ဂျူဗီနဲ့လမ်းခွဲခဲ့တဲ့ ဒီဘာလာကို ရိုးမားဆီလာမလားလို့ မော်ရင်ဟိုက ဖုန်းဆက်ပြီး စည်းရုံးခဲ့ပါတယ်။ ဒီဘာလာကလည်း ရောမကို အရောက်လာခဲ့ပါတယ်။ အခုတော့ မော်ရင်ဟိုနဲ့ သူက တော်တော်လေးကို ခင်မင်ရင်းနှီးနေပြီး သူတို့ကြားမှာ ဆရာတပည့်ဆိုတာထက် အဖေနဲ့သား၊ ဦးလေးနဲ့တူပုံစံမျိုးဖြစ်နေပုံပါပဲ။ စီးရီးအေ ၄ ပွဲစလုံးကို ဒီဘာလာ ဝင်ကစားခွင့်ရထားပြီး ညက မွန်ဇာနဲ့ပွဲမှာ ရိုးမားအတွက် ပထမဆုံးစီးရီးအေဂိုးတွေရယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ၆၅ မိနစ်မှာ မော်ရင်ဟိုက သူ့တပည့်ကို အနားပေးဖို့ ဆုံးဖြတ်လိုက်ပြီး လူစားလဲလိုက်တယ်။ လူစားလဲချိန်မှာ ဆရာတပည့်နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်စကားပြောနေပြီး ဒီဘာလာက မော်ရင်ဟိုရဲ့ လက်ကို နမ်းရှုံ့သွားခဲ့တာပါ။ အခု
မှ သူတို့က လက်တွဲရတာဖြစ်ပေမယ့် တော်တော်လေးကို ခင်မင်ရင်းနှီးနေပုံပါပဲ။ ဆရာတပည့်နှစ်ယောက်ကိုကြည့်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ မော်ရင်ဟိုအတွက်ဆိုရင် အသက်ပါပေးမယ်ဆိုတဲ့ နောက်ဆုံးပေါ်ကစားသမားက ဒီဘာလာဖြစ်လာမယ်နဲ့တူတယ်။ မော်ရင်ဟိုကလည်း သူ့လက်ကိုနမ်းသွားတဲ့ ဒီဘာလာရဲ့လုပ်ရပ်ကို တော်တော်လေးကျေနပ်ခဲ့ပုံပါပဲ။ ပြုံးပြုံးကြီးကျန်နေရစ်ခဲ့ပြီး သူတို့ကြားက ခင်မင်မှုအတိုင်းအတာကို ဖော်ပြခဲ့သလိုပါပဲ။ အသင်းလေ့ကျင့်ရေးကွင်းမှာဆိုလည်း သူတို့နှစ်ယောက်ကို အမြဲတမ်းလိုလို ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့နေခဲ့ရတာပါ။ မော်ရင်ဟိုက သူ အားကိုးတဲ့ကစားသမားဆိုရင် အဲဒီလိုအနေအထားမျိုးနဲ့ ပေါင်းသင်းဆက်ဆံပြီး သူ့အတွက် အစွမ်းကုန်ပေးဆပ်အောင် လုပ်ပြတတ်တဲ့ နည်းပြပါ။ ရိုးမားမှာဆို အေဘရာဟမ်၊ အဖီနာဂျန်တို့က မော်ရင်ဟိုအတွက်ဆို သေဆိုသေ၊ ရှင်ဆိုရှင်ပါပဲ။ အခုတော့ ဒီဘာလာပါ ထပ်တိုးလာပြီပေါ့လေ။