top of page
  • Facebook
  • YouTube

Add a Title

အခု​တော့ အာလုံး​ပြေလည်သွားခဲ့ပြီ

ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံးမှာ နေမာနဲ့ ဘတ်ပီတို့ကြား ပြသနာက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ သူတို့သတင်းတွေပဲ လွှမ်းမိုးထားပြီး ဘတ်ပီရဲ့ မခန့်လေးစားအပြုအမူတွေ၊ လုပ်ရပ်တွေအကြောင်းက တော်တော်လေးကို လူပြောများခဲ့ပါတယ်။ အခုတော့

ဒါတွေအားလုံးကို ဒီကစားသမားတွေက ပြန်ချေဖျက်လိုက်ပါပြီ။ လိုင်လီကို ၇ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲမှာ သူတို့ကြားက မကျေနပ်မှုတွေကို သင်ပုန်းချေပြသွားခဲ့ပါပြီ။ အားလုံး အိုကေစိုပြည်သွားပြီဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


ဘတ်ပီက ဟက်ထရစ်သွင်းခဲ့ရာမှာ နေမာရဲ့ ဖန်တီးမှုက ၂ကြိမ်၊ မက်ဆီရဲ့ဖန်တီးမှုက ၁ ကြိမ်ပါဝင်ခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာ ဘတ်ပီနဲ့ နေမာက ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံခဲ့သလို မက်ဆီကို ပခုံးချင်းတိုက်ခဲ့လို့ စွပ်စွဲခံခဲ့ရတဲ့ ဘတ်ပီက ပထမဆုံးဂိုးကို ၈ စက္ကန့်အတွင်းမှာ သွင်းယူအပြီး

ဖန်တီးပေးခဲ့တဲ့ မက်ဆီရှိရာကို ပြေးကာ သွားရောက်အောင်ပွဲခံပြခဲ့ပြီး သူတို့ကြားမှာ ဘာပြသနာမှမရှိတော့ဘူးဆိုတာကို ပြသခဲ့ပါတယ်။


သူတို့ကြားမှာ ပြသနာမရှိရင် ဒီလိုတွေလုပ်နိုင်တယ်ဆိုတာကိုလည်း အားလုံးတွေ့ခဲ့မှာပါ။ သူတို့သုံးယောက်စလုံး ဂိုးသွင်းနိုင်ခဲ့ပြိး ဖန်တီးမှုတွေလည်း လုပ်ပေးခဲ့ကြပါတယ်။ ဒါက အသင်းအတွက်ရော၊ သူတို့အတွက်ပါ တော်တော်လေးကောင်းမွန်တဲ့လက္ခဏာတွေဖြစ်ပြီး

အရေးကြီးတဲ့ပွဲတွေမှာ ဒီအတိုင်းသာ ညီညွှတ်နေမယ်ဆိုရင် ပီအက်စ်ဂျီက ကြောက်ဖို့ကောင်းတဲ့အသင်းတသင်းပုံစံကို ပိုပြီးတော့ ပြသနိုင်မှာလည်း သေချာပါတယ်။


အသင်းတာဝန်ရှိသူတွေ၊ ရာမို့စ်ကိုယ်တိုင်ဝင်ပြီး ဖျောင်းဖျမှုတွေနဲ့ ပြေလည်ခဲ့ပုံရပြီး ကွင်းအတွင်းမှာလည်း သူတို့ရဲ့ဆက်ဆံရေးက ပုံမှန်ဖြစ်သွားပြီဆိုတာကို ဂိုးသွင်းအပြီးအောင်ပွဲခံပုံရိပ်တွေက သက်သေပြနေပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ပဲ နားလည်မှုယူခဲ့ကြပြီး

ကွင်းထဲမှာလည်း အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာက တကယ်ကို ကျေနပ်စရာကောင်းလှပါတယ်။ အခုတော့လည်း ညီအကိုတွေ သင့်သင့်မြတ်မြတ်ဖြစ်နေခဲ့ပုံက သူတို့ကြားမှာ ဘယ်လိုပြသနာမှမရှိခဲ့သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေမြင်တွေ့ရတာကိုကပဲ ကြည်နူးဖို့

ကောင်းပါတယ်။





bottom of page