top of page
  • Facebook
  • YouTube

Add a Title

အငြင်းပွား​နေတဲ့ Copa trophy ဆု

Kopa Trophy ဆုကို ဂါဗီ ရသွားလို့ တော်တော်လေးပွဲဆူနေပါတယ်။ CBS သတင်းထောက် ဘင်ဂျက်ကော့စ်နဲ့ အခြားဂျာနယ်လစ်တွေကပါ ဂါဗီက ဘာကြောင့် ဘီလင်ဟမ် နဲ့ မူစီယာလာကို ကျော်ပြီး ရသွားတာလဲလို့ မေးခွန်းထုတ်နေကြပါပြီ။

ဘီလင်ဟမ်ဆို ထိပ်ဆုံး ၃ ဦးစာရင်းထဲတောင် မဝင်ခဲ့ပါဘူး။ ဒေါ့မွန်ပရိသတ်တွေကတော့ ဂါဗီနဲ့ ဘယ်လိုမှမထိုက်တန်ဘူးလို့ ပြောဆိုနေပြီး ဆုကို ခိုးယူသွားတာလို့ပါ ပြင်းပြင်းထန်ထန်ရေးနေကြပါတယ်။ဘီလီဟမ်နဲ့ မူစီယာလာကို ကျော်ပြီး ဂါဗီရသွားတာက ရာစုနှစ်ရဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးလို့လည်း ပြောနေကြပါတယ်။


ပရိသတ်တဦးကတော့ ဘာစီလိုနာကဆိုရင် မဖြစ်မနေဆုပေးရမယ်လို့ သတ်မှတ်ထားတာလားဆိုပြီး လှောင်ခဲ့ပါတယ်။ နောက်တယောက်ကတော့ ငါ့ဘဝမှာ မြင်ဖူးခဲ့သမျှ အကြီးမားဆုံးလာဘ်စားမှုလို့ဆ်ုပါတယ်။ ဘလွန်းဒီအောဆုမှာ ဘာပြသနာမှမရှိတော့ပေမယ့် လူငယ်ဆုမှာတော့ အငြင်းပွားနေရပါပြီ။


ဘိုင်ယန်က အယ်လ်ဖွန်ဆိုဒေးဗီးစ်ကလည်း သူ့အသင်းဖော်မရရှိခဲ့တဲ့အတွက် ရွေးချယ်ရေးအဖွဲ့ကို လှောင်ပြောင်ခဲ့ဟန်ရှိပါတယ်။ သူက တွစ်တာမှာ မင်းရဲ့ Kopa Trophy ကို သူတို့တွေ ငြင်းဆန်ခဲ့ပေမယ့် အနာဂတ်မှာ မင်းရမယ့် ဘလွန်းဒီအောဆုကိုတော့ ငြင်းပယ်နိုင်မှာမဟုတ်ဘူး" လို့ ပြောခဲ့ပါတယ်။ ဒါက သူ့ဆီက ဆုကို လုယူခံလိုက်ရတယ်လို့ သွယ်ဝိုက်ပြောတာနဲ့အတူတူပါပဲ။


ဘိုင်ယန်နည်းပြနာဂယ်စမန်းကလည်း “ဂါဗီက အရည်အချင်းရှိပြီး ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော့်မျက်လုံးထဲမှာတော့ မူဆီအာလာနဲ့ ဘယ်လင်ဟမ်တို့က ဆုရသွားတဲ့ ဂါဗီထက် ပိုမိုကောင်းမွန်တဲ့ ရာသီတခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်”

“ဒါပေမယ့် ဂါဗီလည်း ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်” လို့ပြောပြီး ဆုကို ဘယ်သူတွေရသင့်လဲဆိုတာကို ထောက်ပြသွားခဲ့ပါတယ်။


bottom of page