top of page
  • Facebook
  • YouTube

Add a Title

အခွင့်​ကောင်းအရယူမယ့် ဂျုဗင်တပ်စ်ကို​ရွေးတာမမှားဘူး

ဒီနေ့မှာ ချန်ပီယံလိဂ်ပွဲတွေ ထပ်မံကစားဦးမှာပါ။ အုပ်စုအဆင့်ကတက်ရောက်နိုင်ရေးနဲ့ ယူရိုပါလိဂ်မှာ ဝင်ကစားခွင့်ရဖို့ အရေးကြီးတဲ့ပွဲစဉ်တွေပါ။ ဒီတော့ အနိုင်ရဖို့အတွက် အသည်းအသန်ရုန်းကန်ကြမှာဖြစ်ပြီး အကြိတ်အနယ်လည်းရှိမှာပါ။ ဒီနေ့အတွက်လည်းTBOB ရဲ့ ထုံးစံအတိုင်း အကောင်းဆုံးရွေးချယ်ပေးမှာပါ။ ဒီနေ့အတွက် မက္ကာဘီဟိုင်ဖာ နဲ့ ဂျူဗင်တပ်စ်ပွဲစဉ်ကို ချဉ်းကပ်ပါမယ်။အုပ်စုတွင်းမှာ ဂျူဗီက ၄ မှတ်ရထားပါတယ်။ ပီအက်စ်ဂျီနဲ့ ဘာကာက ၇ မှတ်ရထားပြီး အဆိုပါနှစ်သင်းက ထိပ်တိုက်တွေ့နေချိန်မှာ အခွင့်အရေးကောင်းအရယူထားရမှာပါ။ ဂျူဗီရဲ့ပစ်မှတ်က ယူရိုပါလိဂ်ထက် ချန်ပိယံလိဂ်နောက်တဆင့်ပဲဖြစ်ပါလိမ့်မယ်။ဟိုင်ဖာကတော့ အဖြည့်ခံအသင်းဖြစ်ပြီး ဘာမျှော်လင့်ချက်မှမရှိသလောက်ပါပဲ။ အုပ်စုတွင်း ပထမအကျော့မှာ တွေ့ခဲ့တော့ ဂျူဗီက ၃-၁ နဲ့ အနိုင်ရထားပါတယ်။ဂျူဗီက စီးရီးအေမှာ နိုင်တလှည့်ရှုံးတလှည့်ဖြစ်နေပြီး ခြေစွမ်းအတက်အကျကြမ်းပါတယ်။ ဒါပေမယ့် ဟိုင်ဖာလိုအသင်းကိုတော့ အနိုင်ကစားနိုင်စွမ်းသူတို့မှာရှိနေပြီး အနိုင်မရရအောင်လည်း အားထုတ်မှာပါ။ ဟိုင်ဖာကတော့ အစ္စရေးလိဂ်မှာ ဆရာကြီးဆိုပေမယ့်ဥရောပမှာတော့ အိမ်ဖြည့်အသင်းပါပဲ။ ဒီတော့ ဂျူဗီကို ယှဉ်နိုင်ဖို့ဆိုတာက အဝေးကြီးပါ။ တော်တော်လေးကွာခြားပါတယ်။ဒီပွဲမှာ ဂျူဗီက ၁လုံး ၅၀ နိုင်ဆိုတဲ့ ကြေးပေါက်နေပြီး ၂ဂိုးသွင်းမှ အပြည့်စားရမှာပါ။ ၁ လုံးသရေဖွင့်လှစ်ထားမှုမျိုးလည်းရှိနေလို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးပါပဲ။ ဂိုးပေါင်းကတော့ ၂လုံးအရှုံးစဖွင့်ထားပြီး ၃လုံး ၅၀ဆိုတာကလည်း သင့်တင့်ပါတယ်။ ပထမအကျော့မှာ၃-၁ ဖြစ်ထားခဲ့လို့ ဂိုးပေါင်းစျေးက နည်းနည်းတောင်မှ ပျော့နေတယ်ထင်ရပါတယ်။ ဂျူဗီက ဒီရာသီစီးရီးအေမှာ အဝေးကွင်းညံ့ပါတယ်။ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပြီး ဒါက စိုးရိမ်စရာပါ။ ဟိုင်ဖာကလည်း သူတို့လိဂ်မှာဆို အိမ်ကွင်းကောင်းတဲ့အသင်းပါ။ဒါပေမယ့် နှစ်သင်းကြားကစားသမားကွာဟချက်က မြင့်မားလွန်းနေပြီး ဂျူဗီတို့ မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတာ၊ နည်းပြအယ်လီဂရီတယောက် ဖိအားတွေအောက်က ရုန်းထွက်ရမှာဖြစ်နေတာက သူတို့ကို အနိုင်ကစားဖို့တွန်းအားပေးနေပါတယ်။ ၂ဂိုးပြတ်လောက်နဲ့အနိုင်ရနိုင်မယ့် ဂျူဗီကိုပဲ ရွေးချယ်ချင်ပါတယ်။ 


bottom of page