ဒီနေ့ညနေ ၆ နာရီမှာ ဆောက်သမ်တန်နဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ကို ကစားကြမှာပါ။ ပြီးခဲ့တဲ့ ပွဲစဉ် ၃ မှာ နှစ်သင်းစလုံး ရလဒ်ကောင်းခဲ့ပြီး ဆောက်သမ်တန်ကတော့ အဖွင့်ပွဲရှုံးပြီးနောက် ၂ပွဲဆက်တိုက်အရှုံးမရှိထားဘဲ လိဒ်နဲ့ လက်စတာကို နောက်ကလိုက်ကစားပြီး ၄ မှတ်အထိ ယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်ရခဲ့လို့ ပထမဆုံးနိုင်ပွဲရသွားပြီး စိတ်ဓာတ်ပိုင်းအရ တော်တော်လေးမြင့်မားနေလောက်ပါတယ်။ ဆောက်သမ်တန်အိမ်ကွင်းမှာ နောက်ဆုံးတွေ့ခဲ့တဲ့ ၃ ကြိမ်စလုံး အိမ်ရှင်တို့အနိုင်မရခဲ့ဘဲ ၂ ပွဲသရေကျပြီး ၁ပွဲရှုံးခဲ့ပါတယ်။ အဲဒီသရေနှစ်ပွဲမှာ ၁-၁ ရလဒ်တွေချည်းပဲဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ခြေစွမ်းပိုင်းအရတော့ ဆောက်သမ်တန်က ပိုတည်ငြိမ်နေတယ်လို့တောင်ပြောရမှာဖြစ်ပြီး အရှုံးကနေ အမှတ်ရအောင်ကစားနိုင်နေလို့ သူတို့ရဲ့ စိတ်ဓာတ်မာကျောမှုက တော်တော်လေးအားရဖို့ကောင်းနေပါတယ်။ ယူနိုက်တက်က ဆောက်သမ်တန်ကွင်းမှာ ၃ပွဲဆက်မရှုံးထားဘူးဆိုပေမယ့် ရလဒ်တွေက အားရစရာမကောင်းပါဘူး။ နိုင်ခဲ့တဲ့တပွဲတောင်မှ ၂-၃ နဲ့ ကပ်အနိုင်ရခဲ့ပြီး အသည်းအသန်လိုက်ကစားခဲ့ရတာပါ။ ၂သင်းစလုံး ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက်ဂိုးပေးထားရတာလည်း ထူးခြားပါတယ်။ ပြိးတော့ ဆောက်သမ်တန်ကွင်းဆို အပြန်အလှန်ဂိုးတွေသွင်းနိုင်တာကလည်း သတိထားရမယ့်အချက်ပါ။ စိတ်ဓာတ်ပိုင်းမှာတော့ နှစ်သင်းစလုံးအားကောင်းနေပြီး နိုင်ပွဲထပ်ရဖို့က ယူနိုက်တက်အတွက် အရေးကြီးနေပြီး လီဗာပူးလ်နဲ့ပွဲတုန်းက ပုံစံကို ထိန်းထားနိုင်မယ်ဆိုရင် အဝေးကွင်းမှာ သူတို့ကောင်းကောင်းကစားနိုင်လောက်ပါတယ်။ ဆောက်သမ်တန်က ယူနိုက်တက်ကို အခက်တွေ့အောင် လုပ်နိုင်စွမ်းရှိပြီး ဒီပွဲမှာ အောက်အသင်းဖြစ်နေပေမယ့် ဖွင့်လှစ်ထားတဲ့ကြေးအရ ယူနိုက်တက်နိုင်တာနဲ့ အမြတ်အစွန်းရမယ်ဆိုတာက သံသယဖြစ်စရာတော့ကောင်းနေတာအမှန်ပါပဲ။ ဒါပေမယ့် လီဗာပူးလ်ကို အနိုင်ရပြီး နိုင်ပွဲစရထားတဲ့ ယူနိုက်တက်တို့ ဒီပွဲအတွက် ပိုပြီးတက်ကြွနေမယ်လို့ ယုံပါတယ်။ ပြီးတော့ ကစားသမားအင်အားအရလည်း သူတို့က သာလွန်နေပါတယ်။ မာရှယ်မပါနိုင်ပေမယ့် ရက်ရှ်ဖို့ဒ် ဂိုးပေါက်ပြန်တွေ့ထားလို့ ပြသနာနည်းပါးသွားနိုင်ပြီး ရော်နယ်ဒိုလည်း ရှိနေပါသေးတယ်။ လီဗာပူးလ်နဲ့ပွဲကအတိုင်းသာ သူတို့ကစားနိုင်မယ်ဆိုရင် မနိုင်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် အနိုင်ရတာနဲ့ ပျော်ရမယ့် ယူနိုက်တက်ကိုပဲ ရွေးချယ်ချင်ပါတယ်။ သူတို့တကယ်သာ ဖိအားပေးရင် ဆောက်သမ်တန်တောင့်မခံနိုင်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ယူနိုက်တက်ပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။ ရွေးချယ်မှု - ယူနိုက်တက်ဘော်ဒီ
top of page

Add a Title
Recent Posts
See Allစပါးနဲ့ပွဲမပြီးခင်မှာ ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဒီပုံစံကို ရာသီကြိုခြေစမ်းပွဲတုန်းကလည်း သူ လုပ်ဖူးပါတယ်။ အခုတခေါက်ပါ ထပ်လုပ်တယ်ဆိုတာကတော့ တော်တော်လေးလွန်သွ
bottom of page