top of page
  • Facebook
  • YouTube

Add a Title

​မော်ရင်ဟိုက​တော့ ​မော်ရင်ဟိုပီသပါတယ်

အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ပွဲမှာ မော်ရင်ဟိုတယောက် အနီကတ်ပြခံခဲ့ရပါတယ်။ သူ့အသင်းကစားသမား ဇာနီအိုလို ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့လို့ ကွင်းထဲထိဝင်ပြီး စောဒကတက်ခဲ့ရာမှာ ရန်မူချင်တဲ့ပုံစံဖြစ်ခဲ့လို့ အနီထိခဲ့တာပါ။

မော်ရင်ဟိုက ဒိုင်ဆုံးဖြတ်ချက်ကို တော်တော်လေးဒေါသူပုန်ထခဲ့ပြီး သေချာပေါက်ပင်နယ်တီရသင့်ပေမယ့် မရခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ ပွဲအပြီးမှာ သူ ပြောခဲ့တဲ့ စကားတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းသလို မော်ရင်ဟို ပီသလွန်းခဲ့တယ်လို့လည်း ဆိုရပါ

လိမ့်မယ်။


သူက ဒီလိုပြောခဲ့ပါတယ်။ "အဲဒါက သေချာပေါက်ကို ပင်နယ်တီပါ၊ ဒါပေမယ့် ကွင်းလယ်ဒိုင်က မပေးခဲ့လို့ ကျနော်က ဘာလို့မပေးတာလဲလို့ မေးခဲ့ချိန်မှာ ဇာနီအိုလိုက မလဲကျခဲ့လို့ဆိုပြီး သူ ပြန်ပြောတယ်၊ အဲဒီလိုဆိုရင် ကျနော့်ကစားသမားတွေကို ပေးနေတဲ့

အကြံဉာဏ်တွေကို ကျနော် ပြောင်းလဲဖို့ လုပ်ရပါတော့မယ်၊ မင်းတို့တွေ မတ်တပ်ရပ်ပြီးတော့ပဲ မနေနဲ့တော့၊ ရေကူးကန်ရှေ့ရောက်နေတယ်သဘောထားပြီး ဒိုင်ဗင်ထိုးကြတော့လို့ ကျနော်ပြောရတော့မှာပဲ" လို့ မော်ရင်ဟိုက ပြောခဲ့တာပါ။ သူ့ စကားလုံးတွေက

အီတလီမီဒီယာတွေ အကြိုက်တွေ့ခဲ့ပြီး ထုံးစံအတိုင်း ပျံ့နှံ့သွားပါတော့တယ်။


မော်ရင်ဟိုဆိုတဲ့လူက ဘယ်နေရာကိုရောက်ရောက် ဒီအတိုင်းပါပဲ။ သူ ခံရတာပဲဖြစ်ဖြစ်၊ သူက အသာစီးရလိုက်တာပဲဖြစ်စြဖ် ပြောင်မြောက်တဲ့စကားလုံးတွေသုံးပြီး မီဒီယာတွေဆီက Attention ရအောင် ယူတတ်သူပါ။ သူ နစ်နာချိန်တွေဆိုရင် ပိုပြီးတော့

စကားပြောတာ ကောင်းလာပြီး အားလုံးကို စိတ်ဝင်တစားဖြစ်စေခဲ့ပါတယ်။ ဒါက မော်ရင်ဟိုရဲ့ ထုံးစံ၊ မော်ရင်ဟိုရဲ့ ၀သီ၊ မော်ရင်ဟိုရဲ့ အကျင့်စရိုက်ပါပဲ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် မော်ရင်ဟိုကို ဒီလိုပုံစံနဲ့မြင်ရမှာဖြစ်ပြီး သူ့ကို သဘောကျကြတာ ဒါတွေကြောင့်

လည်းပါပါတယ်။


ပိဿလေးနဲ့ဘေးပစ်သလိုမျိုး ပြောတတ်သလို စကားအကျအနကိုကောက်ပြီးတော့လည်း ပြောတဲ့နေရာမှာ ဆရာတဆူပါ။ ပေါ်တူဂီမောင်ကျဘမ်းလို့တောင် နာမည်ပေးထားသင့်ပါတယ်။ တချို့ကတော့ ကတ်သီးကတ်ဖဲ့ပြောတတ်သူ၊ လူ့ဂွစာရယ်လို့ သတ်မှတ်ချင်

သတ်မှတ်ကြပါလိမ့်မယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ သူ့ အကျင့်စရိုက်ကို ဘာအကြောင်းနဲ့မှ မပြောင်းလဲပါဘူး။ အခွင့်ကြုံတိုင်း ပြောမြဲပြောနေဆဲပါပဲ။


bottom of page