top of page
  • Facebook
  • YouTube

Add a Title

ယူနိုက်တတ်တို့ ပြန်လာပီ

၃ ပွဲဆက်တိုက်နိုင်တယ်၊ ၂ပွဲဆက်ဂိုးမပေးခဲ့ရဘူး။ ယူနိုက်တက်ရဲ့နိုင်ပွဲတွေနဲ့ ခံစစ်ပိုင်းက တော်တော်လေးအားရဖို့ကောင်းလာပါပြီ။ ဒုတိယပိုင်းမှာ ကစားအားကျတဲ့ပြသနာ၊ တိုက်စစ်ပိုင်းအားနည်းနေတာကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ သူတို့အတွက် ဒီရာသီက အများကြိးမျှော်လင့်နိုင်စရောတွဖြစ်လာမှာ သေချာပါတယ်။ မက်ဂွိုင်းယားနဲ့ လုခ်ရှောကို ဖယ်ပြီး ခံစစ်တန်းကို ကောင်းကောင်းပြင်ဆင်လိုက်နိုင်တာက အလှည့်အပြောင်းလို့တောင် ပြောလို့ရပါတယ်။ ဗာရန်း+မာတီနက်ဇ်အတွဲ စတင်ချိန်မှာပဲ သူတို့ခံစစ်တန်းကစားပုံက တော်တော်လေးအားရဖို့ကောင်းသွားတာပါ။ တဦးချင်းစီရဲ့ ကစားပုံပါ ပြောင်းလဲသွားပြီး passion ပိုင်းလည်း အားရဖို့ကောင်းသွားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ လီဗာပူးလ်၊ ဆောက်သမ်တန်နဲ့ လက်စတာတို့က ယူနိုက်တက်ကို ဒုက္ခပေးနေကျအသင်းပါ။ အခု အဲဒီ ၃ သင်းကို ဆက်တိုက်အနိုင်ယူခဲ့ပြီး ပေးဂိုး ၁ ဂိုးပဲပေးခဲ့ရတာက တန်ဟက်ဂျ်အတွက်ရော၊ သူတို့အသင်းအတွက်ပါ တော်တော်လေးကျေနပ်စရာပါပဲ။ လေမတိုးတဲ့ခံစစ်ဘာညာဆိုပြီး တင်စားတာမျိုး မဟုတ်ရင်တောင်မှ သူတို့ခံစစ်က ထိုးဖောက်ရခက်သွားတာ  အမှန်ပါပဲ။ ဆန်ချိုကလည်း သွင်းဂိုးနှစ်ဂိုးအထိ ရရှိသွားပြီး ပြီးခဲ့တဲ့တရာသီလုံးက ၃ ဂိုးပဲရခဲ့တဲ့ မှတ်တမ်းထက်တော့ သူ ပိုလုပ်နိုင်တော့မှာပါ။ အန်တိုနီရောက်လာတယ်၊ ရော်နယ်ဒိုဆက်ရှိနေတယ်ဆိုတော့ တန်ဟက်ဂျ်အတွက် တိုက်စစ်ပိုင်းက ပြောင်းလွယ်ပြင်လွယ်လုပ်လို့ရပါပြီ။ ရော်နယ်ဒိုကို အရန်ကစားသမားအဖြစ်နဲ့သာ သူထားထားပေမယ့် အန်တိုနီရှိလာချိန်မှာ ဖြတ်တင်ဘောတွေကို အသုံးချဖို့အတွက် နေရာပေးတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ သူ ဘယ်လိုတွေလုပ်မလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။ ၂ပွဲဆက်တိုက်ရှုံးအပြီးမှာ တန်ဟက်ဂျ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အလုပ်ဖြစ်နေတာကိုတော့ မြင်နေရပါပြီ။ လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့် အာဆင်နယ်နဲ့ပွဲကလည်း သူတို့ခံစစ်ကို မှတ်ကျောက်တင်မယ့်ပွဲလို့ဆိုရပါမယ်။ ဂျီးဆပ်တို့တသိုက်က နေရာစုံကနေ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနေသူတွေဖြစ်ပြီး အသင်းမှာလည်း နေရာစုံကကစားသမားတွေ ဂိုးသွင်းနိုင်လို့ပါ။ ပြီးတော့ ၅ ပွဲဆက်တိုက်နိုင်ထားလို့လည်း စိတ်ဓာတ်ကအမြင့်ဆုံး၊ ယုံကြည်ချက်ကအပြည့်၀ဆုံးဖြစ်နေပါတယ်။ ဗာရန်း+မာတီနက်ဇ်=ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို သူတို့တွေ ချိုးဖျက်နိုင်မလား၊ ဒါမှမဟုတ် ယူနိုက်တက်ကပဲ ဆက်ထိန်းသိမ်းနိုင်မလားဆိုတာ သန်ဘက်ခါဆို တွေ့ရပါတော့မယ်။ 

bottom of page