top of page
  • Facebook
  • YouTube

Add a Title

အင်တာကိုလက်တုံ့ပြန်မယ့် ဘာကာကို​ရွေးမယ်

မနေ့က ခန့်မှန်းရွေးချယ်ခဲ့တာမှာ ဂျူဗင်တပ်စ်နှိပ်စက်ချက်ကတော့ ရက်စက်လွန်းရာကျပါတယ်။ ပွဲချိန်နီးလာလေ ဂျူဗီစျေးတွေ ကျလာလေဖြစ်ပြီး အခြေအနေမဟန်တော့ဘူးဆိုတာကိုလည်း ရိပ်စားမိခဲ့ပါတယ်။ ထင်တဲ့အတိုင်းပါပဲ၊ သရေတောင်မကစားနိုင်ဘဲအရေးနိမ့်သွားခဲ့ပါတယ်။ ဆက်တိုက်မှန်ကန်နေတဲ့ စံချိန်လည်း ပျက်သွားခဲ့ပါတယ်။ ဒီနေ့တော့ မနေ့ကအမှားအတွက် ပေါင်းပြီးတော့ ပြန်ယူမယ်ဗျာ။ ဘာကာနဲ့ အင်တာမီလန်ပွဲကို ချဉ်းကပ်ထားပါတယ်။ပထမအကျော့မှာ ကယ်ဟာနိုဂလူရဲ့ တလုံးတည်းသောဂိုးနဲ့ ဘာကာတို့ အရေးနိမ့်ခဲ့ပါတယ်။ ဘာကာအတွက် ဒီပွဲက သေရေးရှင်ရေးပါပဲ။ သရေကျလို့တောင်မရပါဘူး။ မဖြစ်မနေအနိုင်ကန်ရမယ့် ပွဲဖြစ်ပြီး အဲဒီလိုမှမလုပ်နိုင်ရင်တော့ ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ဖြစ်လာပါလိမ့်မယ်။ အင်တာကတော့ အဝေးကွင်းမှာ သရေရအောင် ထိန်းကန်ဖို့ကို ဦးစားပေးလာဖွယ်ရှိပါတယ်။ချန်ပီယံလိဂ်မှာ သူတို့နှစ်သင်းက ခဏခဏရင်ဆိုင်ရပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ဘာကာက ၃ပွဲအထိနိုင်ပြီး ၁ပွဲသရေကျကာ ၁ပွဲရှုံးခဲ့ပါတယ်။ အဲဒီရှုံးပွဲကလည်း ပထမအကျော့ကရှုံးပွဲပါ။ သူတို့နှစ်သင်းတွေ့ရင် ဂိုးပေါင်းအောက်ကစားလေ့ရှိပြီးနောက်ဆုံး ၅ ပွဲမှာ ဂိုးပေါ်တာ ၁ ပွဲပဲရှိပါတယ်။ အင်တာက စီးရီးအေမှာ နောက်ဆုံး ၃ပွဲဆက်တိုက် ဂိုးပေါ်ကစားထားပြီး ဘာကာက လာလီဂါမှာ နောက်ဆုံး ၃ပွဲဆက်တိုက် ဂိုးမပေးခဲ့ရပါဘူး။ကြေးဖွင့်လှစ်ထားမှုအရဆိုရင် ဘာကာက ၁ လုံးသွင်းရင်တောင် ၅၀ ရှုံးမယ့်အနေအထားပါ။ မဖြစ်မနေအနိုင်ကန်ရမယ့် အခြေအနေမှာ ဒီလိုပေါက်ကြေးဖွင့်တာက မှန်ပါတယ်။ ဂိုးပေါင်းစျေးကိုတော့ ၃လုံး ၅၀ နိုင် ဖွင့်ထားပါတယ်။ လာလီဂါမှာ ပေးဂိုး ၁ ဂိုးတည်းသာရှိတဲ့ ဘာကာက ချန်ပီယံလိဂ်မှာတော့ ပွဲတိုင်းဂိုးပေးနေရပြီး ဒီအချက်ကြောင့် ဂိုးပေါင်းစျေးမြင့်နေတာဖြစ်ပါလိမ့်မယ်။ကျနော်ကတော့ အိမ်ကွင်းဆို ကစားပုံပိုကောင်းတဲ့ ဘာစီလိုနာကိုပဲ ရွေးချယ်ချင်ပါတယ်။ တကယ်တင်ကစားရမယ့်အချိန်ဆိုရင် သူတို့မှာ ပွဲအဖြေကိုပြောင်းပေးနိုင်တဲ့ ကစားသမားတွေများပါတယ်။ ဘာကာတိုက်စစ်ကို အဝေးကွင်းမှာ အင်တာတို့တောင့်ခံနိုင်ဖို့မလွယ်ပါဘူး။ အနည်းဆုံးတော့ ၂ ဂိုးပြတ်နဲ့ အနိုင်ရလောက်မယ့် အနေထားမှာရှိနေပါတယ်။ ဘာစီလိုနာကိုပဲ ရွေးရမှာပါ။ 


bottom of page