top of page
  • Facebook
  • YouTube

Add a Title

အန်တိုနီက ​ပေါင်သန်း၈၀ တန်လို့လား

အန်တိုနီကို ယူနိုက်တက်က မရမကလိုက်ခေါ်နေပါတယ်။ အစောပိုင်းမှာ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းတယ်။ အေဂျက်ဇ်က ငြင်းတယ်။ အခုတော့ ပေါင်သန်း ၈၀ အထိ ပေးပြီးခေါ်ဖို့အတွက် စီစဉ်နေပါပြီ။ တကယ်ပဲ အန်တိုနီက အဲဒီလောက်ထိ တန်ရဲ့လားဆိုတာ စဉ်းစားစရာပါ။ ပြီးခဲ့တဲ့ရာသီမှာ အေဂျက်ဇ်အတွက် ၁၀ ဂိုးကျော်သွင်းပြီး ၁၀ ကြိမ်ကျော်ဖန်တီးပေးခဲ့တာမှန်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပဲ သူက ပေါင်သန်း ၈၀ တကယ်တန်ရဲ့လားဆိုရင်တော့ စျေးက မတန်မဆကြီးဖြစ်နေတယ်လို့ပဲ ပြောရမှာပါပဲ။ ဒီဂျောင်နဲ့ ဗန်ဒီဘိခ်တို့ ခြေစွမ်းပြပြီး ဘလွန်းဒီအော ဆန်ခါတင် ၃၀ ဦးစာရင်းဝင်တုန်းကတောင်မှ အဲဒီလောက်ထိ မပေးခဲ့ရပါဘူး။ အဓိကကတော့ အေဂျက်ဇ်က ယူနိုက်တက် အသည်းအသန်လိုချင်နေတာကို အခွင့်ကောင်းယူပြီး စျေးတင်တာပါပဲ။ သူတို့မှာ ပိုက်ဆံလည်း အရေးတကြိးမလိုဘူး၊ ဒီကစားသမားကိုလည်း မထွက်စေချင်ဘူး။ ဒါပေမယ့် ကစားသမားက ထွက်ချင်နေတယ်၊ ယူနိုက်တက်ကလည်း ခေါ်ချင်နေတဲ့အချိန်မှာ ထိန်းထားလို့မရနိုင်ရင်လည်း ငွေကြေးမြိုးမြိုးမြက်မြက်ယူမယ်ဆိုတဲ့ စီးပွားတွက် တွက်လိုက်တာပါပဲ။ ယူနိုက်တက်အတွက်တော့ အန်တိုနီကို အဲဒီလောက်ပေးခေါ်တာက စွန့်စားရာကျလွန်းပါတယ်။ အောင်မြင်ခဲ့ရင် ပြသနာမရှိပေမယ့် Flop ဖြစ်သွားခဲ့ရင်တော့.......? ဒီဘက်နှစ်တွေမှာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမားဝယ်ယူမှုတွေက ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ ဒီပိုင်း၊ ဒီမာရီယာတို့က အစပေါ့လေ။ ဒါက ကစားသမားတဦးတည်းနဲ့မသက်ဆိုင်ပါဘူး။ နည်းပြရဲ့ ကိုင်တွယ်ပုံလည်း ပတ်သက်ခဲ့တယ်ဆိုပေမယ့် သူတို့မှာ အစဉ်အလာဆိုးတွေရှိနေခဲ့တယ်ဆိုတာ သတိထားရပါမယ်။ ရာသီအစအဖွင့်ပွဲ ၂ပွဲရှုံးပြီးနောက်မှာ ချက်ချင်းပဲ ကက်စ်မဲရိုးကို ခေါ်ပြလိုက်တယ်။ တန်ဟက်ဂျ်လိုချင်တာက ဒီဂျောင်၊ ရောက်လာတာက ကက်စ်မဲရိုး။ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတဦးရောက်လာလို့ ယူနိုက်တက်အခြေအနေမကောင်းတာကို အားလုံးက မေ့သွားပြီး ကက်စ်မဲရိုးနောက် ကောက်ကောက်ပါအောင် လိုက်သွားကြပါတယ်။ အန်တိုနီကိုလည်း ရှုံးပွဲတွေတွေ့ချိန်မှာ အသည်းအသန်ခေါ်ဖို့လုပ်ခဲ့တာပါ။ အခုကတော့ သူတို့စတဲ့ဇာတ်ကို သူတို့နိုင်အောင် ကဖို့လုပ်နေရပါပြီ။ ဒီလောက် ဗိုက်နာပြနေမှတော့ အေဂျက်ဇ်ကလည်း ကစားသမားရောင်းစားပြီး ရပ်တည်နေတဲ့အသင်းပီပီ ဒါကို လက်လွှတ်မခံပါဘူး။ ရောင်းရရင် အမြတ်၊ မရောင်းရတော့လည်း သူတို့ကစားသမားကို ဆက်ထိန်းချင်တဲ့ ဆန္ဒပြည့်မှာပါ။ ယူနိုက်တက်ရဲ့ Panic buying လုပ်တဲ့ပုံစံကြောင့်သာ အန်တိုနီက ဒီလောက်ထိ စျေးမြင့်သွားတာပါ။ သူ့လက်ရှိအနေအထားနဲ့ကတော့ မတန်ပါဘူး။ ယူနိုက်တက်တို့ အဝယ်မှားမဖြစ်စေဖို့ပဲ ဆုတောင်းရပါမယ်။ အောင်မြင်ခဲ့ရင်တော့ ပြသနာမရှိပါဘူး။ မအောင်မြင်ရင်တော့.....။                    

bottom of page