top of page
  • Facebook
  • YouTube

Add a Title

လာလီဂါရဲ့ ပြိုင်ဆိုင်မှုအသစ်

မနေ့က လာလီဂါပွဲတွေမှာတော့ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့ ဂိုးတွေအပြိုင်သွင်းခဲ့ကြပါတယ်။ ဘာကာက အိမ်ကွင်းမှာ ဗယ်လာဒိုလစ်ကို ၄ဂိုးပြတ်၊ ရီးရဲလ်က အဝေးကွင်းမှာ အက်စ်ပန်ညိုကို ၁-၃ နဲ့ အနိုင်ရပြီး တိုက်စစ်မှူးနှစ်ဦးက ၂ဂိုးစီသွင်းကာ ခြေစွမ်းပြ ခဲ့ကြပါတယ်။ စပိန်လာလီဂါကတော့ ဘန်ဇီမာ-လီဝန်ဒေါစကီတို့အားပြိုင်မှုနဲ့အတူ စိတ်ဝင်စားဖို့တော့ကောင်းလာခဲ့ပါပြီ။ လီဝန်ဒေါစကီးက ၂ပွဲဆက်တိုက် တပွဲကို ၂ဂိုးစီသွင်းခဲ့တာပါ။ မနေ့ညကပွဲမှာဆို သူ့ သွင်းဂိုးတွေက တော်တော်လေးကောင်းမွန်ခဲ့ပြီး အဆင့်အတန်းလည်းမြင့်ပါတယ်။ ပထမဂိုးဆိုရင် မြေထောက်ပြိးမှ ရောက်လာတဲ့ ဘောလုံးကို ကြုံသလိုပိတ်သွင်းယူခဲ့ရတာဖြစ်ပြီး လီဝန်ဒေါစကီးက လှလှပပအဆုံးသတ်ခဲ့ပါတယ်။ နောက်တဂိုးကတော့ သူ့ရဲ့ ဘောလုံးပညာပိုင်နိုင်မှုကို ပြသခဲ့တာဖြစ်ပြီး ပြိုင်ဘက်နောက်ခံလူနဲ့ ယှဉ်ပြေးနေချိန်မှာပဲ ညာခြေကို နောက်ထုတ်ပြီးတော့ ဘောလုံးကို အသာလေးပဲထိပြီး သွင်းယူခဲ့တာပါ။ တော်တော်လေးအဆင့်အတန်းမြင့်လွန်းပါတယ်။ ဘန်ဇီမာကလည်း ရီးရဲလ်တို့ ဂိုးလိုနေချိန်မှာ ဂိုးတွေသွင်းပေးခဲ့ပါတယ်။ တဖက်တဂိုးစီသရေကျနေပြီး ပွဲချိန်မိနစ် ၈၀ ကျော်လာလို့ ရီးရဲလ်တို့ တိုင်ပတ်မယ့်အနေအထားမှာ သူက ဂိုးတွေသွင်းပေးခဲ့တာပါ။ ဗင်နီရှပ်က ထုံးစံအတိုင်း ပြိုင်ဘက်ကစားသမားတွေကို လိမ်ခေါက်ပြီး ဧရိယာထဲကန်တင်ပေးခဲ့ရာမှာ ဘန်ဇီမာက အလိုက်သင့်ပြေးထွက်ပြီး အနိးကပ်ပိတ်သွင်းယူခဲ့တာပါ။ ဗင်နီရှပ်ရဲ့ ဖန်တီးပေးမှု၊ ဘန်ဇီမာရဲ့ နေရာယူထားပုံနဲ့ ပြေးထွက်သွားပုံတွေက တော်တော်လေးဟန်ချက်ညီခဲ့ပါတယ်။ နောက်တဂိုးကိုလည်း သူက ဧရိယာထိပ်မှာရခဲ့တဲ့ ဖရီးကစ်ကနေ သွင်းယူခဲ့တာပါ။ လူတံတိုင်းကာထားတဲ့ဘက်ကို မကန်ဘဲ ဂိုးသမားပိတ်ထားတဲ့ ထောင့်ဘက်ကို အနိမ့်ဘောကန်သွင်းခဲ့တာပါ။ ဘာစီလိုနာက ကစားသမားသစ်တွေအကုန်လုံးခြေစွမ်းပြနေပြီး ကျေနပ်စရာကောင်းနေသလို ရီးရဲလ်ကလည်း သူတို့က အနိုင်ရဖို့အတွက်ဆို အချိန်မရွေးလုပ်နိင်တဲ့အသင်းဆိုတာကို ပြသနေတုန်းပါပဲ။ ဒီအသင်းနှစ်သင်းအားပြိုင်မှုနဲ့အတူ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့ရဲ့ ပြိုင်ဆိုင်မှုကလည်း အကြိတ်အနယ်ရှိလာမှာသေချာပါတယ်။ အခုဆို လီဝန်ဒေါစကီးက ၄ ဂိုးရထားပြီး ဘန်ဇီမာက ၃ ဂိုးပါ။ ဘန်ဇီမာနဲ့ ယှဉ်ပြိုင်ချင်လို့ ဘာစီလိုနာကို ရောက်လာတာဆိုတဲ့ လီဝန်ဒေါစကီးက သူ့စကားအတိုင်း ရာသီအစမှာပဲ ကောင်းကောင်းလုပ်ပြနေပါပြီ။ ဒီစိန်ခေါ်မှုကို ဘန်ဇီမာရင်ဆိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 



bottom of page