top of page
  • Facebook
  • YouTube

Add a Title

အခုတော့ အယ်လီအလီ နောင်တရပြီ

"မင်းဆီကနေ မင်း ပိုတောင်းသင့်တယ်၊ ငါ့ဆီကမဟုတ်ဘူး၊ မင်းကိုယ်တိုင်ဆီကနေ မင်းပြန်တောင်းရမှာ၊ မင်းကစားသမားဘ၀မှာ ဘာလို့နိမ့်လိုက်၊မြင့်လိုက်ဖြစ်နေလဲဆိုတာက မင်းရဲ့ လူနေမှုဘ၀ပုံစံနဲ့ သက်ဆိုင်နေမလားတော့ မပြောတတ်ဘူး၊ တကယ်လို့ မင်းက အံ့အားသင့်စရာကောင်းတဲ့ ပရော်ဖက်ရှင်နယ်တယောက်ဖြစ်ခဲ့မယ်၊ အခြားတဖက်မှာတော့ မင်းက ပါတီပွဲတွေတက်တဲ့ကောင်လေး၊ အပြင်တွေထွက်တဲ့ကောင်လေးဖြစ်နေမလား ငါမသိဘူး၊ မင်းပဲသိမှာပါ""အခု ငါ့အသက် ၅၆ နှစ်ရှိသွားပြီ၊ မနေ့မနေ့တွေတုန်းကတော့ ငါလည်းပဲ အသက် ၂၀ အရွယ်ဖြစ်ခဲ့တာပေါ့၊ ဒီနေ့တော့ ၅၆ နှစ်ဖြစ်နေပြီ၊ တရက်မှာ မင်း ရောက်နိုင်မယ့်နေရာကို မရောက်ခဲ့ဘူးဆိုရင် မင်း နောင်တရနေလိမ့်မယ်လို့ ငါထင်တယ်၊ ပွဲတိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်နေဖို့ ငါ မဆိုလိုပါဘူး၊ ပွဲတိုင်းဂိုးသွင်းဖို့လည်း မမျှော်လင့်ပါဘူး၊ မင်း နောင်တရနေမယ်ဆိုတာကိုပဲ ပြောချင်တာ"စပါးနည်းပြဘ၀မှာ ဒယ်လီအလီကို သူ့ရုံးခန်းထဲ ခေါ်ပြီး မော်ရင်ဟိုဆုံးမတုန်းက ပြောခဲ့တဲ့စကားလုံးတွေပါ။ အဲဒီတုန်းကတော့ အလီရဲ့ ပုံစံက တကယ့်ကိုပမာမခန့်ဟန်နဲ့ပါ။ စပါးမှာ ခြေစွမ်းပြလာပြီးတော့ တိုးတက်လာမယ့်လူငယ်လေးတယောက်အဖြစ် ရှုမြင်ခံခဲ့ရတဲ့ အလီက အင်္ဂလန်သားတွေထုံးစံအတိုင်း ကွင်းပြင်ပကိစ္စတွေကို ပိုအာရုံစိုက်ခဲ့ပုံပါပဲ။ စပါးကနေ ထွက်ပြီးတော့ အဲဗာတန်ကိုရောက်တယ်။ အခု ၁ ရာသီပဲ ကစားရပြီးချိန်မှာ တူရကီကလပ်ဘက်ဆီးတပ်စ်ကိုရောက်ဖို့နီးစပ်နေပါပြီ။ မော်ရင်ဟိုပြောခဲ့တဲ့စကားတွေကို နားနဲ့ပဲ နားထောင်ခဲ့ပြီး နှလုံးသားနဲ့ နားမထောင်ခဲ့တဲ့နောက် သူ့ရဲ့ ကစားသမားဘ၀ကစုပ်စမြုပ်စဖြစ်ပြီး လမ်းပျောက်ဖို့များသွားပါပြီ။ တချိန်က စပါးကွင်းလယ်တိုက်စစ်မှာ အားလုံးက ချီးကျူးရတဲ့ပုံစံမျိုးကို ပြသနေတဲ့ ဒယ်လီအလီမဟုတ်တော့ပါဘူး။ မော်ရင်ဟိုရဲ့ ကစားသမားတယောက်အပေါ် အကဲဖြတ်ကျွမ်းကျင်မှုကတော့ ဩချယူရလောက်အောင် မှန်ကန်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဘ၀မှာလည်း ပေါ့ဂ်ဘာ၊ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို သူ ခန့်မှန်းခဲ့တာတွေက သွေးထွက်အောင်မှန်ခဲ့ပါတယ်။အခုဆို အလီလည်း နောင်တရနေလောာက်ပြီထင်ပါတယ်။ 


bottom of page