတသင်းနဲ့တောင် မလိုက်ဖက်ဘူးလို့ ပြောရပါမယ်။အင်တာနဲ့ စလာနီတာနာတိ့က ပြီးခဲ့တဲ့ရာသီစီးရီးအေမှာ ရင်ဆိုင်ခဲ့တုန်းက နှစ်ကျော့စလုံးကို အင်တာက ၅-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အစဉ်အလာအရ အင်တာမီလန်က အပြတ်အသတ်သာလွန်နေပြီး ဂိုးတွေလည်းအများကြီးသွင်းနိုင်ခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရလည်းအင်တာအနိုင်ရဖို့ မခဲယဉ်းပါဘူး။ အိမ်ရှင်အင်တာက ဒီပွဲမှာ ၁လုံးအရှုံးပေါက်နေပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးနှုန်းပါပဲ။ သတိထားရမှာကတော့ အင်တာရဲ့ နောက်ဆုံးနိုင်ပွဲ ၄ပွဲမှာ ပြိုင်ဘက်ကို တဂိုးထက်သာပြီး အနိုင်ရတာက ၁ ပွဲတည်းသာ ရှိခဲ့တယ်ဆိုတာပါ။ ပြီးတော့သူတို့ရဲ့ အိမ်ကွင်းနိုင်ပွဲ နောက်ဆုံးနှစ်ပွဲစလုံးက ၁-၀ တွေဖြစ်နေတာပါ။ဒါပေမယ့် ခြေစွမ်းပြန်တက်လာတဲ့အချိန်ကို အင်တာရောက်နေပြီး ဂိုးတွေလည်း သွင်းနိုင်နေပါတယ်။ ဆလာနီတာနာကလည်း ဂိုးပြန်သွင်းနိုင်တဲ့အသင်းဖြစ်လို့ သူတို့သာ ဂိုးတဂိုးရပြီဆိုရင် အင်တာက အနည်းဆုံး ၂ ဂိုးသွင်းရတော့မှာပါ။ ဂိုးပေါင်းစျေးက ၃လုံးကို၅၀ နိုင်ပေါက်နေပြီး ၄လုံးမှ အပြည့်ရယူနိုင်မှာပါ။ ဒီလိုလုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် ဒီစနေနေ့ရဲ့ အကောင်းဆုံးရွေးချယ်မှုအဖြစ် အင်တာဂိုးပေါ်ကို ရွေးချယ်ထားပါတယ်။ အနည်းဆုံး ၅၀ စားဆိုတဲ့အနေအထားဖြစ်ပြီး အပြည့်ရမလား၊ တဝက်ရမလားပဲစောင့်ကြည့်ရမှာပါ။ အင်တာဘော်ဒီကိုပါ တွဲဆော့သင့်ပါတယ်။
