top of page
  • Facebook
  • YouTube

Add a Title

သွင်းဂိုး​တွေနဲ့ ပြိုင်ဆိုင်​နေမယ့် ဘရန်းဒ်ဖို့ -- အာဆင်နယ်

မနေ့က နယူးကာဆယ်ရွေးချယ်ပေးခဲ့မှု မှားယွင်းခဲ့လို့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ သေချာပေါက်အနိုင်ရမယ်လို့ ထင်မှတ်ခဲ့ပေမယ့် ဘုန်းမောက်ရဲ့ ခံကန်နိုင်စွမ်းအားကို လျှော့တွက်ခဲ့မိတာပါ။ စိန့်ဂျိမ်းစ်ပတ်မှာ သူတို့အနိုင်ယူမယ်လို့ တထစ်ချယုံကြည်တဲ့

စိတ်က ရွေးချယ်မှုကိုပါ မှားယွင်းစေခဲ့တာပါပဲ။ ဒီနေ့အတွက်တော့ အကောင်းဆုံးပြန်လာနိုင်ဖို့အတွက် အားထုတ်ပေးထားပါတယ်။ ဘရန်ဖို့ဒ်-အာဆင်နယ်ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။


ဘရန်ဖို့ဒ်က ဒီရာသီမှာ ပွဲတိုင်းကို ဂိုးသွင်းထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ရှုံးပွဲတပွဲပဲရှိသေးပြီး အိမ်ကွင်းခြေစွမ်းက မာကျောပါတယ်။ အထင်ကြိးစရာကောင်းတာကတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းဖြစ်ပြီး ပွဲတိုင်းကို ဂိုးရအောင် လုပ်ပြထားနိုင်တာက လျှော့တွက်

လို့မရဘူးဆိုတာကို ပြသနေတာပါ။ အိမ်ကွင်းမှာလည်း ရှုံးပွဲမရှိသေးဘဲ ဂိုးတွေလည်း ပိုသွင်းနိုင်ပါတယ်။


အာဆင်နယ်ကတော့ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပြီး ယူရိုပါလိဂ်မှာ နိုင်ပွဲပြန်ရခဲ့ပါတယ်။ မနေ့က မန်စီးတီးနိုင်ပွဲရလိုက်လို့ သူတို့ရဲ့ ဇယားထိပ်ဆုံးနေရာကို ဖယ်ပေးထားရပါတယ်။ ဒီတော့ မဖြစ်မနေနိုင်ပွဲပြန်ရဖို့ကိုလည်း သူတို့တွေအားထုတ်ရတော့မှာပါ။ ဒီရာသီမှာ

အာဆင်နယ်ကလည်း ပွဲတိုင်းဂိုးရထားတဲ့အသင်းဖြစ်ပြီး ပေးဂိုးမရှိတာ နှစ်ပွဲပဲရှိခဲ့ပြီး ထူးခြားချက်ကတော့ အဝေးကွင်းတွေမှာပဲ ဖြစ်နေခဲ့တာပါ။

အာဆင်နယ်

ဘရန်ဖို့ဒ်ကွင်းမှာ နောက်ဆုံးတွေ့ထားခဲ့တဲ့အကြိမ်မှာတော အာဆင်နယ်တို့ အရေးနိမ့်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲဖြစ်ပြီး ၂-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ လက်ရှိအာဆင်နယ်ကတော့ ပြီးခဲ့တဲ့ရာသီကနဲ့ ကွဲပြားနေလို့ ဘရန်ဖို့ဒ်တို့ အဲဒီတုန်းကလိုမထင်မှတ်တာတွေ

လုပ်ပြနိုင်ဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ ဒီပွဲမှာ ဂိုးပေါင်းစျေးကို ၃+၅၀ ကနေ စဖွင့်ထားပြီး နှစ်ဖက်စလုံးဂိုးသွင်းနိုင်မယ်လို့ ယူဆရပါတယ်။


အနည်းဆုံး သွင်းဂိုး ၂ ဂိုးမြင်တွေ့ရဖို့ရှိနေပြီး ၁-၁၊ ၂-၀၊ ၀-၂ ဆိုတဲ့ ရလဒ်တွေဖြစ်လာနိုင်တယ်လို့ ဘွတ်ကီတွေက ယူဆနေတယ်လို့ ကျနော်ကတော့ထင်ပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးက ဂိုးတွေသွင်းနိုင်တယ်၊ အိမ်ကွင်းအဝေးကွင်းမရွေး ဂိုးတွေရနေလို့လည်း

ကျနော်ကတော့ ဂိုးပေါင်းအပေါ်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ဘရန်ဖို့ဒ်ဘက်ကသာ တဂိုးသွင်းနိုင်တယ်ဆိုရင် သေချာပေါက်ဂိုးပေါင်းအပေါ်ဖြစ်လာမှာပါ။ ဂိုးပေါ်ကိုပဲ စွန့်စားပြီးရွေးချယ်ချင်ပါတယ်။


bottom of page