top of page
  • Facebook
  • YouTube

Add a Title

သူတို့ဘာ​ကောင်​တွေလဲဆိုတာ ပြခဲ့တဲ့ မာလာစီယာနဲ့ မာတီနက်ဇ်

ယူနိုက်တက်နဲ့လီဗာပူးလ်ပွဲပဲရှိတော့ အဲဒီပွဲအကြောင်းပဲ ဆက်ပြောပါမယ်။ မနေ့ကပွဲမှာတော့ အားလုံးလည်းတွေ့တဲအတိုင်း ယူနိုက်တက်အတွက် ခံစစ်ပိုင်းမှာ မာတီနက်ဇ်နဲ့ မာလာစီယာတို့ ခြေစွမ်းပြခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ ဗာရန်းနဲ့ ဗဟိုခံစစ်၊ ဘယ်ခြမ်းခံစစ်မှာ မာလာစီယာနဲ့တွဲပြီး တာဝန်ကျေတာထက်ကို ပိုခဲ့ပါတယ်။ မာလာစီယာက မိုဟာမက်ဆာလာကို ထိန်းချုပ်ဖို့ တာဝန်ယူခဲ့ရပြီး အံ့အားသင့်စရာကောင်းအောင်ကို ထိန်းပြခဲ့လို့ အီဂျစ်တိုက်စစ်မှူးလှုပ်လို့တောင်မရခဲ့ပါဘူး။ ယူနိုက်တက်ကစားသမားသစ်နှစ်ယောက် ခြေစွာခဲ့တဲ့ပွဲပါပဲ။ ကိန်းဂဏန်းအချက်အလက်တွေအရလည်း သူတို့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က တော်တော်လေးကောင်းခဲ့ပါတယ်။ မာတီနက်ဇ်က - ဖျက်ထုတ်မှု ရာနှုန်းပြည့်အောင်မြင်တယ် goound duels won ၇၀% ပေးပို့ပုံတိကျမှု ၉၂% ဘောလုံးထိချက် ၁၄၂ ကြိမ် long ball 7/10 အောင်မြင် ကြားဖြတ်လုယူမှု ၃ ကြိမ် ရှင်းထုတ်မှု ၆ ကြိမ်အထိ သူလုပ်ပြနိုင်ခဲ့ပါတယ်။ မာလာစီယာကတော့ - long ball ပေးပို့မှု ရာနှုန်းပြည့်အောင်မြင်ခဲ့တယ် ပေးပို့ပုံတိကျမှုက ၉၃% ဘောလုံးထိချက် ၄၁ ကြိမ် ground duels won က ၆ ကြိမ် ဖျက်ထုတ်မှု ၈ ကြိမ် ဘောလုံးပြန်ဆယ်ယူမှု ၃ ကြိမ် ဖြတ်တင်ဘော ၂ကြိမ် ရှင်းထုတ်မှု ၃ ကြိမ် ကြားဖြတ်လုယူမှု ၁ ကြိမ်ရှိခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ဘယ်ခြမ်းတိုက်စစ်က တပွဲလုံးကောင်းကောင်းအလုပ်မဖြစ်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဆာလာနဲ့ အာနိုးလ်တို့ကို အရင်လိုပုံစံမျိုးမတွေ့ခဲ့ရဘဲ သူတို့ကြားက connection ကို မာလာစီယာက ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ပြီးတော့ ရက်ရှ်ဖို့ဒ်အတွက် တောင်ပံတကြောမှာ နေရာလွတ်တွေရအောင်လည်း မာလာစီယာက လုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ပရီးမီးယားလိဂ်ပထမဆုံးပွဲထွက်ခဲ့ရတဲ့ ပွဲက အသိအမှတ်ပြုစရာကောင်းခဲ့ပါတယ်။ မာတီနက်ဇ်ကလည်း အရပ်အအမောင်းကအဓိကမကျဘူးဆိုတာကို သက်သေပြခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပွဲမှာ ဝေဖန်ခံခဲ့ရတာတွေကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ညက ပွဲကတော့ သူတို့နှစ်ယောက်ရဲ့ ပွဲဖြစ်ခဲ့ပါတယ်။ 

bottom of page