top of page
  • Facebook
  • YouTube

Add a Title

​ရော်နယ်ဒို ဂိုးပြန်ရပီ

မနေ့ညက ကစားခဲ့တဲ့ ရှာရစ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ရော်နယ်ဒိုတယောက် ဒီရာသီဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါပြီ။ သူ့ကစားသမားဘ၀ ပထမဆုံး ယူရိုပါလိဂ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။ ရော်နယ်ဒိုကတော့ ဒီအတွက် ကျေနပ်နေမှာ အမှန်ပါပဲ။ ပထမဆုံး သွင်းဂိုးတဂိုးကို အရယူဖို့ စိတ်အားထက်သန်နေတဲ့ ရော်နယ်ဒိုအတွက် ဒီဂိုးကတော့ လာမယ့်ပွဲတွေအတွက အားဆေးတခွက်ပါပဲ။ ပြီးခဲ့တဲ့ ဆိုဆီဒက်နဲ့ပွဲမှာလည်း ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့တဲ့ ရော်နယ်ဒိုက ရှာရစ်နဲ့ပွဲမှာ ပင်နယ်တီကတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာပါ။ပွဲထွက်ခွင့်ရခဲ့ပြီး ဂိုးလည်းသွင်းနိုင်ခဲ့တာမို့ ကျေနပ်စရာကောင်းပါတယ်။ တန်ဟက်ဂျ်ရဲ့ ကစားကွက်မှာ ထင်သလောက်အံမဝင်သေးပေမယ့်လည်း ရော်နယ်ဒိုက ကွင်းလယ်ထိဆင်းပြီး ဘောလုံးတောင်းတယ်။ တိုက်စစ်လမ်းကြောင်းတွေကို သူ့ရဲ့ ပြေးလွှားပုံနဲ့ရှာပေးပြီး အသင်းဖော်တွေ ဖန်တီးပေးရလွယ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူ့ဆီကို ဘောလုံးမရောက်တာက ပြသနာပါ။ အဲရစ်ဆန်နဲ့ ဖာနန်ဒက်စ်၊ ဒါလော့တို့ဆီက ဖြတ်တင်ဘောတွေကို သူ မျှော်နေခဲ့ပေမယ့် သူ့ဆီကို လုံလောက်တဲ့အရေအတွက်မျိုးတော့ရောက်မလာခဲ့ပါဘူး။ ရော်နယ်ဒိုက ပြိုင်ဘက်ခံစစ်မှူးတွေနဲ့ ယှဉ်ပြေးဖို့တော့ အားနည်းနေပြီး ဒါက ရက်ရှ်ဖို့ဒ်နဲ့ ကွာဟချက်ပါ။ရက်ရှ်ဖို့ဒ်က လူငယ်ပီပီ ပြိုင်ဘက်ကွင်းလယ်စည်းကနေ တောက်လျှောက်ပြေးနိုင်တဲ့ ကစားသမားဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ အဲရစ်ဆန်ဆီက Lob ball ၊ Through ball တွေကို ခဏခဏရပါတယ်။ ရော်နယ်ဒိုက အသက်အရွယ်ထောက်လာပြီဖြစ်လို့ အပြိုင်ပြေးဖို့ရာအဆင်မပြေဖြစ်နေပြီး ဧရိယာထဲမှာပဲ သူက ဘောလုံးရဖို့ကို အားကိုးနေရတာပါ။ ဒီလိုကွာဟချက်ကလည်း သူ့ကိုဂိုးရဖို့ အခက်တွေ့စေတယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွင်းဂိုးတဂိုးရပြီးရင်  နောက်ထပ်သွင်းဂိုးတွေ သွင်းနိုင်တဲ့ ရော်နယ်ဒိုအတွက်တော့ညက ဂိုးက အစပြုဖို့ရာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အားရလောက်စရာ ပုံစံမျိုးမရှိသေးပေမယ့် သူ့အတွေ့အကြုံနဲ့ ပါးနပ်မှုတွေကို အသုံးချနိုင်မယ်ဆိုရင် နောက်ထပ်ဂိုးတွေ သူ ရနိုင်ဖို့လည်း ရှိနေတယ်လို့ ယုံကြည်ပါတယ်။ 


bottom of page