top of page
  • Facebook
  • YouTube

Add a Title

လူငယ်တစ်​ယောက်ဆီက ရင့်ကျက်မှအ​ငွေ့အသက်​တွေ

အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဗင်နီရှပ်က ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းဖော်ရိုဒရိုင်ဂိုက လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူခဲ့အပြီးမှာတော့ အေတီကိုပရိသတ်တွေရှေ့မှာ ဆမ်ဘာအကနဲ့ သူတို့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါက ဆမ်ဘာအကနဲ့

ကခုန်အောင်ပွဲခံခဲ့လို့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဗင်နီရှပ်က ဘောလုံးကွင်းအတွင်းကနေ သူ့ကို လှောင်ပြောင်ချိုးနှိမ်ခဲ့သူတွေကို လက်တုံ့ပြန်ပြခဲ့တာလည်းဖြစ်ပါတယ်။


"မျောက်လို ကနေတာတွေလုပ်ချင်ရင် ဘရာဇီးလ်ကိုပြန်သွား" ဆိုတဲ့ စကားတခွန်းကနေ စတင်ခဲ့တဲ့ ဒီပြသနာက ဗင်နီရှပ်အတွက်တော့ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကျော်ဖြတ်ခဲ့ရပါတယ်။ အေတီကိုနဲ့ပွဲမတိုင်ခင်မှာလည်း သူတို့ကွင်းမှာ ဒီလိုလာကရင် ပြသနာတက်သွားမယ်လို့

အေတီကိုအသင်းခေါင်းဆောင်ကိုကီက ပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် အဲဒီပွဲအတွက် ကွင်းထဲဝင်ဖို့ကို ရီးရဲလ်အသင်းသားတွေ စောင့်ဆိုင်းနေချိန်မှာလည်း မျောက်လို့ အေတီကိုပရိသတ်တွေက သူ့ကို ထပ်ခေါ်ခဲ့ကြပါတယ်။ လူမည်းကစားသမားတယောက်အတွက်

အခုလို လူမျိုးရေးခွဲခြားခံရတာက တကယ်နာကျင်ဖို့ကောင်းပါတယ်။


ဒါပေမယ့် ပီလီ၊ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟိုတို့လို ဘရာဇီးလ်ဂန္ထဝင်တွေက သူ့ကို အားပေးခဲ့ကြသလို နေမာ၊ သီယာဂိုဆေးလ်ဗားတို့လို လက်ရွေးစင်အသင်းဖော်တွေကလည်း သူ့ကို ဘာကြောင့်ဖြစ်ဖြစ် ကခုန်အောင်ပွဲခံတာကို မစွန့်လွှတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ရီးရဲလ်အသင်းဖော်တွေကလည်း သူ့နောက်မှာရှိနေခဲ့တာက ဗင်နီရှပ်အတွက် အားတခုပါပဲ။ ဗင်နီရှပ်က သူ့ကို လူမျိုးရေးခွဲခြားမှုတွေကို အလှပဆုံးနဲ့ အယဉ်ကျေးဆုံးပဲ တုံ့ပြန်ခဲ့ပါတယ်။ သူ ကခုန်အောင်ပွဲခံနေဦးမယ်ဆိုတာကို ထပ်ပြောခဲ့သလို တကယ်လည်းပဲ

လုပ်ပြခဲ့ပါတယ်။ ဒါတွေအားလုံးအတွက် သူက ညင်ညင်သာသာပဲ တုံ့ပြန်ခဲ့တာပါ။


လူငယ်ကစားသမားတယောက်ဆီကနေ သိမ်မွေ့တဲ့ တုံ့ပြန်ချက်၊ ယဉ်ကျေးတဲ့အပြုအမူ၊ ရင့်ကျက်မှုတွေကို မြင်တွေ့ခဲ့ရတာပါ။ ချီးကျူးစရာတကယ်ကောင်းပါတယ်။ ဘာလော့တယ်လီလိုမျိုး စိတ်ထိခိုက်ပြီးအားငယ်တာကိုလည်း သူ မဖော်ပြခဲ့ပါဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာထားပြီး

သန်မာတဲ့ လူတယောက်အဖြစ်နဲ့ သူ ရှိနေခဲ့ပါတယ်။ ဗင်နီရှပ်ဆီကနေ ဒါတွေကိုမြင်တွေ့ခဲ့ရပြီးတော့ သင်ယူနိုင်ခဲ့ပါတယ်။ အကောင်းဆုံးနည်းလမ်းနဲ့ လက်တုံ့ပြန်မှုက သူ့ကိုလှောင်ပြောင်ခွဲခြားခဲ့သူတွေကို ပိုပြီးအထိနာစေခဲ့ပါတယ်။ ပညာရှိနည်းနဲ့ ပြန်ပြီးတော့

လုပ်သွားခဲ့တာလို့ပဲ ပြောချင်ပါတယ်။


Recent Posts

See All

စပါးနဲ့ပွဲမပြီးခင်မှာ ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဒီပုံစံကို ရာသီကြိုခြေစမ်းပွဲတုန်းကလည်း သူ လုပ်ဖူးပါတယ်။ အခုတခေါက်ပါ ထပ်လုပ်တယ်ဆိုတာကတော့ တော်တော်လေးလွန်သွ

bottom of page