ရွေးချယ်မှုတွေ ဆက်တိုက်မှန်ကန်နေတဲ့ TBOB ရဲ့ ဒီနေ့အတွက် နောက်ထပ်ရွေးချယ်မှုတွေ ရောက်လာပြန်ပါပြီ။ တကွက်ကောင်းရွေးချယ်ပေးနေတာဖြစ်ပြီး နောက်ဆုံးရွေးချယ်ပေးခဲ့တဲ့ ၅ ပွဲစလုံး အောင်မြင်ထားပါတယ်။ ဒီနေ့အတွက်လည်း ပရီးမီးယားလိဂ်က
မန်စီးတီး-ဆောက်သမ်တန်ပွဲကို စောင့်ကြည့်ရွေးချယ်ထားပါတယ်။
မန်စီးတီးက နောက်ဆုံး ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိထားဘဲ ၂ပွဲသရေကျပြီး ၈ ပွဲအထိ အနိုင်ရထားပါတယ်။ အဲဒီ ၁၀ ပွဲမှာ ဂိုးပေါင်းအပေါ်ကစားခဲ့တာ ၈ ပွဲအထိရှိခဲ့ပြီး တပွဲကို ပျမ်းမျှ ၄ ဂိုးနှုန်းအထိ သူတို့သွင်းယူထားခဲ့တာပါ။ ဂိုးပြန်ပေးရတဲ့ပွဲက ၅ ပွဲအထိ
ရှိခဲ့လို့ တိုက်စစ်ကောင်းတဲ့အသင်းတွေနဲ့ဆိုရင် သူတို့ခံစစ်က ပေးဂိုးတွေ အလွယ်တကူပဲ ပေးရတယ်ဆိုတာကိုတော့ သတိထားရမှာပါ။
ဆောက်သမ်တန်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အရေးနီမ့်ထားခဲ့ပြီး အိမ်ကွင်း/အဝေးကွင်းမရွေး ရှုံးနိမ့်နေတာပါ။ ကြားထဲမှာ ချယ်လ်ဆီးကို သူတို့အိမ်ကွင်းမှာ အနိုင်ရခဲ့တာကလွဲရင် ကျန်ပွဲတွေကတော့ စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့်
သူတို့က ပြိုင်ဘက်ကို ၁ ဂိုးအသာနဲ့ပဲ အရှုံးပေးနေရတာဖြစ်ပြီး ဒီရာသီမှာ စပါးတသင်းတည်းကိုပဲ ၂ဂိုးပြတ်နဲ့အထက် အရေးနိမ့်ထားတာက ထူးခြားပါတယ်။
သူတို့နှစ်သင်းနောက်ဆုံးတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ မန်စီးတီးရှုံးပွဲမရှိခဲ့ပေမယ့် သရေ ၂ ပွဲပါခဲ့ပါတယ်။ ဂိုးပြတ်နိုင်ပွဲကတော့ ၂ ပွဲသာရှိခဲ့ပြီး အချက်အလက်တွေအရ မန်စီးတီးအတွက် ဆောက်သမ်တန်က ဂိုးပြတ်အနိုင်ရဖို့ နည်းနည်းခက်တဲ့အသင်းလို့ ကောက်ချက်ချလို့ရပါတယ်။
ဒီပွဲမှာ မန်စီးတီးကြေးက ထုံးစံအတိုင်းပြင်းရှနေပြီး ၂ဂိုးသွင်းရင်တောင်မှ ၅၀ ရှုံးပါဦးမယ်။ ဒါက အပျော့ဆုံးစျေးပါ။ ၂ လုံးအရှုံးအထိ Handicap မှာ ဖွင့်လှစ်နေပြီး ဂိုးပေါင်းစျေးကတော့ ၃လုံး ၅၀နိုင်က အပျော့ဆုံးပါပဲ။ ၃ လုံးအရှုံး၊ ၄ လုံးသွင်း ၅၀ နိုင်ဆိုတဲ့
အနေအထားမှာလည်း ရှိနေပြီး ဘော်ဒီရော၊ ဂိုးပေါင်းစျေးပါ မြင့်ပါတယ်။
မန်စီးတီးက ထိုးသားတွေကို ဆက်တိုက်အကျိုးပြုနေပြီး အပေါ်သမားတွေအကြိုက်အသင်းဖြစ်နေပါတယ်။ ဟာလန်းရဲ့ ဂိုးသွင်းပက်စက်နေမှုက ထိုးသားတွေအကြိုက်ဖြစ်နေပြီး ဒီပွဲမှာလည်း သူ ဂိုးတွေသွင်းမယ်ဆိုရင် မန်စီးတီးက ပြီးခဲ့တဲ့ပွဲတွေကအတိုင်း
ဖြစ်နေဦးမှာပါပဲ။ မန်စီးတီးကို တခြမ်းစောင်းနေမယ့်ပွဲမျိုးဖြစ်ပြီး ၂လုံးအရှုံးဆိုရင်တောင်မှ သူ့ဘက်ကပဲ နေကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းမှန်လမ်းမှန်ကတော့ မန်စီးတီးကိုပဲရွေးရမှာပါပဲ။ ဟာလန်း ၂ ဂိုးလောက်ရရင် ဂိုးပြတ်မယ့်ပွဲဖြစ်ပြီး အာဆင်နယ်ကို

အမီလိုက်ထားဖို့အတွက် ဂွာဒီယိုလာ လျှော့ကစားမှာမဟုတ်ပါဘူး။ မန်စီးတီးကိုပဲ ရွေးရမှာပါ။