top of page
  • Facebook
  • YouTube

Add a Title

​ရော်နယ်ဒိုရဲ့ ​နောက်တကြိမ်လွဲ​ချော်ခြင်း

မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲတယ်။ အခု ပေါ်တူဂီနဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲကို လွဲတယ်။ ချက်နဲ့ပွဲမှာ ဂိုးပေါက်လွဲတယ်၊စပိန်နဲ့ပွဲမှာ ထပ်လွဲတယ်။ ရော်နယ်ဒိုအတွက်တော့ အရာရာဟာ အလွဲတွေချည်းပဲဖြစ်နေပြီလား။ ကမ္ဘာ့အကောင်းဆုံး

ကစားသမားတဦးရဲ့ နေဝင်ချိန်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ဆိုးရွားလာပြီး သူ့ပရိသတ်တွေ မမြင်ချင်၊ မတွေ့ချင်တဲ့ ပုံစံတွေကိုပဲ မြင်နေရတာပါ။ ငယ်ရွယ်နုပျိုခြင်းတွေ ကုန်ဆုံးသွားပြီးနောက်မှာ ဇရာက သူ့ကိုအနိုင်ယူတာ ခံနေရပါပြီ။


စပိန်နဲ့ မနေ့ညကပွဲမှာလည်း ရော်နယ်ဒို ဂိုးမရခဲ့ပြန်ပါဘူး။ အခွင့်အရေးလေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ လက်လွှတ်ခဲ့ရတယ်။ သူ့ဆီမှာ တဖြည်းဖြည်းချင်းနဲ့ လေးလံလာတဲ့ ခြေစွမ်းတွေ၊ တုံ့ဆိုင်းလာတဲ့ ဆုံးဖြတ်ချက်တွေ ပိုပိုပြီးများလာပါတယ်။

သူ့စိတ်က ထက်သန်နေတုန်းဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လိုက်မလုပ်နိုင်တော့ပါဘူး။


ဒီပုံစံနဲ့တော့ ကမ္ဘာ့ဖလားမှာလည်း ရော်နယ်ဒို သိပ်ပြီးတော့ ထွေထွေထူးထူးလုပ်ပြနိုင်မယ်မထင်ဘူး။ တခုပဲမျှော်လင့်စရာက ငြိမ်းခါနီးမီးတောက်ရဲ့ နောက်ဆုံးအချိန်မှာ အစွမ်းကုန်ထတောက်လောင်မှုပဲ။ အဲဒီတခုပဲ သူ့ဆီကနေ မျှော်လင့်လို့ရတော့မှာပါ။

ပွင့်ပွင့်လင်းလင်းပြောရင် သူ့အတွက်ကြောင့်နဲ့ နည်းပြတောင် ကစားကွက်တွေ လိုက်လျောညီထွေလုပ်နေရတာက အသင်းအတွက်ပါ အခက်တွေ့စေမယ်ထင်ပါတယ်။


ရာသီကုန်ရင်တော့ ရော်နယ်ဒို အနားယူလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ တသက်လုံးက သူ လုပ်ပြခဲ့သမျှသော အမြင့်ဆုံးစွမ်းဆောင်ရည်တွေက နောက်ဆုံးအချိန်မှာ စိတ်ပျက်စရာကောင်းတဲ့ ကစားပုံတွေနဲ့ အနားယူသွားခဲ့ရတယ်ဆိုတဲ့

ပုံရိပ်ရဲ့ ဖုံးလွှမ်းမှုကိုရသွားပါလိမ့်မယ်။ သူ ဘယ်လိုကစားသမားလည်းဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် အခုပုံစံမျိုးနဲ့ အကြာကြီးဆက်ရှိနေရင်တော့

အနားယူချိန်က လှပသင့်သလောက် မလှပဘဲနေပါလိမ့်မယ်။


bottom of page