top of page
  • Facebook
  • YouTube

Add a Title

မန်စီးတီးနဲ့မ​တွေ့ခင် Goals အဝသွင်းခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်ကတော့ ရိန်းဂျားစ်ကို ၇ ဂိုးအထိ သွင်းပြီး ပေါက်ကွဲပြလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ အခြေအနေမဟန်သမျှအတွက် စကော့တလန်ကလပ်ပေါ်ကို ပုံချခဲ့သလားတောင်ထင်ရပါတယ်။ ရာသီအစတုန်းကလည်း သူတို့အခြေအနေမကောင်းချိန်မှာဘုန်းမောက်နဲ့တွေ့တော့ ၉ ဂိုးအထိသွင်းပြီး ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီနောက်မှာလည်း ဒုံရင်းကဒုံရင်းပြန်ဆိုက်ခဲ့ပြီး အခုလည်း နောက်တခါ ဂိုးပြတ်နိုင်ပွဲယူခဲ့ပြန်ပါပြီ။ ဖြစ်ချင်တော့ သူတို့လာမယ့်ပွဲက မန်စီးတီးနဲ့ပါ။ ဒီရာသီရှုံးပွဲမရှိသေးတဲ့အသင်းကိုရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအနေအထားအရတော့ သူတို့က အောက်အသင်းဖြစ်နေတာပါ။ဒိတော့ မန်စီးတီးနဲ့ပွဲမှာ သူတို့အနိုင်ရဖို့ဆိုတာက မသေချာပါဘူး။ ဒါကြောင့် အနိုင်သေချာတဲ့ပွဲမှာ ဂိုးတွေရသလောက်သွင်းပြီးတေ့ာ စိတ်ပိုင်းဆိုင်ရာအရ အင်အားဖြည့်လိုက်ပုံရပါတယ်။ ဆာလာက လူစားဝင်လာပြီးတော့ ၆ မိနစ်နဲ့ ၁၂ စက္ကန့်အတွင်းမှာပဲဟက်ထရစ်ရယူခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အမြန်ဆုံးဟက်ထရစ်သွင်းဂိုးရှင်ဖြစ်လာပါတယ်။ ဖာမီနိုကလည်း ပုံမှန်ခြေစွမ်းပြပြီး ၂ဂိုးသွင်းခဲ့ကာ ဒါဝင်နူနက်ဇ်နဲ့ အီလီယော့တို့က တဂိုးစီသွင်းခဲ့ကြပါတယ်။ သူ့အသင်းတိုက်စစ်ပိုင်းက ကစားသမားတွေ အားလုံးနီးပါးဂိုးတွေရခဲ့တာက ကလော့ပ်အတွက်တော့ အားတက်စရာပါပဲ။မန်စီးတီးက ပြိုင်ပွဲစုံရှုံးပွဲမရှိသေးတဲ့အသင်းပါ။ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဂိုးမရှိသရေကျခဲ့တာလွဲရင် ကျန်ပွဲတွေမှာ အနည်းဆုံးတပွဲကို ၂ ဂိုးနှုန်းသွင်းယူနေပြီး ခြေစွမ်းပြနေတာပါ။ ပြီးတော့ ဟာလန်းကိုလည်း အနားပေးထားပြီး လီဗာပူးလ်နဲ့ပွဲအတွက် ချန်ထားတာပါ။ဒီတော့ မန်စီးတီးက လီဗာပူးလ်နဲ့ပွဲကို ပိုအာရုံစိုက်ထားတာ သေချာပါတယ်။ ကလော့ပ်အတွက်လည်း အခက်ခဲဆုံးပွဲတပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အရေးမလှရင်တော့ သူတို့ရဲ့ ဒီရာသီ အမှတ်ပေးပြိုင်ပွဲအတွက်က ပိုပြီးခက်ခဲသထက် ခက်ခဲလာမှာလည်း သေချာပါတယ်။လောလောဆယ်တော့ သူတို့ရဲ့ ဂိုးတွေရသလောက်သွင်းပြီး မန်စီးတီးကို သတိပေးလိုက်ပါတယ်။ ပွဲနေ့ကျရင် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ 


bottom of page